မြန်မာစစ်တပ်၏ အာဏာသိမ်းမှုကို ဘန်ကောက်မြို့ပေါ်၌ ကန့်ကွက်ဆန္ဒပြသူ များနှင့် ထိုင်းရဲတို့ ရုန့်ရင်းဆန်ခတ်ဖြစ်။ ထိုင်းအဓိကရုန်းနှိမ်နင်းရေးရဲများက ဖြိုခွင်းရာတွင် ၂-ဦး ဒါဏ်ရာရရှိ၍ ၂-ဦး ဖမ်းဆီးခံရ


တနင်္လာနေ့၌ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်တွင် မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သောတပ်မတော်၏ အာဏာသိမ်း ယူမှုကို ဆန့်ကျင်ကန့်ကွက်ကြသူ အုပ်စုတစ်စုနှင့် ထိုင်းရဲတပ်ဖွဲ့ဝင်များ ရုန့်ရင်းဆန်ခတ်ဖြစ်ပွားခဲ့ကြောင်း မြင်တွေ့ရသည်ဟု Reuters ၏ သတင်းကို ဒါကာ အခြေစိုက် bdnews24 က ယနေ့ ကူးယူဖော်ပြသည်။

..  
ဘန်ကောက်မြို့တော်ရှိ လုံခြုံရေးတင်းကြပ်ထားသော မြန်မာသံရုံးအပြင်ဘက်တွင် ဖြစ်ပွားခဲ့သည့် ကန့်ကွက်ဆန္ဒပြပွဲ၌ ထိုင်းနှင့် မြန်မာနိုင်ငံသားများအပါအဝင် အနည်းဆုံး လူ ၂၀၀ ခန့် ပါဝင်ပြီး အနည်းဆုံး လူ ၂-ဦး ဒါဏ်ရာရရှိကြောင်း သိရှိရသည်။

..  
ဥပဒေရေးရာ စောင့်ကြည့်သူများ အဆိုအရ ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံရသူ ၂-ဦး အနည်းဆုံးရှိကြောင်း သတင်း ၌ ဖော်ပြသည်။

..   
လွန်ခဲ့သည့် ၂-နာရီတွင် ဖော်ပြသည့် Thai Inquirer မီဒီယာကမူ ထိုင်းနိုင်ငံ ဒီမိုကရေစီအရေး လှုပ်ရှားသူများ က မြန်မာဆန္ဒပြသူများအား ထိုင်းရဲများ ဖမ်းဆီးမခံရအောင် အကာအကွယ်ပေးရာမှ ထိန်းသိမ်းခံရခြင်း ဖြစ်ကြောင်းနှင့် ယခုအခါတွင် လူစုကွဲသွားပြီဖြစ်ကြောင်း၊
..
မြန်မာ့တပ်မတော်၏ အာဏာသိမ်းမှုသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကိစ္စသာဖြစ်ပြီး ထိုင်းနိုင်ငံနှင့် သက်ဆိုင် ခြင်းမရှိကြောင်း ပရာယွတ်ခန်အိုချာ အစိုးရက ပြောဆိုပြီးနောက် မြန်မာကန့်ကွက်ဆန္ဒပြသူများကို ထိုင်းအဓိကရုန်းနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များက ယခုကဲ့သို့ ဖြိုခွင်းလိုက်ခြင်းဖြစ်ကြောင်း ၎င်း၏ Twitter စာမျက်နှာ၌ ဖော်ပြသည်။



#ဘန်ကောက်မြန်မာသံရုံးရှေ့ဆန္ဒပြသူများကိုထိုင်းရဲတပ်ဖွဲ့ဖြိုခွင်း

((( Reuters., Thai police clash with protesters at demonstration against Myanmar coup.” ကို #Htayoung, #OungMraine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://bdnews24.com/world/south-east-asia/2021/02/01/thai-police-clash-with-protesters-at-demonstration-against-myanmar-coup
https://www.bangkokpost.com/thailand/general/2060747/bangkok-rally-condemns-myanmar-coup 

0

Leave a Reply

Your email address will not be published.