မြစ်ကူးရေအောက် ဥမင်လှိုဏ်များ ပိုမိုတည်ဆောက်ရန် ဘင်္ဂလားဒက်ရှ်ကြံဆနေ။ တံတားများ တည်ဆောက်ခြင်းသည် မြစ်ချောင်းနှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေနိုင်ဟု ဆို

ဘင်္ဂလားဒက်ရှ်အစိုးရသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသည့်အနေဖြင့် မြစ်ကူး တံတားများတည်ဆောက်မည့်အစား ရေအောက်ဥမင်လှိုဏ်များ ပိုမိုတည်ဆောက်ရန် ကြံဆလျှက်ရှိသည်ဟု ဘင်္ဂလားအခြေစိုက် bdnews24 ဒစ်ဂျစ်တယ်မီဒီယာက ဒီဇင်ဘာ ၁၂-ရက်နေ့တွင် ရေးသားသည်။

ပက်ဒမာနှင့် ယမုံနာကဲ့သို့ အကြီးစားမြစ်ကူးတံတားကြီးများ တည်ဆောက်ရသည့်အခါ မြစ်အတွင်း အနည်ကျခြင်း၊ သောင်ထွန်းခြင်းကဲ့သို့ သဘာဝပတ်ဝန်းကျင်ထိခိုက်စေသော နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပေါ်လေ့ရှိသဖြင့် အလားတူတံတားကြီးမျိုး နောက်ထပ်တည်ဆောက်လိုခြင်းမရှိကြောင်း စီမံကိန်းများဆိုင်ရာဝန်ကြီး အမ်အေမန်နန်က ပြောဆိုသည်။

ဘင်္ဂလားဒက်ရှ်အစိုးရသည် စစ်တကောင်းဒေသတွင် ကာနတ်ပူလီမြစ်ကူး ရေအောက်ဥမင်လှိုဏ် တည်ဆောက်လျှက်ရှိရာ အမေရိကန်ဒေါ်လာ ၁-ဘီလျှံခန့် ကုန်ကျမည်ဟု ခန့်မှန်းထားသည်။ ဆက်စပ်လမ်းအရှည် ၆.၂ မိုင်နှင့် ၂.၁ မိုင်ရှည်လျှားသော ရေအောက်မြစ်ကူးဥမင်တို့ပါဝင်သည့် အဆိုပါ “ ဘန်ဂါဘန်ဒူရှိတ်မူဂျီဘူရာမန် ဥမင် “ ကို လွန်ခဲ့သည့် ဖေဖော်ဝါရီလတွင် အမျိုးသားခေါင်းဆောင်ကြီး မူဂျီဘူရာမန်၏ သမီးရင်းဖြစ်သူ ဝန်ကြီးချုပ်ရှိတ်ဟာစီနာ ကိုယ်တိုင် ပန္နက်ရိုက် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။

အလားတူ အခြားရေအောက်ဥမင်ကို နိုင်ငံ့မြောက်ပိုင်းတွင် ယမုံနာမြစ်ကို ဖြတ်သန်း၍ ကူရီဂရမ်နှင့် ဂျမယ်ပါအား ဆက်သွယ်ပေးရန် ဘင်္ဂလားဒက်ရှ်အစိုးရက ကြံဆလျှက်ရှိကြောင်း ဖွံ့ဖြိုးဆဲနိုင်ငံများစွာတို့တွင် လမ်းပန်းဆက်သွယ်ရေး ချောမွေ့တိုးတက်စေရန် ဆောင်ရွက်ကြရာ၌ မြစ်ချောင်းများတွင် လှေသင်္ဘောများလည်း ခုတ်မောင်းနိုင် မော်တော်ယာဉ်များလည်း အချိန်တိုအတွင်း ဖြတ်ကူးမောင်းနှင်နိုင်မည့် ရေအောက်ဥမင်လှိုဏ်များ တည်ဆောက်ကြလျှက်ရှိကြောင်း၊ ထိုနည်းလမ်းမှာ သဘာဝပတ်ဝန်းကျင်နှင့်လည်း ဆီလျှော်စေ ကြောင်း စီမံကိန်းများဆိုင်ရာဝန်ကြီးက ဆက်လက်ပြောဆိုသည်။

(( ကမ္ဘ္ဘာမြေ၏ အရှင်သခင်ဖြစ်သော လူသားတို့အနေဖြင့် စား-ဝတ်-နေ ဖူလုံတိုးတက်စေရာတွင် ၎င်းတို့မှီခိုနေထိုင်ရာ ကမ္ဘ္ဘာကြီး၏ သဘာဝပတ်ဝန်းကျင်အား တစ်နည်းမဟုတ် တစ်နည်းဖြင့် ဝါးမြိုဖျက်ဆီးပါသည်။ မျက်မှောက်ခေတ်တွင် လျှပ်စစ်ဓါတ်အားမှာ မရှိမဖြစ် လိုအပ်သည်။ ကျောက်မီးသွေး၊ ရေအားလျှပ်စစ်တို့သည် စွမ်းအင်များများ ထုတ်လုပ်နိုင်သော်လည်း သဘာဝပတ်ဝန်းကျင်ထိခိုက်မှု့ အလွန်များသည်။ နေရောင်ခြည်-လေအားတို့မှ လျှပ်စစ်စွမ်းအင်ထုတ်ယူနိုင်သော်လည်း ကျောက်မီးသွေးနှင့် ရေအားတို့လောက် လျှပ်စစ်ပမာဏ များများကို တစ်နေရာတည်းနှင့် ရယူနိုင်ခြင်း မရှိသေးချေ။

ဂျာမနီနှင့် ဘင်္ဂလားဒက်ရှ်တို့၏ စိတ်ကူးမှာ လောလောဆယ်လိုအပ်နေသော လျှပ်စစ်စွမ်းအင်ကို ကျောက်မီးသွေး- ရေအားနှင့် ညူကလီယာတို့အပြင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်စက်ရုံများကို တစ်ပြိုင်နက်တည်း တည်ဆောက် ထုတ်ယူရန်ဖြစ်လိမ့်မည်ဟု မှန်းဆရသည်။ ထိုနောက် သဘာဝပတ်ဝန်းကျင်အား ဆိုးရွားစွာထိခိုက်စေသည့် စွမ်းအင်စက်ရုံများကို ဖြည်းဖြည်းချင်း ရုတ်သိမ်းသွားမည်ဖြစ်ရာ ဂျာမနီတွင် ကျောက်မီးသွေးမှ လျှပ်စစ်ဓါတ်အား ထုတ်ယူခြင်းကို ၂၀၃၅-ခုနှစ်တွင် အပြီးတိုင် ရပ်ဆိုင်းမည်ဖြစ်သည်။

ဘင်္ဂလားဒက်ရှ် ဒါကာမြို့တော်သည် ကမ္ဘ္ဘာ့မြို့ကြီးများ လေထုအရည်အသွေးညွှန်းကိန်း Air quality index ( AQI ) သတ်မှတ်ရာတွင် လေထုညစ်ညမ်းမှု့ အဆိုးရွားဆုံး အမှတ် ၂၀၀ ၌ ၁၆၉ မှတ်ဖြင့် အဆင့် ၁၁- ဖြစ်လျှက်ရှိသည်။ ထိုကြောင့် မကြာမီရွေးကောက်ခံကြမည့် ဒါကာမြို့တော်ဝန်လောင်းတို့တွင် နိုင်ငံ့အကျိုးစီးပွားလည်း များများမထိခိုက် ဖုန်- လေထုညစ်ညမ်းမှု့နှင့် ခြင်တို့ရန်မှ လျှော့နည်းစေမည့် နည်းလမ်းကို ကြံဆနိုင်သူက မဲများများရဖွယ်ရှိသည်ဟု ဘင်္ဂလားသတင်းစာများက ရေးသားသည်ကိုတွေ့ရသည်။

ဖွံံ့ဖြိုးဆဲနိုင်ငံချင်းတူသော်လည်း သောက်ဖောင်းထုသူလည်း အလွန်နည်းပါး၊ ပိုက်ဆံလည်း ပိုသုံးနိုင်သော ဘင်္ဂလားဒက်ရှ်တွင် နိုင်ငံ့လျှပ်စစ်လိုအပ်ချက် ၉၄ ရာနှုန်းကို ဖြည့်ဆည်းပေးနိုင်ပြီဖြစ်သည်။ ယခုနှစ်တွင် ညူကလီယာစွမ်းအင်စက်ရုံ ၁-ရုံ စတင်လည်ပတ်မည်ဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် လည်ပတ်မည့် အခြားညူကလီယာ စက်ရုံ ၁-ရုံကို တည်ဆောက်ရန် စိုင်းပြင်းနေသည်။ စီးပွားရေးလည်း တိုးလာသဖြင့် ရေငုတ်သင်္ဘော ၂-စီးပြူး တစ်ပြိုင်နက်တည်း ဝယ်နိုင်သည်။

မြန်မာတွင် ယခုထိ လျှပ်စစ်လိုအပ်ချက် ၅၀ ရာနှုန်းသာ ဖြည့်ဆည်းနိုင်သေးသည်။ ကျောက်မီးသွေးလည်း ကန့်ကွက်- ရေအားလျှပ်စစ်ထုတ်ယူရန်မှာလည်း ကန့်ကွက်ချည့် ခံနေရသဖြင့် NLD အစိုးရသက်တမ်း ၄-နှစ်အတွင်း စွမ်းအင်စက်ရုံကြီးကြီးမားမား တည်ဆောက်သည်ကို မတွေ့ရခြင်း ဖြစ်ပုံရသည်။ သို့သော်လည်း တစ်နေ့တစ်ခြား တိုးလာသည့် ပါးစပ်ပေါက်များနှင့် လူနေမှု့အဆင့်အတန်းမြှင့်တင်ရေးမှာ မည်သည့်နည်းနှင့် ရပ်တန့်ထားနိုင်ခြင်း မရှိပါ။

ဤတွင် ရှိပြီး မဟာဓါတ်အားလိုင်းမှ ပိုမိုရှည်လျှားသည့် ဓါတ်အားလိုင်းများ သွယ်တန်းရတော့သည်။ ပုံမှန် ၅ မိုင်မှ ၇ မိုင်အတွင်းသာ ရှိရမည့်အစား ၁၂-မိုင်အထိ သွယ်တန်းရသဖြင့် လျှပ်စစ်လေလွင့်ဆုံးရှုံးမှု့ ပိုမိုများပြား လာရသည်ဆို၏။ ထိုဆုံးရှုံးမည့် ဘဏ္ဍာငွေများကို အခွန်ထမ်းပြည်သူများက ကျခံရတော့မည်ဖြစ်သည်။

ကျောက်မီးသွေးလည်း ကန့်ကွက်- ရေလျှပ်စစ်လည်း ကန့်ကွက်ချည့်ခံနေရချိန်တွင် အကယ်၍ ဘင်္ဂလားဒက်ရှ်ကဲ့သို့ ပိုက်ဆံလည်းပိုကုန်- ပို၍လည်း စွန့်စားရသည့် ညူကလီယာစွမ်းအင်စက်ရုံများ ဆောက်မိလျှင် တိုင်းရင်းသား ၁၃၅ မျိုး၊ လက်နက်ကိုင်ဆန့်ကျင်အဖွဲ့ပေါင်း ၁၀၀ ကျော် ရှိနေသည့် မြန်မာပြည်တွင် ညူကလီယာ ဆန့်ကျင် လက်နက်ကိုင်အဖွဲ့ ခေတ်မီစွာ ပေါ်ပေါက်လာဖွယ်ရှိသည်။ ဗမှားတို့ အုံးနှောက်သည် ဂျာမနီထက် ပိုမို အဆင့်မြင့်လေသည်။

အစိုးရလည်း သိက္ခာကျ- စစ်တပ်လည်း ဘတ်ဂျတ်မရ- ပြည်သူလူထုလည်း ဖွတ်သည်ထက်ညစ်စေရန် ဘာစွမ်းအင်စက်ရုံဆောက်ဆောက် ကန့်ကွက်ကြရန် လိုအပ်သည်။

ထိုအတွက် သိပ်မခက်ပါ ၊ မွေးစားသား NGO နှင့် မီဒီယာများက နှပ်ကြောင်းပေးထားပြီးဖြစ်ရာ အခြေအနေကြည့်၍ တရားစွဲ ထောင်ကျခံနိုင်သည့် ဟီးရိုးများ ထွက်လာရန်သာ လိုအပ်သည်။ ။ သတင်းဘာသာပြန်သူ ))

((( bdnews24., Dec. 12 2019, “Bangladesh mulls more underwater tunnels instead of bridges after Karnaphuli.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#ဘင်္ဂလားဒက်ရှ်မြစ်ကူးရေအောက်ဥမင်လှိုဏ် #လေထုအရည်အသွေးညွှန်းကိန်း

https://bdnews24.com/economy/2019/12/12/bangladesh-mulls-more-underwater-tunnels-instead-of-bridges-after-karnaphuli .

https://www.thedailystar.net/country/pm-hasina-launches-bangabandhu-tunnel-work-under-karnaphuli-river-1706587

https://www.dhakatribune.com/bangladesh/dhaka/2020/01/02/dhaka-ranks-11th-worst-in-air-quality-index

0

Leave a Reply

Your email address will not be published.