) မြင်းစီးလျှက် အထီးမှန်း- အမမှန်း မသိသူများ

ယနေ့နံနက်စောစော အွန်လိုင်းပေါ်ရောက်လျှင်ရောက်ခြင်း မိတ်ဆွေများ ပေးပို့ထားသည့် သတင်းများ၊ Links များ၊ ဗွီဒီယိုများက ကျွန်တော့်အား တန်းစီစောင့်မျှော်သလိုရှိသည်။ ၎င်းတို့အနက် ထူးခြားမည်ထင်သည့် Post တစ်ခုအကြောင်းနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ပြောဆိုရန် ဖြစ်လာပါသည်။

မပြောမဖြစ် ပြောရသည်မှာ ကျွန်တော်တို့နိုင်ငံတော်အကြီးအကဲများအား အမည်နာမတပ်လျှက် စော်ကားရေးသားထားသည့်အပြင်၊ ကျွန်တော်တို့နိုင်ငံသားများအားလုံးကိုလည်း အသိဉာဏ်ကင်းမဲ့သူများအဖြစ် နှိမ်ချ ပုတ်ခတ်ထား၍ဖြစ်သည်။ အမှန်စင်စစ် ထိုစာမျိုးရေးသားသူသည် ကိုယ်တိုင်လော်ဘီတစ်ဦးဖြစ်ပါလျှက် မြင်းစီးပြီး အထီးမှန်း အမမှန်း မသိကြောင်း သေချာနေ၍ ချေပရခြင်းဖြစ်သည်။

လာမည့် ဒီဇင်ဘာ ၁၀-ရက်နေ့တွင် ဂမ်ဘီယာနိုင်ငံ၏ လျှောက်ထားမှု့ကို ရင်ဆိုင်ဖြေရှင်းရန်အတွက် နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ ICJ နိုင်ငံတကာ တရားခုံရုံးသို့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ကာ သွားရောက်မည်ဖြစ်သည်။ ICJ သို့ မြန်မာနိုင်ငံသွားရောက်ခြင်းသည် Genocide မှု့အတွက် ပြစ်ဒါဏ်စီရင်ခြင်းကို ကျခံရန်သွားရောက်ခြင်း လုံးဝမဟုတ်ပါ။ ယနေ့ထိ ကုလသမဂ္ဂ FFM အပါအဝင်၊ နိုင်ငံတစ်နိုင်ငံ- အဖွဲ့အစည်းတစ်ခုခုစသည်တို့က ရခိုင် မြောက်ဖျားအရေးနှင့် ပတ်သက်၍ ပြောဆိုနေသမျှအားလုံးမှာ “ စွပ်စွဲချက်များ “ သာလျှင်ဖြစ်ပါသည်။ စီရင်ပိုင်ခွင့်ရှိသော တရားရုံးတစ်ခုခုက “ စွပ်စွဲချက် မှန်ကန်သည် “ ဟု ဆုံးဖြတ်ခြင်းမျိုး ယနေ့တိုင် လုံးဝမရှိသေးပါ။

ယနေ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အပါအဝင် ယခင်အမေရိကန်သမ္မတနှင့် ထင်ရှားသောနိုင်ငံရေးသမားများသာမက ယခုထောင်ထဲရောက်နေသော ဝီကီလိခ်တည်ထောင်သူ ဂျူလီယန်အက်ဆေန့်ပါ လိင်စော်ကားမှု့ စွပ်စွဲချက်များ ရင်ဆိုင်ခဲ့ရဖူးသည်ကို သိပြီးဖြစ်ကြပါမည်။ လောကဓံ ၈-ပါးတွင် ၁-ပါးအပါအဝင်ဖြစ်သော မကောင်းပြောဆို စွပ်စွဲခံရခြင်းသည် လူတစ်ယောက်၏ ဘဝသက်တမ်းတစ်လျှောက် ထင်းခွေမကြုံ ရေခပ်ကြုံ ဖွယ်ရှိ၍ ထူးဆန်းသော ကိစ္စမဟုတ်ပါ။

ယခုထိဖြစ်လာရသော ကိစ္စတွင် လူတစ်ယောက်အပေါ် စွပ်စွဲချက်မဟုတ်ပဲ- နိုင်ငံတစ်နိုင်ငံအပေါ် စွပ်စွဲခြင်းအဖြစ်သာ ကွာခြားသည်။ ထို့အပြင် ထိုအမှု့ကိစ္စကို အပြည့်အ၀ ကိုင်တွယ်ကြားနားလျှင် သမိုင်း တစ်လျှောက် အံ့မခန်း ကိန်းဂဏန်းများဖြင့် စွပ်စွဲထားသည်ဖြစ်ရာ ယခုစာစုအဆုံးတွင် အကျဉ်းမျှ ဖော်ပြပါမည်။

Racist လူမျိုးရေးဝါဒီဆိုသည်မှာ လူမျိုးတစ်မျိုးအကြောင်း၊ ၎င်းလူမျိုးသည်အခြားလူမျိုးများထက် သာလွန်မြင့်မြတ်ကြောင်း ယုံကြည်စေရန်ပြောဆိုလျှင် Racist ဖြစ်သည်။ လူမျိုးတစ်မျိုးရှိကြောင်း၊ ၎င်းလူမျိုးသည် နေရာဒေသတစ်ခုတွင် ကနဦးနေထိုင်သူအမှန်ဖြစ်ကြောင်း၊ သမိုင်းအတိုအထွာနှင့် ပါးစပ်စကားများ ပေါင်းစပ် လော်ဘီလုပ်ခြင်းသည် Racist ဖြစ်သည်။ ထိုလူမျိုး မရှိ၍ မရှိဟုပြောခြင်းသည် Racist မဟုတ်ပါ။

ဆလုံ-မွန်-ကရင်-ကယား-ကိုးကန့်-ဝ- ကချင်- နာဂ-မြို-ရခိုင်-ခမီ တို့သည် ကျွန်တော်တို့နိုင်ငံအတွင်း၌လည်း တရားဝင်ရှိ၍ အိမ်နီးချင်းနိုင်ငံများ၌လည်း ရှိနေသည်။ သို့သော် သူတို့ပြောသည့် လူမျိုးသည် အိန္ဒိယတိုက်ငယ်အား နှစ် ၂၀၀ နီးပါး၊ မြန်မာအား နှစ် ၁၀၀ ခန့် အုပ်ချုပ်သွားခဲ့သည့် အင်္ဂလိပ်တို့၏ တရားဝင် ပြန်တမ်း Gazette တွင် လုံးဝမရှိပါ။ ( လာဘ်စားသည့် ဝန်ထမ်းက မှတ်ပုံတင်မှာ ရေးထားတာမျိုး၊ Edition လုပ်ရမြဲဖြစ်သော ဖတ်စာအုပ်-စွယ်စုံကျမ်းဖော်ပြတို့မှာ စကားထဲ ထည့်ပြောရန် တန်းမဝင်ချေ။ )

Genocide ဆိုသည်မှာ လူမျိုးတုန်း “ သတ်သည် “ ဟု တစ်ထစ်ချ မဆိုသာပါ။ “ trying to deny the identity of the people, hoping to see that they really are eventually, that they no longer exist, denying their history, denying the legitimacy of the right to live where they live…” ဆိုသည့်အတိုင်း လူမျိုးတစ်မျိုး၏ ဝိသေသထင်ရှားမှု့ကို ငြင်းပယ်ခြင်း၊ အသက်ရှင်သန်နေထိုင်ခြင်း/ထိုသို့အခွင့်ပိုင်ခြင်းကို ငြင်းဆန်ခြင်း၊ ၎င်းတို့သမိုင်းစဉ်လာကို ပစ်ပယ်ခြင်းများသည် Genocide ခြင်းတွင် ပါဝင်သည့်အချက်များဖြစ်သည်။ကျွန်တော်များသည် သမိုင်းမရှိခြင်းကို ထောက်ပြနေခြင်းသာဖြစ်သည်။ ပြောသူတို့ကိုယ်တိုင်လည်း ( ဒီလိုဖြစ်ရမည်ဟု )ဆွဲယူ ကောက်ချက်ချနေခြင်းသာဖြစ်သည်။ အခိုင်အမာသက်သေပြနိုင်ခြင်း မရှိပါ။

သူတို့ပြောသည့်အတိုင်း သူတို့ရည်ညွှန်းသည့် အဆိုပါလူမျိုးကို ငြင်းပယ်ခြင်းဖြင့် Genocide သည်ဆိုလျှင် ပထမဆုံး တရားစွဲခံရမည့်နိုင်ငံမှာ ဘင်္ဂလားဒက်ရှ်ဖြစ်သည်။ ဘင်္ဂလားဒက်ရှ်နိုင်ငံ၏ တရားဝင်လူမျိုးစာရင်းတွင် သူတို့ပြောသည့် လူမျိုးတစ်ယောက်မျှ မရှိပါ။ ကော့ခ်ဘဇားတွင် အပိုင်းအခြားတစ်ခုဖြင့် ကန့်သတ်ထားပြီး သူတို့လူမျိုးနှင့် လက်မထပ်ရ၊ ခရီးဝေးမသွားရ၊ အင်တာနက်မသုံးရ၊ မဒရပ်ဆာအပါအဝင် သူတို့ကလေးငယ်များတက် ရောက်သည့်ကျောင်းများတွင် ပညာသင်ယူခြင်းမပြုရ တားဆီးနေသည်မှာ ဘင်္ဂလားဒက်ရှ်အစိုးရကိုယ်တိုင်ဖြစ်လေသည်။ ( ကိုးကား ဘင်္ဂလားဒက်ရှ်သတင်းစာ Links များဖော်ပြထားသည်။ )

ကုလသမဂ္ဂအပါအဝင် တစ်ကမ္ဘာလုံးက အမည်တပ်ပြောဆိုနေကြခြင်းမှာ “ အခေါ်သညာအဖြစ် ရည်ညွှန်းခြင်း “ သာဖြစ်သည်။ ( ၂၀၁၈ ဧပြီ ၂၈ မှ မေ ၁ ရက် ) တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ၁၅ နိုင်ငံမှ ကိုယ်စားလှယ်များ ဘင်္ဂလားဒက်ရှ်နှင့် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။ ကော့ခ်ဘဇားရောက်စဉ် UNSC အမြဲတန်း ( ၅ ) နိုင်ငံက ပြောဆိုသည်မှာ “ နိုင်ငံတစ်နိုင်ငံ၏ တိုင်းရင်းသား-လူမျိုးဖြစ်ကြောင်း သတ်မှတ်ပေးရန်မှာ UNSC တွင် အခွင့်အာဏာမရှိ “ ဟု ဖြစ်ပါသည်။ ( ကိုးကား ဖော်ပြထားသည်။ )

စာရှည်မည်စိုး၍ အကျဉ်းချုပ်ပါမည်။ “ မုဒိန်းကျင့်ခြင်းကို နည်းဗျူဟာအဖြစ် အသုံးပြုသည့် Myanmar’s legacy of rape as a terror tactic “ မြန်မာ၏ အမွေ “ ခေါင်းစဉ်တပ်ကာ ဘင်္ဂလားအခြေစိုက် The Daily Star က ယနေ့ စွပ်စွဲရေးသားသည်များကို အတိုချုံးဖော်ပြပါမည်။

၂၀၁၇-ခုနှစ် သြဂုတ် ၂၅ မှ စက်တင်ဘာ ၂၄ အထိ ရခိုင်ပြည်နယ်တွင် အသတ်ခံရသော ဒုက္ခသည် ဘင်္ဂါလီပေါင်း ၉,၀၀၀ နီးပါး၊ မိန်းမနှင့် မိန်းမပျိုလေးများကို စစ်တပ်က လိင်အကြမ်းဖက်သည်ဟု နယ်စည်းမခြား ဆရာဝန်များအဖွဲ့ MSF က ( အရေအတွက်မဖော်ပြ ) ပြော၊ ၂၀၁၇ သြဂုတ်မှ ၂၀၁၈ ဖေဖော်ဝါရီအထိ အဓမ္မပြုကျင့်ခံရ၍ ကလေးမွေးဖွား မိန်းမ ပေါင်း ၁၆၀၊ မုဒိန်းကျင့်ခံရပြီး ကိုယ်ဝန်ရသည်ကို ဖုံးကွယ်ထားသူနှင့် ကလေးစွန့်ပစ်သူပေါင်း ထောင်ချီရှိ။ ထိုအတွက် မိခင်နှင့် ကလေးသေဆုံးမှု့ အမှန်ပြောရန်ခက်ခဲဟုဆို။

၁၄-နှစ် သမီး မိန်းကလေးကို မြန်မာ စစ်သား ၃၀ ကျော်က ဝိုင်းဝန်းမုဒိန်းကျင့်၊ ထို့နောက် ရင်သားများကို ဒါးဖြင့်လှီးဖြတ်ကာ မျက်လုံးများကို ထိုးဖောက်၊ မြန်မာတပ်မတော်သည် ဒုက္ခသည်ဘင်္ဂါလီတို့အပေါ် မုဒိန်းကျင့်ခြင်းကို လက်နက်သဖွယ်အသုံးချလျှက် ( ကြောက်ရွံ့စေရန်နှင့် မနေရဲစေရန် ) ထိုသို့ ပြုကျင့်ကြောင်း သတင်းဖြန့်ဝေ၊ အုပ်စုလိုက်မုဒိန်းကျင့်ခြင်းကြောင့် ဒုက္ခသည်ဘင်္ဂါလီအမျိုးသမီးများ HIV အပါအဝင် ကာလသားရောဂါကူးစက်ခံရသော်လည်း အရေအတွက် မသိနိုင်၊ MSF က HIV ဖြစ်သူ ၃၁၉ ယောက်၊ သေဆုံး ၁၉ ယောက်ဟုဆို။ ဒုက္ခသည်ဘင်္ဂါလီများ လူကုန်ကူးခံရ၊ မိန်းမများ အတင်းအကြပ်လိင်ကျွန်ပြုခံရသော်လည်း ကယ်ဆယ်မည့်သူမရှိ။

၎င်းမှာ ပူလစ်ဇာတန်းမဝင်သော The Daily Star ၏ ရေးသားချက်မှ ကောက်နှုတ်ချက်အကျဉ်းသာဖြစ်၍ Al Jazeera က ဖော်ပြရာတွင် မြန်မာစစ်သားက ဒုက္ခသည်ဘင်္ဂါလီအားယောက်ျားချင်း အုပ်စုဖွဲ့ မုဒိန်းကျင့်၊ ကုလအချက်အလက် ရှာဖွေရေး FFM ကမူ စစ်သားများက LGBT များကိုလည်း မုဒိန်းကျင့်ဟု ဖော်ပြပါသည်။

ထိုကိန်းဂဏန်းများမှာ ထုတ်ပြန်ချက် တစ်စောင်နှင့် တစ်စောင် မတူကြပါ။ လက်လှမ်းမီသမျှပင် ၆-ခုခန့် ရှိပါမည်။ အချို့ဆိုလျှင် မုဒိန်းကျင့်ခံရသူ မိန်းမပေါင်း ၁၃,၀၀၀ ရှိကြောင်း ဖော်ပြသည်လည်း တွေ့ရှိရသည်။

အစဉ်လေးစားစွာဖြင့်

#HtayOung, #OungMarine

((( The Daily Star., Dec.04,2019, “ Myanmar’s legacy of rape as a terror tactic.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကိုးကားသည်။ )))

https://www.thedailystar.net/opinion/closer-look/news/myanmars-legacy-rape-terror-tactic-1835272

https://www.bbc.com/news/world-asia-38223055

https://bdnews24.com/bangladesh/2018/04/28/un-security-council-team-in-bangladesh-to-visit-rohingya-refugee-camps

https://www.thedailystar.net/rohingya-crisis/united-nations-security-council-unsc-delegation-reaches-coxs-bazar-bangladesh-bd-visit-rohingya-refugee-camp-1569022

http://www.dhakatribune.com/opinion/special/2018/01/02/ban-bangladeshis-marrying-rohingya-justified-human-rights-violation/

https://www.thedailystar.net/rohingya-crisis/no-rohingya-refugee-settlement-chittagong-hill-tracts-bangladesh-govt-officials-say-1501555?utm_source=dailystar_website&utm_campaign=newsalert&utm_medium=newsurl&utm_term=all&utm_content=all

https://www.dhakatribune.com/bangladesh/nation/2019/09/30/rohingya-nid-fraud-cec-claims-ec-not-at-fault

https://www.rfa.org/english/news/myanmar/bangladesh-un-04292018215124.html

#မြန်မာ့တပ်မတော် #အဓမ္မပြုကျင့်ခြင်းကိုလက်နက်သဖွယ်သုံး #MSFဒုက္ခသည်ဘင်္ဂါလီ #UNSC

4+

Leave a Reply

Your email address will not be published.