မြန်မာက ရှိတ်ဟာစီနာအစိုးရကို ထိုးနှက်ဝါဒဖြန့်သည်ဟုဆိုကာ ဘင်္ဂလားဒက်ရှ် ဒေါသူပုန် ထ။ ပြဿနာသည် မြန်မာက စ၍ မြန်မာအတွင်း၌သာ အဖြေရှိနေဟု ပြော။ ဘင်္ဂလားဒက်ရှ်နယ်မြေတွင် ARSA မရှိဟု ငြင်းဆိုပယ်ချ။

ဒုက္ခသည်ဘင်္ဂါလီ ( မူရင်းရိုဟင်ဂျာဟုဖော်ပြ ) တို့ နေရပ်ပြန်ရေးနှင့် ပတ်သက်၍ ရက်စက်မှုဒါဏ်ခံစားခဲ့သူများ အတွက် ဆောင်ရွက်နေသော ဘင်္ဂလားဒက်ရှ်အား ဆန့်ကျင်ပြီး မြန်မာက စံနစ်တကျ ဆက်လက်ဝါဒဖြန့် နေ ခြင်းတို့ကို ရပ်ဆိုင်းရန် ဘင်္ဂလားဒက်ရှ်က နောက်တဖန် အကြီးအကျယ် ထိုးနှက်လိုက်သည်ဟု Dhaka Tribune က ယနေ့ရေးသားသည်။

ပြင်းထန်သော စကားအသုံးအနှုန်းများဖြင့်ဖော်ပြသော တနင်္ဂနွေနေ့ ဘင်္ဂလားဒက်ရှ်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဘင်္ဂလားဒက်ရှ်အနေဖြင့် ဆီလျော်သော နေရပ်ပြန်ရေးဖြစ်မြောက်အောင် အမြဲပြင် ဆင်လျှက်ရှိကြောင်း ပါရှိသည်။

နှစ်ဦးနှစ်ဖက် သဘောတူကြရာ၌ ရေရှည်တည်တန့်မည့်နေရပ်ပြန်ရေးအတွက် ပတ်ဝန်းကျင် အခြေအနေ ကောင်းများတည်ဆောက်ရန် မြန်မာ၌ အပြည့်အ၀ တာဝန်ရှိသည်။

နှစ်ဖက်သဘောတူညီချက်ပါအတိုင်း ဘင်္ဂလားဒက်ရှ်က ပူးပေါင်းဆောင်ရွက်မှု့ မရှိခြင်းကြောင့် ဒုက္ခသည် ဘင်္ဂါလီများနေရပ်ပြန်ရေးတွင် နှောင့်နှေးလျှက်ရှိကြောင်း နိုဝင်ဘာ ၁၅-ရက်နေ့ မြန်မာနိုင်ငံတော်၏ အတိုင် ပင်ခံရုံး ပြောရေးဆိုခွင့်ရှိသူက ပြစ်တင်ခြင်းကို ဘင်္ဂလားဒက်ရှ်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက ယခုကဲ့သို့ သတင်းထုတ်ပြန် တုန့်ပြန်လိုက်ခြင်းဖြစ်သည်ဆို၏။

ရက်စက်ကြမ်းကြုတ်သော ပြစ်မှု့ကျူးလွန်သည်ဟု တာဝန်ယူတာဝန်ခံစေရန် နိုင်ငံတကာအသိုင်းအဝိုင်းက ပဏာမအဖြစ် ပြင်းထန်စွာဝေဖန်လျှက်ရှိစဉ် ယခုကဲ့သို့ ဖြစ်ရပ်မျိုး ပေါ်ပေါက်လာရခြင်းဖြစ်သည်။

ဘင်္ဂလားဒက်ရှ်အစိုးရအနေဖြင့် ဖြစ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဆန္ဒအလျှောက်နေရပ်ပြန်သူများ ပေါ် ထွန်းလာစေရန် အစဉ်အမြဲ အသင့်ရှိကြောင်း သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားပြီး ဘင်္ဂလားဒက်ရှ် နယ်မြေ အတွင်း ARSA အကြမ်းဖက်အဖွဲ့တည်ရှိနေသည်ဆိုခြင်းကို ပြင်းထန်စွာ ပယ်ချလိုက်သည်။

ARSA အတွင်းလူများနှင့် NGO ဝန်ထမ်းများ၏ ခြိမ်းခြောက်မှု့နှင့် ဖျက်လိုဖျက်ဆီးဝါဒဖြန့်မှု့များကြောင့် နေရပ်ပြန်လိုသော ဒုက္ခသည်ဘင်္ဂါလီများ ဖွင့်ဟမပြောရဲဖြစ်လျှက်ရှိကြောင်း မြန်မာက အမြဲလိုလို စွပ်စွဲ လေ့ရှိသည်။ ၎င်းမှာ လုံး၀ အခြေအမြစ်မရှိသည့်အပြင် အမှန်တရားကို ဖုံးကွယ်ရန် အားထုတ်ရာရောက်သည်။

မြန်မာက ၎င်း၏ တာဝန်ရှိမှု့ကို ရှောင်လွှဲစေရနနှင့် နိုင်ငံတကာအာရုံစိုက်မှု့ကို ဦးတည်ချက်ပြောင်းစေရန် အတွက် ဝါဒဖြန့်လျှက်ရှိကြောင်း၊ ဘင်္ဂလားဒက်ရှ်ဒုက္ခသည်စခန်းများတွင် ARSA လှုပ်ရှားမှု့ဟူ၍ လုံး၀ မရှိ ကြောင်း၊ လက်ရှိဘင်္ဂလား ဒက်ရှ်အစိုးရ သည် “ လုံး၀ သည်းမခံသောပေါ်လစီ “ ဖြင့် လုံခြုံရေးတပ်များက အပြည့်အ၀ ကာကွယ်နိုင်ရန် အမြင့်ဆုံးနိုးကြားလျှက်ရှိသဖြင့် ဘင်္ဂလားဒက်ရှ်နယ်မြေအတွင်း အကြမ်း ဖက်သမားတို့ စခန်းချလှုပ်ရှားရန်ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ကြောင်း၊ မြန်မာအနေဖြင့် နေရပ်ပြန်ရေးတွင် အမှန်တကယ် ရိုးသားမှု့ရှိပါလျှင် နှစ်နိုင်ငံနယ်စပ်မျဉ်းအနီး ( ခြံစည်းရိုးနှင့် ကပ်လျှက် ) နေရာရှိ ဒုက္ခသည် ဘင်္ဂါလီ ၄,၂၀၀ ခန့်ကို နေရပ်ပြန်ရန် ယခုချက်ခြင်း စီစဉ်နိုင်ကြောင်း၊ ရခိုင်ပြည်နယ် IDP စခန်းများရှိနေသူ ၁၄၀,၀၀၀ ခန့်ကို ၎င်းတို့သက်ဆိုင်ရာ မူလနေရပ်သို့ ပြန်သွားခွင့် ပြုစေလိုကြောင်း သတင်းထုတ်ပြန်ချက်၌ ဆက်လက်ဖော်ပြသည်။

((( နှစ်နိုင်ငံခြံစည်းရိုးနှင့် ကပ်လျှက် (မြန်မာနှင့် သက်ဆိုင်သော တစ်ဖက်မြေ ) ပေါ်တွင် တဲထိုးနေသူများအား မြန်မာတာဝန်ရှိသူများအစ ပြည်တွင်းပြည်ပ သတင်းမီဒီယာများအလယ် UNSC အဖွဲ့ဝင် ၁၅ နိုင်ငံ သံအမတ် များအဆုံး သွားရောက်တွေ့ဆုံခဲ့ပြီးဖြစ်ပါသည်။ ၎င်းတို့အား မြန်မာဘက်သို့ ဘာ့ကြောင့်မပြန်သလဲမေးလျှင် ၎င်းတို့အားလုံးကို လူမျိုးတစ်မျိူးအမည်နှင့် နိုင်ငံသားအသိအမှတ်ပြုရန်၊ လုံခြုံဘေးကင်းသော နေရာအာမခံ ရန်နှင့် ၎င်းတို့ ပျက်စီးဆုံးရှုံးသွားသည်ဆိုသော နစ်နာမှု့များအား တာဝန်ယူ-တာဝန်ခံသည့်အပြင် လျှော်ကြေး ပေးအပ်ရန် အင်္ဂလိပ်ဘာသာဖြင့် ပြန်လည်အဖြေပေးပါသည်။

ကျွန်တော်လေ့လာမိသလောက် ဘင်္ဂလားဒက်ရှ်အစိုးရက ၎င်းတို့ဖက်တွင် ARSA မရှိကြောင်း အမြဲပြောလေ့ ရှိပြီး ၎င်းတို့သတင်းစာများကလည်း ပူလစ်ဇာတန်းဝင်အောင် ကြိုးစားဆဲဖြစ်၍ “ မရှိဘူး “ ဟုသာရေးကြသည်။ ဒုက္ခသည်စခန်းအတွင်း လူကုန်ကူးမှု့၊ ခြောက်လှန်တောင်းယူမှု့၊ ရိုက်နှက်နှိပ်စက်မှု့၊ ပြန်ပေးမှု့နှင့် လူသတ်မှု့အားလုံးတို့သည် မြန်မာနိုင်ငံဖက်တွင်ရှိစဉ် ရန်ကြွေးရန်စများကြောင့်သာ ဖြစ်သည်ဟူ၏။

ထို့ကြောင့် ဖြစ်နိုင်သည့် သတင်းအမှန်ကို သိလိုလျှင် အိန္ဒိယသတင်းစာများတွင် ရှာရသည်။ ဘင်္ဂလားဒက်ရှ် နယ်စပ်တစ်လျှောက် တရားမဝင် လက်နက်ကိုင်တို့အကြောင်းကို အိန္ဒိယ သတင်းစာများက ရေးသားကြရာ၌ သတင်းရင်းမြစ်မှာ RAW ထံမှ ဖြစ်သည်။ သုတေသနနှင့် ခွဲခြမ်းစိတ်ဖြာလေ့လာရေး လက်ရုံးတပ် Research and Analysis Wing (R&AW or RAW)ခေါ် အိန္ဒိယ ပြည်ပစစ်ထောက်လှမ်းရေး အထူးတပ်သည် နေဗီဆီးလ်၊ ဒဲလ်တာဖို့စ်တို့ကဲ့သို့ ထင်ရှားသော စစ်စွမ်းရည်ပြည့် ထောက်လှမ်းရေးများဖြစ်သည်။

ထို့ကြောင့် ARSA ကို ခြေရာဖျောက်၍ ဘာဘူကြီးလဲ မျက်ဖြူဆိုက်စေရန် ARSA ဆိုသည်မှာ အိန္ဒိယ RAW က ပါကစ္စတန်ထောက်လှမ်းရေးနှင့် ပေါင်း၍ ဖွဲ့စည်းလေ့ကျင့်ပေးထားဖြစ်သည်ဟု တန်ပြန် သတင်းလွှင့်ကြသည်။ ဤတွင် မဆီမဆိုင် သိက္ခာကျသွားသည်မှာ RAW တို့နှင့် အမြဲတန်းလိုလို ဉာဏ်ကစားပြီး၊ လက်ရုံရည်-နှလုံးရည် အကြိမ်ကြိမ်စစ်ခင်းဖူးသော ပါကစ္စတန်တို့မှာ သမ္မတမိုဒီထံ နေ့စဉ်ထူးခြားထောက်လှမ်းသတင်းများ အစီရင်ခံရသည့် အိန္ဒိယ၏ ကမ္ဘာကျော်ထောက်လှမ်းရေးအဖွဲ့ကြီး၏ ခိုင်းဖတ်ဟု အထင်ခံရခြင်းဖြစ်တော့သည်။ ။ သတင်းဘာသာပြန်သူ ))

((( Dhaka Tribune., Nov. 24th, 2019,” Bangladesh blasts Myanmar for propaganda against Dhaka.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်သည်။ )))

https://www.dhakatribune.com/bangladesh/foreign-affairs/2019/11/24/bangladesh-blasts-myanmar-for-propaganda-against-dhaka

https://www.jagranjosh.com/general-knowledge/life-style-of-raw-agents-1475562719-1

#ဒုက္ခသည်ဘင်္ဂါလီ #မြန်မာဘင်္ဂလားဒက်ရှ် #နှစ်နိုင်ငံနယ်ခြားခြံစည်းရိုး #ဒုက္ခသည်များနေရပ်ပြန်ရေး #RAWအိန္ဒိယပြည်ပစစ်ထောက်လှမ်းရေး

0

Leave a Reply

Your email address will not be published.