မြန်မာနယ်စပ်အနီး စိန့်မာတင်ကျွန်းတွင် ဘင်္ဂလားဒက်ရှ်က လက်နက်ကြီး၊ စက်သေနတ်တင်ရေယာဉ်တို့ဖြင့် အခိုင်အမာအင်အားဖြည့်တင်းနေ။ ကုန်းတွင်းပိုင်း နယ်စပ်တစ်လျှောက် လမ်းဖောက်လုပ်ခြင်း စတင်၍၊ ဘင်္ဂလားဒက်ရှ် နယ်ခြားခြံစည်းရိုး ကာရံမည်။

မြန်မာနိုင်ငံ ရခိုင်မြောက်ဖျားနယ်စပ်တစ်ဖက်ကမ်း ကော့ခ်ဘဇားတောင်ဖက်အနီး စိန့်မာတင်ကျွန်းတွင် ဘင်္ဂလားဒက်ရှ်အစိုးရတာဝန်ရှိသူတို့နှင့် နယ်ခြားစောင့်တပ် ( BGB ) တို့က အခိုင်အမာ အင်အားဖြည့်တင်းလျှက်ရှိရာ တင့်ကားပစ်ဒုံးကျည်စံနစ် ၁၄-ခုနှင့် ဘက်စုံသုံး အမြန်သွား စက်သေနတ်တင်ရေယာဉ်များ ပါဝင်ကြောင်း BGB က ကြာသပတေးနေ့တွင် ပြောဆိုသည်ဟု Irrawaddy ( English ) က ယမန်နေ့ ရေးသားသည်။

ယမန်နေ့ ဒါကာမြို့ သတင်းစာတွေ့ဆုံပွဲတွင် ဘင်္ဂလားဒက်ရှ်ပြည်ထဲရေးဝန်ကြီးဋ္ဌာန တာဝန်ရှိသူများ၏ ပြောဆိုချက်အရ မြန်မာ-ဘင်္ဂလားဒက်ရှ်နယ်စပ်တစ်လျှောက် ကုန်းလမ်းဖောက်လုပ်ခြင်း စတင်မည်ဖြစ်ပြီး ဘင်္ဂလားဒက်ရှ်ကလည်း နယ်စပ်ခြံစည်းရိုးကာရန် အစီအစဉ်ရှိကြောင်း သိရှိရသည်။

လွန်ခဲ့သည့် နိုဝင်ဘာ ၁၄ မှ ၁၈ ရက်နေ့အတွင်း ဘင်္ဂလားဒက်ရှ်နယ်ခြားစောင့်တပ်ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ရှဖီနူးအစ္စလာမ်နှင့် အခြား အဖွဲ့ဝင် ၃-ဦးတို့က ၎င်းတို့ လက်ခံရရှိသော Corsar တင့်ကား ပစ်ဒုံးကျည်စံနစ်ကို ကျည်အစစ်ဖြင့် ပစ်ခတ်စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း၊ လက်ခံရယူခြင်းကို ဆက်လက်၍ ဆောင်ရွက်နေဆဲဖြစ်ကြောင်း၊ BGB အနေဖြင့် မြန်မာနယ်စပ် ဘင်္ဂလားဒက်ရှ်ရေပြင်ပိုင်နက်တစ်လျှောက် အချိန်ပြည့် စောင့်ကြပ်ရန် ခေတ်မီရေယာဉ်များ ဖြန့်ချထားပြီးဖြစ်ကြောင်း၊ လာမည့် ဇန်နဝါရီ ၅-ရက်မှ ၉ ရက်နေ့အတွင်း မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ BGP နှင့် နှစ်နိုင်ငံ ထိပ်တန်းအရာရှိကြီးများအဆင့် ဆွေးနွေးရန် စီစဉ်ထားပြီး ဖြစ်ကြောင်း ဘင်္ဂလားဒက်ရှ်ပြည်ထဲရေး ဝန်ကြီးဋ္ဌာနက ပြောဆိုသည်။

ယူအေအီးအခြေစိုက် Gulf Craft မှ ထုတ်လုပ်သော အမြန်သွားရေယာဉ် ၄-စင်းကို ဘင်္ဂလားဒက်ရှ်က လက်ခံရရှိခဲ့သည်ဆို၏။ ၎င်းတို့အနက် အနည်းဆုံး ၂-စီးကို စက်သေနတ်တပ်ဆင်လျှက် ဘင်္ဂလားပင်လယ်အော်မှ တက္ကနဖ်-ကော့ခ်ဘဇားဝင်ပေါက် နှစ်နိုင်ငံနယ်ခြား နတ်မြစ်အတွင်း တာဝန်ချမည်ဖြစ်သည်။

ဘင်္ဂလားဒက်ရှ်အစိုးရသည် ၂၀၁၉-ခုနှစ် ဧပြီလတွင် စိန့်မာတင်ကျွန်း၌ BGB နယ်ခြားစောင့် တပ်ဖွဲ့ဝင်များကို တပ်ချထားစေခဲ့ရာ ၂၂-နှစ်တာ ကာလအတွင်း ပထမဆုံးအကြိမ်ဖြစ်သည်ဟု ဆိုနိုင်သည်။ လက်နက်ကြီးများ တပ်ဆင်ထားသည့် ၎င်းတပ်ဖွဲ့ဝင်များတွင် ဘင်္ဂလားဒက်ရှ်ကမ်းခြေစောင့်တပ်ဖြင့် အင်အားဖြည့်တင်းထားကြောင်း၊ အဆိုပါနယ်မြေ၌ ထိုသို့ တပ်အင်အားချထားရခြင်းမှာ မြန်မာတို့က ဘင်္ဂလားဒက်ရှ်အား တစ်စုံတစ်ရာ အသိပေးခြင်းမရှိပဲ နတ်မြစ်တစ်ဖက်ကမ်း ၎င်းတို့ပိုင်နက်ခြမ်းတွင် သံမဏိအမိုးအကာ အဆောက်အအုံများ အခိုင်အမာ တည်ဆောက်လာ၍ဖြစ်ကြောင်း၊ ဘင်္ဂလားဒက်ရှ်အနေဖြင့် မြန်မာနိုင်ငံနှင့် ယုံကြည်စိတ်ချမှု့ကို ပြသရန် ကြိုးစားလျှက်ရှိသည်ဟု သတင်းစာတွေ့ဆုံပွဲတက်ရောက်သော အမည်မဖော်လိုသူ အရာရှိ တစ်ဦးက ပြောဆိုသည်။

(( ဘင်္ဂလားဒက်ရှ်က ၎င်းနိုင်ငံပိုင် စိန့်မာတင်ကျွန်းတွင် ၎င်း၏ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ အင်အားတိုးမြှင့်ခြင်းမှာ နှစ်နိုင်ငံနယ်စပ် ကုန်းလမ်းဖောက်လုပ်ခြင်း၊ နယ်ခြားခြံစည်းရိုးကာရံခြင်း လုပ်ငန်းဆောင်ရွက်ဆဲတွင် လုံခြုံရေးအရ ဖြစ်မည်ဟု မှတ်ယူပါသည်။

ဒီဇင်ဘာ – ၀၈၊ ၂၀၁၉ တွင်ဘင်္ဂလားဒက်ရှ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် မြန်မာနိုင်ငံသို့ ၄-ရက်ကြာ တရားဝင် ချစ်ကြည်ရေး ခရီးရောက်ရှိခဲ့သည်။ နေပြည်တော်၌ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံရာတွင် ထိုသို့ လမ်းဖောက်လုပ်မည့်အစီအစဉ်ကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း တွေ့ရှိရသည်။

ဘင်္ဂလားဒက်ရှ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ မြန်မာနိုင်ငံချစ်ကြည်ရေးခရီးစဉ်အတွင်း ဆွေးနွေးချက်များကို ပထမဆုံး Comment တွင် ရှု့ပါရန်။ ။ သတင်းဘာသာပြန်သူ ))

#စိန့်မာတင်ကျွန်း # ဘင်္ဂလားဒက်ရှ်နယ်ခြားစောင့်တပ်အင်အားဖြည့်တင်း

((( Irrawaddy., 2 January 2020, “Bangladesh Fortifies Island Near Myanmar With Heavy Weapons, Gunboats” ကို #HtayOung, #OungMarine ဆီလျှော်အောင် ကောက်နှုတ်ဘာသာပြန်ဆို သည်။ )))

( ဒီဇင်ဘာ – ၁၅၊ ၂၀၁၉ ) မြန်မာ့တပ်မတော်က ဒုက္ခသည်ဘင်္ဂါလီများ အမြန်ဆုံး နေရပ်ပြန်ရေး အာမခံသည်ဟု ဘင်္ဂလားဒက်ရှ်တပ်ချုပ်ပြောဆို။…

Posted by Htay Oung on Saturday, 14 December 2019
0

Leave a Reply

Your email address will not be published.