မြန်မာနယ်စပ်အနီး ရုပ်သံတာဝါတိုင်နှင့် တိုက်မိ၍ ဘင်္ဂလားဒေ့ရှ် လေကြောင်းကာကွယ်စောင့်ရှောက်ရေး Mi-17 ရဟတ်ယာဉ်တစ်စီး ပျက်ကျကြောင်း သတင်းထွက်ပေါ်။ ရဟတ်ယာဉ်တွင် လိုက်ပါလာသူ ၄- ဦး သေဆုံးဟု ဆို


လွန်ခဲ့သည့် စနေနေ့ ညနေပိုင်းတွင် ဘင်္ဂလားဒေ့ရှ်လေတပ်မတော် စစ်တကောင်းလေကြောင်းကာကွယ်စောင့်ရှောက်ရေးစခန်းမှ ရဟတ်ယာဉ်တစ်စီးသည် လေ့ကျင့်ပျံသန်းစဉ် စစ်တကောင်း အရှေ့တောင်ဘက် ၁၂၄-မိုင်ခန့်အကွာ ဘင်္ဂလားဒေ့ရှ် – မြန်မာနယ်စပ်အနီး၌ ရုပ်မြင်သံကြား ထပ်ဆင့်အားမြှင့် တာဝါတိုင်နှင့် တိုက်မိ၍ ပျက်ကျခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်မီဒီယာအချို့၏ ဖော်ပြချက်အရ သိရှိရသည်။ 

….

Mi Mi-17 ရယာဉ်ယာဉ်တွင် လိုက်ပါသွားသူ အုပ်မှူးလေသူရဲအပါဝင် စုစုပေါင်း ၄-ဦး သေဆုံးကြောင်း ဘင်္ဂလားဒေ့ရှ်တပ်မတော် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ( ISPR ) ၏ သတင်းထုတ်ပြန်ချက်၍ ဖော်ပြထားကြောင်း သိရှိရသည်။

 ….
ယခုဖြစ်စဉ်အပါအဝင်ဆိုလျှင် ဘင်္ဂလားဒေ့ရှ်လေကြောင်းကာကွယ်စောင့် ရှောက်ရေးတပ်၏ စစ်တကောင်းနယ်မြေ၌ ၃-လ မပြည့်မီ ဒုတိယအကြိမ်မြောက် လေယာဉ် မတော်တဆမှုဖြစ်သည်ဆို၏။ 

….မျက်မြင်သက်သေများ၏ ပြောဆိုချက်အရ ရဟတ်ယာဉ်သည် စစ်တကောင်းတောင်ဘက် လေကြောင်းကာကွယ်စောင့်ရှောက်ရေးကွင်းမှ ပျံတက်လာပြီး ၄၅ မိနစ်ခန့်အကြာတွင် အမြင့်မှ ထိုးစိုက်ကျလာခြင်းဖြစ်ကြောင်း၊ တာဝါတိုင်နှင့် တိုက်မိ၍ မီးလောင်ပေါက်ကွဲပြီး အပိုင်းအစများအဖြစ်ပျက်စီးသွားကြောင်း သိရရှိသည်။…. 

 
(( သတင်းတွင် Copyright ဖြင့် တားဆီးထားပါ၍ မူရင်းဓါတ်ပုံနှင့် Link အား မဖော်ပြနိုင်သည်ကို နားလည်ခွင့် လွှတ်နိုင်ပါရန် ။ ။ #HtayOung, #OungMarine သတင်းဘာသာပြန်သူ )) 

#မြန်မာနယ်စပ်အနီးရုပ်သံတာဝါတိုင်နှင့်ဘင်္ဂလားဒေရှ်စစ်ရဟတ်ယာဉ်တိုက်မိ 
#Mi_Mi-17_ဘင်္ဂလားဒေ့ရှ်လေကြောင်းကာကွယ်စောင့်ရှောက်ရေးရဟတ်ယာဉ်ပျက်ကျ 

0

Leave a Reply

Your email address will not be published.