ဗြိတိသျှ ဧကရီဘုရင်မကြီး အဲလစ်ဇဘက်၏ ကြင်ယာတော် မင်းသားဖိလစ် သက်တော် ၉၉-နှစ်၌ ကံတော်ကုန်၊ ဒုတိယကမ္ဘာစစ်ပြီးဆုံးသည်အထိ ဗြိတိန်တော်ဝင်ရေတပ်မတော်၌ တာဝန်ထမ်းဆောင်ခဲ့သူ အီဒင်ဘာ့ဂ်မြို့စားကြီး ကွယ်လွန်


ဗြိတိန်နိုင်ငံတွင် လက်ရှိစိုးစံလျှက်ရှိသော ဒုတိယမြောက် အဲလစ်ဇဘက် ဘုရင်မကြီး၏ ကြင်ယာတော် #အီဒင်ဘာ့ဂ်မြို့စားကြီး_မင်းသားဖိလစ်သည် သက်တော် ၉၉-နှစ်အရွယ် ဧပြီလ ၉-ရက်နေ့တွင် ကံတော်ကုန်ကြောင်း #ဘတ်ကင်ဟမ်နန်းတော်က အတည်ပြုသည်ဟု Russia Today က ယနေ့ ရေးသားသည်။

…   
မင်းသား #အင်ဒရူး-အော့ဖ်ဂရိ_အင်_ဒိန်းမတ်နှင့် #မင်းသမီး_အဲလစ်တို့၏ သားဖြစ်သူ ဖိလစ်သည် ၁၉၂၁-ခုနှစ်နှစ်တွင် ဂရိနိုင်ငံကော်ဖူးကျွန်းတွင် ဖွားမြင်သူဖြစ်သော်လည်း နို့စို့အရွယ်မှစတင်ကာ ဗြိတိန်နိုင်ငံ၌သာ ကြီးပြင်းခဲ့သည်။

…      
၁၉၄၇-ခုနှစ်တွင် ဂရိနှင့်ဒိန်းမတ်နိုင်ငံတို့၏ ထီးနန်းမွေတို့ကို စွန့်လွှတ်၍ မိခင်ဖြစ်သူဘက်မှ #မောင့်ဘက်တန်မျိုးရိုးအမည် ကို ဆက်ခံခဲ့သည်။ ၁၉၅၂-ခုနှစ်တွင် အမျိုးစပ်လျှင် နှမဝမ်းကွဲတော်စပ်သည့် #မင်းသမီးအဲလစ်ဇဘက်ဝင်ဆာနှင့် ထိန်းမြားခဲ့ပြီး အဲလစ်ဇဘက်မှာ နောင် ၅-နှစ်အကြာတွင် ဗြိတိသျှထီးနန်းကို ဆက်ခံသူ ဖြစ်လာသည်။

…  
မင်းသားဖိလစ်သည် #ဝေလမင်းသား_ချားလ်၊ #အီဒင်ဘာ့ဂ်မြို့စား_မင်းသမီး_အန်နီ၊ #ယော့ခ်မြို့စား_မင်းသား_အင်ဒရူး နှင့် #အီဒင်ဘာ့ဂ်မြို့စား_မင်းသား_အက်ဒွပ်တို့၏ ဖခင်၊ #မင်းသားဟယ်ရီ နှင့် #မင်းသားဝီလျှံတို့၏ အဘိုးဖြစ်ဖြစ်လာသည်။

…    
ဖိလစ်၏ ငယ်ဘဝသည် ခက်ထန်ကြမ်းတမ်းမှုအပြည့်ဖြစ်ခဲ့ပြီး ကလေးအရွယ်တွင် မိဘနှစ်ပါးတို့မှာ သီးခြားစီနေထိုင်ကြသည်။ မိခင်ဖြစ်သူ မင်းသမီးအဲလစ်သည် စကီဇိုဖရီးနီးယားစိတ်ဝေးနာကို ခံစားခဲ့ရပြီး ၁၉၂၀ ပြည့်နှစ် နှောင်းပိုင်း၌ နိုင်ငံရေးခိုလှုံခွင့် ခံယူခဲ့သည်။ ဖိလစ်ငယ်စဉ် ဂရိမှ ပြင်သစ် ထိုမှ ဗြိတိန်နိုင်ငံသို့ ရောက်ရှိလာပြီး ဂျာမနီ၌ ပညာသင်ယူသည်။ ဂျာမနီတွင် နာဇီဝါဒကြီးထွားလာသည့် ၁၉၃၀- နှစ်လယ်ပိုင်း၌ ဗြိတိန်သို့ ပြန်လာခဲ့ သည်။

…   
ဗြိတိန်ရောက် ဖိလစ်၏ အတ္ထုပ္ပတ္တိများတွင် အေးဆေးတည်ငြိမ်သူအဖြစ် ဖော်ပြကြသော်လည်း ၁၉၃၇-ခုနှစ်တွင် အစ်မတော် #မင်းသမီး_စီစေးလ်နှင့် ၎င်း၏ ခင်ပွန်း ဂျာမန်လူမျိုးဖြစ်သူ #မင်းသား_အော့စတင်း တို့မိသားစု လေယာဉ်ပျက်ကျ သေဆုံးခြင်းကြောင့် များစွာ စိတ်ထိခိုက်ခဲ့ရသည် ။

…   
မင်းသားဖိလစ်သည် ဘွင်းဘွင်းရှင်းရှင်းနှင့် အရောင်အသွေးစုံလင်သည့် စရိုက်ရှိသူအဖြစ် လူသိများပြီး နိုင်ငံရေးအမှားအယွင်းများနှင့် ရှေးရိုးစွဲနိုင်ငံရေးအမြင်များကြောင့် ဗြိတိသျှနန်းတော်နှင့် ပြည်သူလူထုအကြား စိတ်ရှုပ်ထွေးစရာ မကြာခဏဖြစ်ခဲ့ရသည်။

…  
၁၉၃၉-ခုနှစ်တွင် ဗြိတိသျှတော်ဝင်ရေတပ်မတော်၌ အလုပ်သင်ဗိုလ်အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ဆယ်စုနှစ် ၇-စုအကြာ ၂၀၁၇-ခုနှစ်တွင် အများလူထုနှင့် ဆက်သွယ်မှုမှ အနားယူခဲ့သည်။ အဲလစ်ဇဘက် သရဖူမဆောင်းမီ ၁၉၄၀-ခုနှစ် ဇန်နဝါရီလမှ စတင်ကာ ဒုတိယကမ္ဘာစစ်ပြီးဆုံးသည်အထိ တော်ဝင် ရေတပ်မတော်၌ အမှုထမ်းခဲ့သူဖြစ်သည်။

…  
အသက်ကြီးလာသည်နှင့်အမျှ မင်းသားဖိလစ်၏ ကျန်းမာရေးဆိုးရွားလာနေကြောင်း လူပြိန်းကြိုက် ဗြိတိန်သတင်းစာများ၏ လိုရာဆွဲရေးသားခြင်းခံရသည်။ ၂၀၁၁-ခုနှစ် နှလုံးအတွင်း ပိုက်ငယ်ထည့်သွင်းကုသမှုခံယူရပြီးနောက် သေနတ်ပစ်ဝါသနာကို စွန့်လွှတ်ခဲ့ရကြောင်း သတင်းစာများက ဖော်ပြသည်။

…  
၂၀၂၀-ခုနှစ် ဗြိတိန်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါကပ်ကျရောက်စဉ် မင်းသားကြီး၏ ကျန်းမာရေးကို အချိန်ပြည့် စောင့်ကြည့်ကြခြင်းကြောင့် ဝင်ဆာနန်းတော်တွင် အထီးကျန်ဖြစ်လျှက်ရှိကြောင်း သတင်းရေးသားကြသည်ကို တွေ့ရှိရသည်။

…   
သို့သော်လည်း အဲလစ်ဇဘက်ဘုရင်မကြီးနှင့် ကြင်ယာတော်မင်းသားကြီးတို့မှာ လွန်ခဲ့သည့် ဇန်နဝါရီလတွင် Covid-19 ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးခဲ့ကြကြောင်း သိရှိရသည်။

(((Russia Today., 9 Apr, 2021,” Duke of Edinburgh, husband of Queen Elizabeth, dies at 99” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#အဲလစ်ဇဘက်ဘုရင်မကြီး၏_ကြင်ယာတော်_အီဒင်ဘာ့ဂ်မြို့စား_မင်းသားကြီးဖိလစ်ကွယ်လွန်

https://www.rt.com/uk/515844-prince-philip-duke-edinburgh-dead/ 

0

Leave a Reply

Your email address will not be published.