ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး အကြီးအကဲသစ်နှင့်ပတ်သက်၍ အကြောင်းကြားစာ ဗြိတိသျှနိုင်ငံခြားရေးရုံး ရရှိ။ သံတမန်ဆက်ဆံရေးဆိုင်ရာ ဂျီနီဗာကွန်ဗင်းရှင်းနှင့်အညီဟု ယခင်မြန်မာသံအမတ်ကို ဖယ်ရှား၍ သံအမတ်အသစ် နစက ခန့်အပ်သည်ကို ဗြိတိန်လက်ခံ


ဖေဖော်ဝါရီ ၁-ရက် အာဏာသိမ်းပြီးနောက် ဗြိတိန်နိုင်ငံရှိ မြန်မာသံရုံးကို ဦးဆောင်ရန် (ယခင်) သံအမတ်ကြီးအား ဖယ်ရှား၍ ကြားကာလ တာဝန်ခံအဖြစ် (သံအမတ်ကြီးအသစ်) ခန့်အပ်လိုက်သည့် အကြောင်းကြားလွှာကို သောကြာနေ့တွင် လက်ခံရရှိကြောင်း ဗြိတိသျှနိုင်ငံခြားရေးရုံးက ပြောဆိုသည်ဟု Reuters က ယနေ့ ရေးသားသည်။

…  
သံတမန်ဆက်ဆံရေးဆိုင်ရာ ဂျီနီဗာကွန်ဗင်းရှင်းနှင့်အညီ ဗြိတိန်နိုင်ငံရှိ မြန်မာသံရုံးအား ကြားကာလတွင် ယာယီ ဦးဆောင်သူအဖြစ် (ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာနိုင်ငံတော်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကောင်စီအစိုးရက) ခန့်အပ်လိုက်ကြောင်း အကြောင်းကြားလွှာကို #ဗြိတိသျှနိုင်ငံရပ်ခြား_ဓနသဟာယနှင့်_ဖွံ့ဖြိုးမှု ရုံး (FCDO) က လက်ခံရရှိကြောင်း FCDO ပြောရေးဆိုခါင့် ရှိသူက အတည်ပြုသည်။

(( #မြန်မာနိုင်ငံအစိုးရက သံအမတ်အသစ် ခန့်အပ်သည်ကို ဗြိတိန်က လက်ခံကြောင်း မူရင်းသတင်းတွင် မြန်မာအစိုးရအဖြစ် #နစက ဟု တစ်လုံးမှ မပါအောင် အတော်လေး ပင်ပန်းကြီးစွာ ကြိုးစားရေးသားထား ပုံရပါသည်။

…  
သို့သော်လည်း ဘာသာပြန်ရာ၌ ထိုသို့ ထည့်သွင်းခြင်း မရှိလျှင် အဓိပ္ပါယ် မပေါ်လွင်ပါသဖြင့် ဖြည့်စွက်ရန် တာဝန်ရှိသည့်အတိုင်း ထည့်သွင်းဖော်ပြလိုက်ပါသည် ။သတင်း ဘာသာပြန်သူ ))

#ဗြိတိန်နိုင်ငံဆိုင်ရာမြန်မာသံအမတ်သစ်_နစကခန့်အပ်သည်ကို_ဗြိတိန်လက်ခံ

(((Reuters., July 24, 2021,” British Foreign Office notified of new head to Myanmar’s mission in UK” ကို #HtayOung, OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုပါသည်။)))

https://www.reuters.com/world/british-foreign-office-notified-new-head-myanmars-mission-uk-2021-07-23/
https://uk.investing.com/news/stock-market-news/british-foreign-office-notified-of-new-head-to-myanmars-mission-in-uk-2424307 

Leave a Reply

Your email address will not be published.