မြန်မာတွင် အာဏာသိမ်းမှုက ဒုက္ခသည်ဘင်္ဂါလီများနေရပ်ပြန်ရေးကို အနှောက် အယှက်ဖြစ်လာမည်လား၊ မြန်မာနိုင်ငံတွင် မည်သူက အာဏာပိုင်သည်ဆိုခြင်းမှာ ဘင်္ဂလားဒေ့ရှ်အတွက် အရေးမကြီး၊ မြန်မာအပေါ် နိုင်ငံတကာအကြီးစားဒဏ်ခတ်ပိတ်ဆို့မှုများ ပြဋ္ဌာန်း၍ ဖိအားပေးလာမည်ကို စောင့်ကြည့်မည်


အတင်းအဓမ္မ နေရပ်စွန့်ခွာခဲ့ရသော ဒုက္ခသည်ဘင်္ဂါလီ ( မူရင်း ရိုဟင်ဂျာဟုဖော်ပြ ) တစ်သန်းကျော်ကို လက်ခံထားရသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် ၎င်းတို့အား မြန်မာနိုင်ငံသို့ နေရပ်ပြန်စေရေးအတွက် သုံးနှစ်ခွဲတာ ကာလအတွင်း နိုင်ငံတကာဖိုရမ်များတွင် အသည်းအသန် လှုံဆော်ခဲ့ရသည်။..   
သို့သော်လည်း ဒုက္ခသည်များအနေဖြင့် ၎င်းတို့၏ ဇာတိမြေသို့ ပြန်သွားရေးမှာ တရုတ်၏ ကြားဝင်စေ့စပ်ပေးသောဆွေးနွေးပွဲများအရ မျှော်လင့်ချက် မြင့်တက်လာချိန်တွင် ၎င်းနိုင်ငံအစိုးရမှာ စစ်ဖက်၏ အာဏာသိမ်းမှုဖြင့် ဖြုတ်ချခံရပြီး မြန်မာ၌ နိုင်ငံရေး မငြိမ်မသက်ဖြစ်နေသည်။..  
ထိုသို့ ကသောင်းကနင်းများဖြစ်နေလင့်ကစား မြန်မာနိုင်ငံတွင် အာဏာပြောင်းလဲမှုမှာ ဒုက္ခသည်ဘင်္ဂါလီအရေးကိစ္စ၌ အဆိုပါနိုင်ငံ၏ ရပ်တည်ချက်ကို ပြင်ဆင်ရာရောက်လိမ့်မည် မဟုတ်ဟု လေ့လာသုံးသပ်သူများနှင့် ယခင်သံတမန်ဟောင်းများက ယုံကြည်သည်။..  
ယခု ဖြုတ်ချခံထားရသော အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အာဏာရရှိချိန်၌ပင်လျှင် နောက်ကွယ်မှ စစ်တပ်စေခိုင်းသည့်အတိုင်း သဏ္ဍာန်လုပ်နေခြင်းဖြစ်သည်ဟု သူတို့က ဆင်ခြေပေးခဲ့ကြသည်။ ယခုအခါတွင် တစ်ခုတည်းသော ခြားနားချက်မှာ စစ်တပ်ကိုယ်တိုင် ရှေ့ဖက်သို့ ရောက်ရှိလာခြင်းဖြစ်သည်။..  
သို့သော် မြန်မာ့တပ်မတော်ဦးဆောင်သည့်အစိုးရအပေါ် နိုင်ငံတကာ၏ တုန့်ပြန်မှုဖြင့် တိုင်းတာသင့်သည်ဟု လေ့လာသုံးသပ်သူများက ( ဘင်္ဂလားဒေ့ရှ်အစိုးရအား ) တိုက်တွန်းကြသည်။..   
ဘင်္ဂလားဒေ့ရှ်နိုင်ငံက သဘောတူညီချက် ရရှိထားသည်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်းမဟုတ်( ဒေါ်စု၏ ) ပါတီနှင့်လည်း မဆိုင်ပါ၊ မြန်မာနိုင်ငံနှင့် သဘောတူညီချက် ရရှိထားခြင်းသာဖြစ်သည်၊ ထိုသို့သဘောတူညီခဲ့သည့်အတိုင်း ဒုက္ခသည်များ နေရပ်ပြန်ရေးကို ဆောင်ရွက်နိုင်လိမ့်မည်ဟု ဒါကာတက္ကသိုလ်မှ နိုင်ငံတကာဆက်ဆံရေးပညာပါမောက္ခ အမ်တီရာအာမက်ကမူ ရှု့မြင်သည်။..  
နိုင်ငံခြားရေးဝန်ကြီးဟောင်း တူဟစ်ဟူစိန်ကမူ ဒုက္ခသည်ဘင်္ဂါလီများ နေရပ်ပြန်ရေးတွင် ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရအနေဖြင့် မြန်မာ့တပ်မတော်နှင့် တိုင်ပင်၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟုယုံကြည်သည်။ မြန်မာ့တပ်မတော် အလိုရှိသည့်အတိုင်း ( ဒေါ်အောင်ဆန်းစုကြည်အစိုးရက ) လုပ်ကိုင်ပေးနေရသည်၊ ယခု တပ်မတော်က ( ထင်ထင်ရှားရှား ) ပေါ်လာပြီဖြစ်၍ အပြောင်းအလဲကြီးကြီးမားမား ဖြစ်လာနိုင်စရာမရှိ၊ အပြုသဘောဆောင်သည့် အပြောင်းအလဲ ဖြစ်လာနိုင်စရာလည်း မရှိဟု ထင်မြင်သည်။..  
ဒုက္ခသည်ဘင်္ဂါလီ ၇၀၀,၀၀၀ ကျော်တို့မှာ ၂၀၁၇ -ခုနှစ်တွင် မြန်မာ့တပ်မတော်၏ ဖြိုခွင်းမှုကြောင့် နယ်စပ်ဖြတ်ကျော်၍ ထွက်ပြေးကြခြင်းဖြင့် ဘင်္ဂလားဒေ့ရ်ှနိုင်ငံ၏ လက်ခံထားရသည့် ဒုက္ခသည်အရေအတွက်မှာ ၁-သန်းကျော်လာခဲ့ရသည်။..  
ဘင်္ဂလားဒေ့ရ်ှမှာလည်း မြန်မာနိုင်ငံမှ အိုးအိမ်စွန့်ခွာထွက်ပြေးရသူများကို နေရပ်ပြန်ပို့ရေးအတွက် မြန်မာနှင့်သဘောတူညီမှုလက်မှတ်ရေးထိုးရတော့သည်။ သို့သော်ငြားလည်း မွတ်ဆလင်ဒုက္ခသည်များအတွက် ဗုဒ္ဓဘာသာအများစုနေထိုင်သည့်နိုင်ငံတွင် နိုင်ငံသားဖြစ်ရန် အခွင့်အရေးမပေးအပ်ပဲ ပြန်လာရန်ငြင်းဆန်သောကြောင့် ၎င်းတို့၏ နေရပ်ပြန်ရေးမှာ နှစ်ကြိမ်တိုင် ရပ်ဆိုင်းခဲ့ရသည်။..  
 နိုင်ငံခြားရေးဋ္ဌာန အတွင်းဝန် မာဆန်ဘင်မိုမန်က သူ့အနေဖြင့် ယခုနှစ် ဒုတိယသုံးလပတ်၌ နေရပ်ပြန်ရေး ပြန်လည်စတင်နိုင်မည်ဟု မျှော်လင့်ကြောင်း နောက်ပိုင်း၌ ဆိုပါသည်။ ..သို့သော်လည်း မြန်မာနိုင်ငံတွင် ယခု နောက်ဆုံးဖြစ်ပေါ်နေမှုများက အပြောင်းအလဲဖြစ်လာလေမည်လားဟု နိုင်ငံခြားရေးဝန်ကြီးဟောင်း တူဟစ်ဟူစိန်က သံသယရှိနေသည်။ အခြေအနေကြောင့် လုပ်ငန်းစဉ်ကို ( မြန်မာဘက်က ) နှောင့်နှေးအောင် လုပ်လာနိုင်သည်။ ဖေဖော်ဝါရီတွင် တွေ့ဆုံဆွေးနွေးဖြစ်မည်ဟု ထင်မှတ်ထားပုံလည်း မတွေ့ရ၊ ၎င်းအချိန်ကို ရွှေ့ဆိုင်း ထားနိုင်သော်လည်း တွေ့ဆုံဆွေးနွေးမည်ဆိုလျှင်လည်း ဖြစ်နိုင်သည်ဟု ယူဆသည်။..  
နိုင်ငံခြားရေးဝန်ကြီးဟောင်း တူဟစ်ဟူစိန်က ဘင်္ဂလာဒေ့ရှ်အစိုးရအနေဖြင့် ဒုက္ခသည်ဘင်္ဂါလီ ၈၅၀,၀၀၀ နေရပ်ပြန်ရေးအတွက် လမ်းပြမြေပုံတစ်ခု ရေးဆွဲရေးကို ( မြန်မာနှင့် ) ဆွေးနွေးစေလိုသော အာသီသရှိသည်။..  
ဒုက္ခသည်ဘင်္ဂါလီအချို့မှာ ၎င်းတို့အတွက် ( နိုင်ငံသား ) ရရှိရေးနှင့် အခြေခံလူ့အခွင့်အရေးများ အာမခံချက်မရှိလျှင် ပြန်သွားကြရန် သဘောတူမည်မဟုတ်၊ ထိုသို့ဆိုလျှင် နှစ်ထောင် သို့မဟုတ် လေးထောင် သို့မဟုတ် ၂၀၀,၀၀၀ လောက်အထိကို ပြန်ပို့စရာ နည်းလမ်းမရှိဖြစ်နေမည်ဟု မှတ်ယူသည်။..   
သို့ရာတွင် ၁၉၇၀-ခုနှစ်နှင့် ၁၉၉၀-ပြည့်နှစ်တို့၌ မြန်မာ့တပ်မတော်က ဦးစီးသည့် ( ဒုက္ခသည်ဘင်္ဂါလီများ ) နေရပ်ပြန်ရေး ၂-ကြိမ်ရှိခဲ့ဖူးသည်။ ထိုစဉ်က ( မြန်မာနိုင်ငံသည် ) ဒီမိုကရေစီတိုင်းပြည်မဟုတ်သေးကြောင်း ပါမောက္ခ အမ်တီရာအာမက်က ထောက်ပြသည်။..  
မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ၃-နှစ်တာကာလအတွင်း ဒီမိုကရေစီရရှိခဲ့သည်ဆိုသော်လည်း မည်သည့် အကျိုးကျေးဇူးမှ မယ်မယ်ရရ မရရှိခဲ့။ နေရပ်ပြန်ရေးလုပ်ငန်းစဉ်ကိုပင် စတင်ခြင်းမရှိသေး၊ ( မြန်မာနိုင်ငံတွင် ) မည်သူက အာဏာပိုင်ဆိုင်သည်ဆိုခြင်းမှာ ( ဘင်္ဂလားဒေ့ရှ်အတွက် ) စိုးရိမ်စရာ အကြောင်းမရှိဟု ရှင်းပြသည်။ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းမှ မည်သည့်ဖိအားပေးမှုမျိုး ပေးနေသည်ဆိုခြင်းနှင့် ( မြန်မာက ) မည်သို့ တုန့်ပြန်သည်ဆိုခြင်းအား လေ့လာခြင်းကိုသာ ပါမောက္ခ အမ်တီရာအာမက်က လိုလားသည်။..  
အရာအားလုံးမှာ ဥရောပသမဂ္ဂ၊ ဂျပန်၊ အိန္ဒိယ၊ ဗြိတိန်နှင့် အမေရိကန်အပါအဝင်နိုင်ငံတကာအသိုင်းအဝိုင်း၏ တုန့်ပြန်မှုအပေါ်၌သာ မူတည်သည်။ ၎င်းတို့က မြန်မာအပေါ် အကြီးစား ဒဏ်ခတ်ပိတ်ဆို့မှုများ ပြဋ္ဌာန်း၍ ဖိအားပေးလာမည်လားဆိုသည်ကို စောင့်ကြည့်ရမည်ဖြစ်ပြီး နိုင်ငံတကာအုပ်စုက တစ်နှစ်ခန့်စောင့်ကြည့်၍ ယခင်အတိုင်းလုပ်ရန် ပြောဆိုလာပါက အာဏာသိမ်းမှုမှာ ၎င်းတို့ထံမှ အထောက်အပံ့တစ်စုံ တစ်ရာဖြစ်လာစရာရှိကြောင်း ထင်ရှားသည်ဟု ဒါကာတက္ကသိုလ်မှ နိုင်ငံတကာဆက်ဆံရေးပညာပါမောက္ခ အမ်တီရာအာ မက်ကမူ သုံးသပ်သည်။..  
#မြန်မာတွင်စစ်ဖက်အာဏာသိမ်းခြင်းနှင့်ဘင်္ဂါလီများနေရပ်ပြန်ရေးအလားအလာ
..
((( Bdnews24., 02 Feb 2021, “ Will the Myanmar coup upset the Rohingya repatriation plans? Analysts say no. By: Masum Billah.” ကို #HtayOung, #OungMarine ဆီလျော်အောက် ကောက်နှုတ် ဘာသာပြန်ဆိုသည်။ )))
..
https://bdnews24.com/bangladesh/2021/02/02/will-the-myanmar-coup-upset-the-rohingya-repatriation-plans-analysts-say-no.

0

Leave a Reply

Your email address will not be published.