မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့က သေနတ်နှင့်ပစ်ခတ်၍ တက္ကနဖ်တွင် ဘင်္ဂလားဒက်ရှ်နိုင်ငံသားတစ်ဦး သေဆုံ

ဘင်္ဂလားဒက်ရှ်နိုင်ငံ ကော့ခ်ဘဇားခရိုင် တက္ကနဖ်မြို့နယ်တွင် မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့ ( BGP ) က သေနတ်နှင့် ပစ်ခတ်၍ ဘင်္ဂလားဒက်ရှ်နိုင်ငံသားတစ်ဦး သေဆုံးပြီး အခြားတစ်ဦး ဒါဏ်ရာရရှိသည်ဟု ဘင်္ဂလားအခြေစိုက် Dhaka Tribune က ယနေ့ဖော်ပြသည်။

အင်္ဂါနေ့နံနက် စောစောပိုင်းတွင် အသက် ၃၅ နှစ်အရွယ်ရှိ နူးရ်မိုဟာမက်ဆိုသူသည် နယ်ခြားနတ်မြစ် တက္ကနဖ် ဟိုဝေယံယူနီယံအပိုင် ဂျိတ်မန်ခါလီတွင် ငါးဖမ်းနေစဉ် သေနတ်နှင့် ပစ်ခတ်ခံရသဖြင့် သေဆုံးခြင်းဖြစ်သည်ဆို၏။နူးရ်မိုဟာမက်မှာ နေရာ၌ သေနတ်ထိမှန်သေဆုံးပြီး ၎င်းနှင့်အတူ အခြားငါးဖမ်းသမားတစ်ဦးဖြစ်သော အဘူကယ်လမ် ( ၃၀-နှစ် ) သေနတ်ဒါဏ်ရာ ရရှိကြောင်း ဘင်္ဂလားဒက်ရှ်နယ်ခြားစောင့်တပ် BGB တပ်မှူးက အတည်ပြုပြောဆိုသည်။သေနတ်သံကြား၍ တက္ကနဖ်စခန်းမှ ရဲတပ်ဖွဲ့ဝင်များ သွားရောက်ကြည့်ရှု့ရာ နူးရ်မိုဟာမက်၏ ရုပ်အလောင်းကို ဆယ်တင်ခဲ့ရပြီး အဘူကယ်လမ်အား ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရသည်။

အခင်းဖြစ်ပွားရခြင်းနှင့်ပတ်သက်၍ မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့ ( BGP ) အား စာရေးသားပေးပို့ မေးမြန်းထားကြောင်း ဘင်္ဂလားဒက်ရှ်နယ်ခြားစောင့်တပ် BGB တပ်မှူး ဒုဗိုလ်မှူးကြီး မိုဟာမက်ဖိုင်ဆယ်က ပြောဆိုသည်ဟု သတင်း၌ ဖော်ပြထားသည်။

#မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့သေနတ်နှင့်ပစ် #ဘင်္ဂလားဒက်ရှ်နိုင်ငံသားသေဆုံး((( Dhaka Tribune., October 31st, 2019, “Myanmar BGP guns down Bangladeshi man in Cox’s Bazar.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.dhakatribune.com/bangladesh/2019/10/31/bgp-guns-down-bangladeshi-man-in-cox-s-bazar

0

Leave a Reply

Your email address will not be published.