မြန်မာစစ်အစိုးရက အင်တာနက်ကို White Listed အက်ပလီကေးရှင်းများသာ အသုံးပြုစေ မည်။ နိုင်ငံတွင်း၌ အသုံးပြုနိုင်မည့် “အင်ထရာနက်” ကို မြန်မာစစ်တပ် တီထွင်နေ အွန်လိုင်းဘဏ်လုပ်ငန်းများ ပါဝင် မည်ဟု အစီရင်ခံစာထွက်ပေါ်


[ဘန်ကောက်] အာဏာသိမ်းယူမှု အပေါ် ကျယ်ပြန့်စွာ ဆန့်ကျင်နေမှုများကို ဖယ်ရှားရန်အတွက် မြန်မာစစ်ဘက်အုပ်ချုပ်သူများအနေဖြင့် White List စာရင်း ပါရှိသူများသာ အင်တာနက်အသုံးပြုခွင့် ကန့်သတ်ရန် ကြိုးစားလျှက်ရှိကြောင်း ဘယ်လ်ဂျီယန်နိုင်ငံ ဘရပ်ဆဲလ်အခြေစိုက် နိုင်ငံတကာ ပဋိပက္ခများဆိုင်ရာ ( သုတေသန) အုပ်စု ခေါ် ISG က အစီရင်ခံသည်ဟု AP က ယမန်နေ့ ရေးသားသည်။


Facebook ကဲ့သို့ လူမှုကွန်ယက်မီဒီယာကုမ္ပဏီများက စစ်ဘက်ဆိုင်ရာအရာရှိများနှင့် အစိုးရအေဂျင်စီများကို ပိတ်ပင်ထားစဉ် မြန်မာစစ်တပ်မှာ နည်းပညာပိုင်းဆိုင်ရာစွမ်းရည် အားနည်းနေသောကြောင့် အင်တာနက်ကို စစ်မြေပြင်အသွင် အနိုင်ရရန် ရုန်းကန်လျှက်ရှိသည်။


အင်္ဂါနေ့ ထုတ်ပြန်သော ISG ၏ အစီရင်ခံစာတွင် ဖေဖော်ဝါရီလ၌ ဖြုတ်ချခံလိုက်ရသည့် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရနှင့် ပတ်သက်၍ သဘောထားကွဲလွဲမှုများ၊ ဒေါ်အောင်ဆန်းစုကြည် လက်အောက်ရှိ နိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်နေ မွတ်စလင်မျိုးနွယ်စုတို့အပေါ် မုန်းတီးမှုများ ပျံ့နှံ့စေရေးအတွက် ကျဉ်းမြောင်းသည့် အလှည့်အပြောင်း ဖြစ်ကြောင်း၊ အာဏာသိမ်းပြီးချိန်ကတည်းက အာဏာပိုင်များသည် ညစဉ်အင်တာနက်ဖြတ်တောက်ခြင်းနှင့် လူမှုမီဒီယာပလက်ဖောင်းများ အသုံးပြုခွင့်ကို ကန့်သတ်ခြင်းများပြုလုပ်ခဲ့သည်။

…  
အင်တာနက် ပိတ်ပင်ခြင်းမှာ ကမ္ဘာ့စီးပွားရေးနှင့် ပေါင်းစည်းရန် နှစ်ပေါင်းများစွာ တိုးတက်မှုများကို ပျက်ပြယ်စေပြီး စီးပွားရေးလုပ်ငန်းများကို အနှောင့်အယှက်ဖြစ်နေသောကြောင့် နော်ဝေနိုင်ငံမှ တယ်လီနောကဲ့သို့ နိုင်ငံတကာဆက်သွယ်ရေးကုမ္ပဏီများနှင့် အခြားစီးပွားရေးလုပ်ငန်းများက ကန့်ကွက်ခဲ့ကြသည်။

… 

(စစ်အစိုးရ၏ အပြုအမူမှာ) မိုဘိုင်းခေတ်သို့ ထိုးဖောက်ဝင်ရောက်လာသည်နှင့်အမျှ ဆဲလ်ဖုန်း၊ လူမှုကွန်ယက်မီဒီယာနှင့် အင်တာနက်လက်လှမ်းမီနိုင်မှုတို့နှင့်အတူ လွတ်လပ်စွာ ကြီးပြင်းလာခဲ့သည့် မြန်မာမျိုးဆက်သစ်လူငယ်များကို ဒေါသဖြစ်စေခဲ့သည်။

…  
နည်းပညာကျွမ်းကျင်သည့် လူငယ်များစွာတို့မှာ အာဏာသိမ်းမှုကို ဆန့်ကျင်သော ဖီဆန်အံတုရေး လူထုလှုပ်ရှားမှုတွင် ပါဝင်နေကြပြီး လွန်ခဲ့သော ဆယ်စုနှစ်များစွာက တရုတ်နိုင်ငံ ဖန်တီးခဲ့သည့် နည်းပညာများကို အသုံးပြု၍  အင်တာနက်ကို ရဲတပ်ဖွဲက ဝင်ရောက်ကြည့်ရှု့ခြင်းခြင်းနှင့် အချို့သော ဝက်ဘ်ဆိုက်များသို့ ဝင်ရောက်ခွင့် တားဆီးရန် စစ်တပ်တွင် စွမ်းရည် မရှိဖြစ်နေကြောင်း၊

…  
တပ်မတော်ဟု လူသိများသော မြန်မာစစ်တပ်သည် နိုင်ငံတွင်း၌ အသုံးပြုနိုင်မည့် “အင်ထရာနက်” တစ်ခု တီထွင်နေသည် သို့မဟုတ် Whitelist စာရင်းပါ အက်ပလီကေးရှင်းများကိုသာ မိုဘိုင်းဆက်သွယ်စေမည်ဖြစ်ကြောင်း၊ ၎င်းတို့တွင် အွန်လိုင်းဘဏ်လုပ်ငန်းများ ပါဝင်လိမ့်မည်ဖြစ်ကြောင်း၊ နိုင်ငံစီးပွားရေးအပေါ် အဓိက အကျိုးသက်ရောက်သည့် အခြေခံဝန်ဆောင်ထက်ပိုမိုသော စွမ်းရည်များကို မလွှဲဧကန် ကန့်သတ်ထားသည်ဟု ISG အုပ်စု၏ အစီရင်ခံစာ၌ ဖော်ပြထားသည် ဆို၏။

….  
မြန်မာအာဏာပိုင်များအနေဖြင့် ဆိုက်ဘာလုံခြုံရေးဥပဒေမူကြမ်း၏ အသေးစိတ်အချက်အလက်များကို အပြီးသတ်ရေးဆွဲနေပုံရသည်။ နိုင်ငံခြားစီးပွားရေးလုပ်ငန်းများနှင့် အခြားအဖွဲ့များကမူ ၎င်းဥပဒေတွင် စီးပွားရေးလုပ်ကိုင်ရန် အန္တရာယ်ရှိသည့် အချက်အလက်များ ပါဝင်နိုင်သည်ဟု ခန့်မှန်းထားသည်။

#မြန်မာစစ်အစိုးရအင်တာနက်White List #အင်ထရာနက်ကို_မြန်မာစစ်တပ်_တီထွင်နေ

(((AP., 18 May 2021,” Report says Myanmar internet a ‘virtual battlefield’. By ELAINE KURTENBACH ” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်သာသာပြန်ဆိုသည်။

https://abcnews.go.com/Technology/wireStory/report-myanmar-internet-virtual-battlefield-77750869?cid=social_fb_abcn&fbclid=IwAR1ixGKRjgi-6K-8MrHwRjkvMcwOrzibAxTDw-aIYlhl-kqkBUKICwT0ZGQ 

+1

Leave a Reply

Your email address will not be published.