မြန်မာတပ်မတော်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ထိုင်း၊ အင်ဒိုနီးရှားတို့နှင့် ပထမဆုံးအကြိမ် ဆွေးနွေး၊ ကြိုတင်စီစဉ်မှုမရှိဟု ဆိုသော်လည်း ထိုင်း၏ ကမ်းလှမ်းချက်အရဟု သိရ၊ တွေ့ဆုံခြင်းအတွက် အသေးစိတ်သတင်းထုတ်ပြန်ခြင်း မရှိ။ ဒေါ်စုအား မတ် လ ၁-ရက်နေ့ရုံးထုတ်စစ်ဆေးဖွယ်ရှိ


စစ်အင်အားဖြင့် အာဏာသိမ်းယူခြင်းကြောင့် မြန်မာနိုင်ငံ၌ ၃-ပတ်ကြာမျှ အကြီးအကျယ် မငြိမ်သက်မှုများကို ဒေသတွင်း အင်အားများအကူအညီဖြင့် အဆုံးသတ်ရန်အားထုတ်သည့်အနေဖြင့် တပ်မတော်အစိုးရ၏ အကြီးတန်းအဖွဲ့ဝင်တစ်ဦးဖြစ်သော #နိုင်ငံခြားရေးဝန်ကြီး_ဦးဝဏ္ဏမောင်လွင် သည် ထိုင်းနိုင်ငံသို့ ဗုဒ္ဓဟူးနေ့ (ဖေဖော်ဝါရီ ၂၄) ၌ သွားရောက်လည်ပတ်ခဲ့ကြောင်း၊ အင်ဒိုနီးရှား-ထိုင်းနိုင်ငံတို့မှ အဆင့်တူပုဂ္ဂိုလ်များနှင့် ဆွေးနွေးခဲ့ရာ တပ်မတော်နှင့် ပြည်ပအစိုးရတို့အကြား ပထမဆုံးအကြိမ် တွေ့ဆုံမှုဖြစ်သည်ဟု Channel News Asia က ယမန်နေ့ရေးသားသည်။

..   
ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အရပ်ဘက်ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အား အင်အားအသုံးပြု၍ ဖယ်ရှားခြင်းကြောင့် နိုင်ငံအတွင်း ဆူညံစွာသဘောထားကွဲလွဲမှုများနှင့် ကန့်ကွက်ဆန္ဒပြမှုများနေစဉ်ဖြစ်ပေါ်နေချိန်တွင် မြန်မာ့တပ်မတော်သည် နိုင်ငံတကာ၏ အပြစ်တင် ဝေဖန်မှုမုန်တိုင်းနှင့်လည်း ရင်ဆိုင်ခဲ့ရသည်။

..  
#အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးရက်နိုမာဆူဒီ အနေဖြင့် အာဏာသိမ်းခြင်းခံထားရသည့်နိုင်ငံသို့ ချက်ချင်းသွားရောက်မည် မဟုတ်ကြောင်း ကြေညာချက်ထွက်ပေါ်လာသော်လည်း မြန်မာဘက်စာရွက်စာတမ်း ပေါက်ကြားမှုများက အင်ဒိုဝန်ကြီး ရောက်ရှိလာတော့မည်ဖြစ်ကြောင်း ဖော်ပြလျှက်ရှိသည်။ ထိုနောက် ယခုတွေ့ဆုံမှု ဖြစ်ပေါ်လာကြောင်း တွေ့ရှိရသည်။

..   
သို့သော်ငြားလည်း အလည်အပတ်ရောက်ရှိနေသော အင်ဒိုနီးရှားဝန်ကြီးးသည် ဦးဝဏ္ဏမောင်လွင်နှင့် ထိုင်းနိုင်ငံ၌ တွေ့ဆုံကြောင်း၊ ထိုနေ့မှာပင် အင်ဒိုဝန်ကြီးသည် #ထိုင်းနိုင်ငံခြားရေးဝန်ကြီး_ဒွန်ပရာမက်ဝီနိုင် နှင့် တွေ့ဆုံ ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောခွင့်ရပုဂ္ဂိုလ်က သတင်းထောက်များမေးမြန်းချက်ကို စာဖြင့်ရေးသားအတည်ပြုသည်။

..  
ဝန်ကြီး ၃-ဦးတို့ တွေ့ဆုံခဲ့ခြင်း မှန်ကန်သော်လည်း ထိုအတွက် ကြိုတင်စီစဉ်ထားခြင်း မရှိခဲ့ကြောင်း ထိုင်းပြောခွင့်ရပုဂ္ဂိုလ်က ဆိုသော်လည်း အခြားထိုင်းအစိုးရသတင်းရင်းမြစ်ကမူ ထိုင်းနိုင်ငံ၏ အဆိုပြုချက်အရ ထိုင်း-အင်ဒို-မြန်မာ ၃-နိုင်ငံဝန်ကြီးများတွေ့ဆုံကြခြင်းဖြစ်ကြောင်း ပြောဆိုသည်။ထိုသို့ တွေ့ဆုံခြင်းနှင့်ပတ်သက်၍ အသေးစိတ်သတင်းထုတ်ပြန်ခြင်း မရှိချေ။

..  
မည်သည့်အစည်းအဝေးဖြစ်သည်ကို အတည်ပြုခြင်း မရှိသော်လည်း ၂၀၁၄ အာဏာသိမ်းမှုအပြီးတွင် ထိုင်းဝန်ကြီးချုပ်ဖြစ်လာသူ ပရာယွတ်ချန်အိုချာကမူ အဆိုပါကိစ္စကိုနိုင်ငံခြားရေးဝန်ကြီးဌာနက ကိုင်တွယ်နေကြောင်း၊ အင်ဒိုနီးရှားနှင့် မြန်မာအာဆီယံ နှစ်နိုင်ငံတို့သည် ချစ်ကြည်ရင်းနှီးသောအိမ်နီးချင်းများဖြစ်ကြောင်း နောက်ထပ် ဆက်လာမည့်မေးခွန်းများအား အပြီးသတ်ဖြေကြားသည်။

..  
ဗုဒ္ဓဟူးနေ့ စောစောပိုင်း၌ မြန်မာနိုင်ငံ၏ စီးပွားဖြစ်အချက်အချာဖြစ်သော ရန်ကုန်ရှိအင်ဒိုနီးရှားသံရုံးရှေ့တွင် ရာနှင့်ချီသော ကန့်ကွက်ဆန္ဒပြသူများ စုရုံးခဲ့သည်ကို နှစ်ရက်ဆက်တိုက် တွေ့ရှိရသည်။

..  
အင်ဒိုနီးရှားက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ( နစအ ) ဟု တရားဝင်ခေါ်ဆိုသည့် တပ်မတော်အစိုးရနှင့် ညှိနှိုင်းဆွေးနွေးသည်ဟု ယူဆ၍ ဒေါသထွက်လျှက်ရှိသော ဆန္ဒပြသူများသည် “ သူတို့နဲ့ ဆွေးနွေးတာ ရပ် “ “အင်ဒိုနီးရှား၊ အာဏာရှင်ကို မထောက်ခံပါနှင့်” “ ကျွနု်ပ်တို့၏ ဆန္ဒမဲများကို လေးစားပြီး ကျွနု်ပ်တို့၏ အသံကို နားထောင်ပါ “ ဟူသော ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။

..  
ဖေဖော်ဝါရီ ၁ ရက် အာဏာထိန်းပြီးချိန်မှစ၍ မြန်မာနိုင်ငံတွင် ဒေါသအဟုန်ကိုတွေ့မြင်ကြရပြီး နိုင်ငံတဝှန်း ကန့်ကွက်သူ ထောင်ပေါင်းများစွာတို့က ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။

..  
ဒေါ်အောင်ဆန်းစုကြည်၏ပါတီက အပြတ်အသတ်အနိုင်ရခဲ့သော နိုဝင်ဘာရွေးကောက်ပွဲမှာ မဲမသမာမှု ကျယ်ပြန့်စွာ ဖြစ်ခဲ့ကြောင်း စွပ်စွဲခဲ့သည့် မြန်မာ့တပ်မတော်ကမူ ၎င်းတို့အနေဖြင့် ထိုသို့ လုပ်ဆောင်ရခြင်းမှာ တရားမျှတကြောင်း ပြသလျှက်ရှိသည်။

..   
အာဏာယူပြီးကတည်းက တပ်မတော်အစိုးရသည် ညပိုင်း အင်တာနက်ဖြတ်တောက်ထားရန် အမိန့်ပေးခဲ့ပြီး ဆန္ဒပြမှုနှိမ်နင်းရေး နည်းဗျူဟာအား တစ်ဆင့်ခြင်း အားဖြည့်သည့်အနေဖြင့် အာဏာသိမ်းမှု ဆန့်ကျင်သူ ရာပေါင်းများစွာတို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သည်။

..  
( လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ) ကန့်ကွက်ဆန္ဒပြခြင်းများအတွက် ရေအမြောက်နှင့် ရာဘာကျည်များ၊ မျက်ရည်ယိုဓါတ်ငွေ့များကို ထိထိရောက်ရောက် အသုံးပြုသကဲ့သို့ ခြွင်းချက်ဖြစ်စဉ်များတွင် ကျည်အစစ်အသုံးပြု ကြောင်း တွေ့ရှိရသည်။

..  
ယခုချိန်အထိ အာဏာသိမ်းမှု ဆန့်ကျင်ရေးဆန္ဒပြသူ ၃- ဦး သေဆုံးခဲ့ရပြီး ရန်ကုန်မြို့တွင် လူတစ်ဦးမှာ ရပ်ကွက်အတွင်း သွားလာစဉ် ညဘက်ဖမ်းဆီးမှု၌ ပစ်သတ်ခြင်းခံရသည်။
..
ဗုဒ္ဓဟူးနေ့တွင် တိုင်းရင်းသားလူမျိုးစုများရိုးရာဝတ်စုံများကို ဝတ်ဆင်ထားသည့် ရန်ကုန်မြို့ရှိ ဆန္ဒပြသူများမှအစ ဆင်များကို စီးနင်းဆန္ဒပြသည့် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့တော် မန္တလေးမြို့အထိ နိုင်ငံတစ်ဝှန်းလုံး၌ ဆန္ဒပြမှုများဆက်လက်ဖြစ်ပွားခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့များ၏ပစ်ခတ်မှုကြောင့် စနေနေ့၌ သေဆုံးခဲ့ရသူ အသက် ၁၇ နှစ်အရွယ် ဝေယံထွန်း၏ မီးသြင်္ဂိုဟ်ခြင်း အခန်းအနားကိုလည်း မန္တလေး၌ ပြုလုပ်ခဲ့သည်။

..  
ဒေါ်အောင်ဆန်းစုကြည်သည် အရုဏ်တက်ချိန် စီးနင်းမှုတွင် ထိန်းသိမ်းခဲ့ရပြီးကတည်းက လူမြင်ကွင်းမှ ပျောက်ကွယ်လျှက်ရှိသည်။ နိုဘယ်ဆုရှင်သည် ၎င်း၏နေအိမ်၌ မှတ်ပုံတင်ထားခြင်းမရှိသော လမ်းလျှောက် စကားပြောစက်များ တွေ့ရှိမှု၊ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ကပ်ရောဂါကာလ စည်းမျဉ်းများကိုချိုးဖောက်မှုတို့ဖြင့် တရားစွဲဆိုခြင်း ခံထားရပြီး လာမည့် မတ်လ ၁ ရက်နေ့တွင် ရုံးထုတ်စစ်ဆေးမှုစတင်မည်ဟု မျှော်လင့်ရသည်။

..  
(( ယမန်နေ့ ညပိုင်းတွင် နိုင်ငံတကာမီဒီယာများ၌ မြန်မာ- ထိုင်း- အင်ဒိုနီးရှားတို့ှ၏ ဆွေးနွေးပွဲနှင့် ပတ်သက်သော သတင်းများ ဆက်တိုက်တွေ့ရပါသည်။ ၎င်းတို့တွင် ဆွေးနွေးပွဲနှင့် ပတ်သက်၍ ထိုင်းနှင့် အင်ဒိုနီးရှား၏ သံတမန်ရေး ပြောဆိုချက်များနှင့် သတင်းဝေဖန်ချက်များလည်း ပါဝင်သည်။ ၎င်းတို့တွင် ယခုသတင်းမှာ ဖြစ်စဉ်တွင် အဓိကအကျဆုံးဟု ယူဆပါသဖြင့် ဦးစွာ ဖော်ပြလိုက်ပါသည်။

..  
ကျန်သတင်းများကို အခြားအရေးကြီးသတင်း မရှိ-အချိန်ရလျှင် ဆက်လက်ဖော်ပြပါမည်။ ။သတင်းဘာသာ ပြန်သူ ))
..
(((Channel News Asia., 24 Feb 2021, “ Myanmar junta’s top diplomat in talks with Thailand, Indonesia.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

..  
https://www.channelnewsasia.com/news/asia/myanmar-coup-thailand-indonesia-foreign-minister-meeting-14272206 

0

Leave a Reply

Your email address will not be published.