မြန်မာတွင် အစိုးရသစ် ဖွဲ့စည်ပြီးနောက် ဒုက္ခသည်ဘင်္ဂါလီများ နေရပ်ပြန်ရေး ဘင်္ဂလားဒေရှ်- တရုတ်-မြန်မာ သုံးပွင့်ဆိုင်ဆွေးနွေးပွဲများပြုလုပ်နိုင်လိမ်မည်ဟု ဘင်္ဂလားဒေရှ့်မျော်လင့်။ ဒုက္ခသည် ၁.၁ သန်းတို့အနေနှင့် ၎င်းတို့ ဇာတိမြန်မာသို့ ပြန်မသွားနိုင်လျှင် ဒေသတွင်းနှင့် နိုင်ငံတကာလုံခြုံ ရေးလထိခိုက်မည်ဟု ပြော

  
မြန်မာပြည်တွင် မကြာမီ အစိုးရသစ်တစ်ရပ်ကို ဖွဲ့စည်းပြီးသည့်နောက် ဒုက္ခသည်ဘင်္ဂါလီ ( မူရင်း ရိုဟင်ဂျာဟု ဖော်ပြ ) များ နေရပ်ပြန်ရေးအတွက် ဆွေးနွေပွဲများ ပြန်လည်စတင်နိုင်လိမ့်မည်ဟု မိမိတို့အနေဖြင့် အကောင်း ရှုမြင်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ အေကေအဗ္ဗဒူမိုမန်က ပြောကြားသည်ဟု Daily Star က ယနေ့ရေးသားသည်။ 


ကျွန်ုပ်တို့တွင် အပြုသဘောဆောင်သည့် မျှောင့်လင့်ချက်များရှိနေပြီး နိုင်ငံခြားရေးဝန်ကြီးများအဆင့် ဘင်္ဂလားဒေ့ရှ်- တရုတ်-မြန်မာ သုံးနိုင်ငံဆွေးနွေးပွဲကို တရုတ်နိုင်ငံ ပေကျင်းမြို့တွင် မကြာမီ နှောင့်နှေးခြင်းမရှိပဲ ကျင်းပနိုင်လိမ့်မည်ဖြစ်ကြောင်း သတင်းထောက်များအာ မိုမန်က ပြောဆိုသည် ။


ဒုက္ခသည်ဘင်္ဂါလီများအား နေရပ်ပြန်စေရမည်ဟု ကတိအမျိုးမျိုးပေးခဲ့သည် မြန်မာသည် လွန်ခဲ့သည့် ၃-နှစ်အတွင်း ရခိုင်ပြည်နယ်သို့ှ ပြန်သွားသည့် ဒုက္ခသည်တစ်ဦးယောက်မျှ မရှိချေ။ 

  
ဒုက္ခသည်များနှင့်အကြား ယုံကြည်မှုတည်ဆောက်ရန်မှာ မြန်မာဘက်မှသာ ကိုင်တွယ်ဖြေရှင်းရမည့် ပြဿ နာဖြစ်ကြောင်း၊ မြန်မာက ၎င်းတို့နိုင်ငံသားများအား ပြန်လည်ခေါ်ယူမည်ဖြစ်ကြောင်း ကတိကဝတ်အပြင် ရခိုင်ပြည်နယ်တွင် ၎င်းတို့ဘက်က လုပ်ဆောင်ခဲ့သည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ စာအုပ်ငယ်ရေးသားက ဒုက္ခသည်များသိစေရန် ဖြန်ဝေပေးခဲ့ကြောင်း။ 


တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီကလည်း မြန်မာက ဘင်္ဂလားဒေ့ရ်ှနိုင်ငံတွင် ယာယီခိုလှုံနေကြသော ဒုက္ခသည်များအား မကြာမီ ပြန်လည်ခေါ်ယူစေရပါမည်ဟု အာမခံပေးခဲ့ကြောင်း၊ ဒုက္ခသည်များနေရပ်ပြန်ပို့ရေးကိစ္စနှင့် ပတ်သက်၍ တရုတ်နှင့် မြန်မာအကြား ပုံမှန်ဆက်သွယ်မှုများ ဆက်လက်တည်ရှိနေသည် ဟု ဝမ်ယီက ပြောဆိုကြောင်း 


AP သတင်းဋ္ဌာန၏ အဆိုအရ တနင်္လာနေ့ ရွေးကောင်ပွဲတွင် မြန်မာနိုင်ငံ၏ လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည်ပါလီမန်၌ အမတ်နေရာအများစုရရှိပြီး အစိုးရဖွဲ့နိုင်ရန်အတွက် အရေမတွက် ရရှိခဲ့သည်ဟုပြောဆိုခဲ့သည်။


ပြည်နယ် ရွေးကောက်ပွဲကော်မရှင်သည် တနင်္ဂနွေရွေးကောက်ပွဲမှရလဒ်များကိုထုတ်ပြန်ခြင်းမရှိသေးသော်လည်း ယခုကဲ့သို့ သတင်းများ ထွက်ပေါ်ခြင်းဖြစ်သည်ဆို၏။ 



NLD ပြန်ကြားရေးကော်မတီပြောရေးဆိုခွင့်ရှိသူမုံရွာအောင်ရှင်က“အမတ်နေရာ ၆၄၂ နေရာရှိတဲ့ ပါလီမန်မှာ ကျနော်တို့ အခုနေရာ ၃၂၂ ခုကျော်ရရှိထားပြီဆိုတာကို အခုအတည်ပြုနိုင်ပြီ။ “ကျနော်တို့က စုစုပေါင်းထိုင်ခုံ ၃၇၇ ရဖို့ ရည်ရွယ်ထားတယ်။ ဒါပေမယ့်ဒီထက်ပိုပြီးဖြစ်နိုင်ဖွယ်ရှိတယ်” ဟု ပြောကြားသည်။ 


နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ မိုမန်မူ ဘင်္ဂလားဒေ့ရ်ှ အစိုးရအနေနှင့် မြန်မာနိုင်ငံတွင် အာဏရရှိလာမည့် အစိုးရသစ်ကိုကြိုဆိုမည်ဖြစ်ကြောင်း ပြောဆိုသည်။ သို့သော် စောင့်ရှောက်မှုမခံရသည့် ဒုက္ခသည်ဘင်္ဂါလီ ၁.၁ သန်းတို့ အနေနှင့် ၎င်းတို့၏ ဇာတိမွေးရပ်မြေ မြန်မာနိုင်ငံသို့ ပြန်သွားရန် အခွင့်ရေးမရသမျှကာလပတ်လုံး ဒေသတွင်းနှင့် နိုင်ငံတကာလုံခြံရးအား ထိပါးစေလိမ့်မည်ဖြစ်ကြောင်း မိုမန်က ပြောဆိုသည်။ 

#မြန်မာအစိုးရသစ်နှင့်တရုတ်ဘင်္ဂလားဒေ့ရှ်မြန်မာဒုက္ခသည်နေရပ်ပြန်ရေး

((( The Daily Star., November 09, 2020,” Rohingya repatriation: .haka hopeful of tripartite talks after new govt is formed in Myanmar.” ကို #HtayOung, #OungMraine ဆီလျော်အောင် ကောက်နှုတ် သာသာပြန်ဆိုသည် ။))) 

+1

Leave a Reply

Your email address will not be published.