ဗြိတိန်ဝန်ကြီးချုပ် ဘိုဂျို နောက်တစ်ကြိမ် self-isolation ဝင်ရဖွယ်ရှိ။ ဝန်ကြီးချုပ်နှင့် ကြာမြင့်စွာတွေ့ဆုံခဲ့သော ဝန်ကြီးမှာ ဖျားနာလာပြီး Covid-19 ရောဂါပိုးရှိ-မရှိ ဆေးစစ်အဖြေ စောင့်ဆိုင်းနေ

ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်နှင့် ကြာမြင့်စွာတွေ့ဆုံခဲ့သော စီးပွားရေးဆိုင်ရာဝန်ကြီးမှာ ဖျားနာလာပြီး Covid-19 ရောဂါပိုးရှိ-မရှိ ဆေးစစ်အဖြေ စောင့်ဆိုင်းနေရသည်ဖြစ်ရာ ဗြိတိန်ဝန်ကြီးချုပ်မှာလည်း ရောဂါကူးစက်မှု တားဆီးကာကွယ်ရေး တစ်ဦးတည်း သီးခြားနေထိုင်ခြင်း Self-Isolation နောက်တစ်ကြိမ် ပြန်ဝင်ရဖွယ်ရှိသည်ဟု Russia Today က ယနေ့ရေးသားသည်။

 ကြာသပတေးနေ့ လန်ဒန် ဒေါင်းနင်းလမ်းရှိ ဗြိတိန်ဝန်ကြီးချုပ်ရုံး၌ ဝန်ကြီးချုပ်၏ ပြောရေးဆိုခွင့်ရှိသူက ရှင်းလင်း ပြောဆိုရာတွင် အင်္ဂါနေ့ စီးပွားရေဆိုင်ရာဝန်ကြီး အေလွတ်ခ်ရှားမားသည် ဝန်ကြီးချုပ်ဘောရစ် ဂျွန်ဆင်နှင့် ၄၅ မိနစ်မျှကြာအောင် တွေ့ဆုံခဲ့ကြောင်း၊ ထိုမှ နာရီအတော်ကြာပြီးနောက် ပါလီမန်ခန်းမအစည်း အဝေး၌ အစီရင်ခံ ဆွေးနွေးစဉ် ဝန်ကြီး ရှားမားသည် နှာခေါင်းတစ်ဝှိုက် မနားတမ်း ချွေးသုတ်ကာ မအီမသာ ဖြစ်လာပုံရသောကြောင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါသံသယဖြင့် ပါလီမန်က ထွက်ခွာသွားရန် ခွင့်ပြုခဲ့ရသည်ဆို၏။

ကိုရိုနာဗိုင်းရပ်စ်ရောဂါကပ်ကျရောက်လျှက်ရှိစဉ် ဗြိတိန်အစိုးရအဖွဲ့အတွင်း၌ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်သည် Social Distancing လူချင်းနီးကပ်မှု ဝေးကွာစေခြင်းစည်းကမ်းများကို လိုက်နာပုံမရဟု သိရှိရသည်။

အကယ်၍ ဝန်ကြီးရှားမား၏ ဆေးစစ်ရလာဒ်အဖြေမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးစွဲကပ်ကြောင်း အတည်ပြုခြင်း ခံရပါက ပါလီမန်အမတ်များအားလုံး တစ်ဦးတည်း အသီးသီး သီးခြားခွဲနေထိုင်စေလျှက် ဆေးစစ်စမ်းသပ်မှုပြုလုပ် ရမည်ဖြစ်ကြောင်း၊ ဝန်ကြီးချုပ်ဘိုဂျိုကိုယ်တိုင် Self-Isolation နောက်တစ်ကြိမ် ပြန်ဝင်ရန် လို-မလိုကို ဆေးဘက်ဆိုင်ရာ အကြံပြုချက် တောင်းခံထားကြောင်း သတင်း၌ ဆက်လက်ဖော်ပြသည်။

(( ဘိုဂျိုဆီက ကလုန်နာ ကူးခြင်းဖြစ်ပုံရသည်။ ဘိုဂျိုတွင် ရောဂါစွဲလျှင် ဗိုင်းရပ်စ်ပိုးတစ်ကောင် အုန်းသီး လောက်ရှိနိုင်သည်။ ဖျင်ဂေါင်း ကျယ်လွန်း၍ ဖြစ်သည်။ ။ သတင်းဘာသာပြန်သူ ))

((( Russia Toady., June 4, 2020,” BoJo to self-isolate again? UK business minister awaiting Covid-19 test results held meeting with PM HOURS before feeling unwell ” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ် ဘာသာပြန်ဆိုသည်။ )))

#ဗြိတိန်ဝန်ကြီးချုပ်နှင့်ကြာမြင့်စွာတွေ့ဆုံခဲ့သောဝန်ကြီးမှာဖျားနာလာပြီးCovid-19ရောဂါပိုးရှိ-မရှိဆေးစစ်အဖြေစောင့်ဆိုင်းနေ

https://www.rt.com/uk/490773-johnson-self-isolate-coronavirus/

0

Leave a Reply

Your email address will not be published.