မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် ကြာသပတေးနေ့တွင် တွေ့ဆုံမည်ဟု ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် ပြော၊ နယ်စပ်အနီးတွင် မြန်မာက စစ်တပ်များဖြန့်ချလာမှုကြောင့် မတည်မငြိမ်ဖြစ်နေသော နှစ်နိုင်ငံဆက်ဆံရေးကို အနှောင့်အယှက်ဖြစ်စေဟု ဆို

  
နှစ်နိုင်ငံနယ်စပ်အနီးတွင် မြန်မာက တပ်များ ဖြန့်ချထားပြီး များမကြာမီ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် ( BGB ) က ကြာသပတေးနေ့တွင် ၎င်း၏ အရှေ့ဖက်အိမ်နီးချင်း မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့ ( BGP ) နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်ကလည်း မြန်မာနယ်စပ်အနီး တပ်များချထားခြင်းကို တိုးမြှင့်လိမ့်မည်ဖြစ် ကြောင်း Dhaka Tribune က ယနေ့ရေးသားသည်။ 

  
နှစ်နိုင်ငံအရေးနှင့် ဆက်နွယ်သည့် အခြားထူးခြားချက်များနှင့်အတူ နယ်စပ်တစ်လျှောက် မြန်မာက စစ်တပ်များ ဖြန့်ချလာခြင်းနှင့်ပတ်သက်၍ ဘင်္ဂလာဒေ့ရှ်က သိရှိလိုကြောင်း ကော့ခ်ဘဇားနယ်ခြားစောင့်တပ်ဖွဲ့ တပ်ရင်းမှူးက ပြောဆိုသည်။ 


ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ရင်း ၃-ခုတို့သည် ဘန်ဒရာဘန်ခရိုင် ဂွမ်ဒုံချစ်ကြည်ရေးတံတားအနီး၌ မြန်မာ BGP နှင့် သီးခြားအလံတင် အစည်းအဝေးများ ကျင်းပမည် ဖြစ်ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုကြောင့် နှစ်နိုင်ငံနယ်ခြားစောင့်တပ်များအချင်းချင်း လအနည်းငယ်ခန့် တွေ့ဆုံခြင်း မပြုနိုင်ခဲ့ကြောင်း၊ ကြာသပတေးနေ့တွေ့ဆုံရာတွင် နယ်စပ်တစ်လျှောက် မြန်မာတပ်များ စုရုံးလာရခြင်းကိစ္စနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်က တင်ပြဆွေးနွေးမည်ဖြစ်ကြောင်း၊ ကော့ခ်ဘဇားတပ်ရင်းအပြင် နိုင်ခေါင်ချာရီနှင့် တက္ကနဖ်မှ တပ်ရင်းများလည်း မြန်မာ BGP နှင့် တွေ့ဆုံလိမ့်မည်ဖြစ်ကြောင်း အမှတ် ( ၃၄ ) နယ်ခြားစောင့် တပ်ရင်းမှူး အလီဟိုင်ဒါအဇစ်အာမက်က ရှင်းပြသည်။ 

  
မကြာသေးမီက နယ်စပ်အနီးတွင် မြန်မာက စစ်တပ်များဖြန့်ချလာမှုကြောင့် မတည်မငြိမ်ဖြစ်နေသော ဘင်္ဂလားဒေ့ရှ် – မြန်မာဆက်ဆံရေးကို အနှောင့်အယှက်ဖြစ်စေခဲ့သည်။ 


ထိုအတွက် တပ်များတပ်ဖြန့်ချထားမှုအပေါ် အလွန်အမင် းစိုးရိမ်ပူပန်ကြောင်း ဖော်ပြရန် ဘင်္ဂလားဒေ့ရ်ှနိုင်ငံခြားရေးဌာနက ဒါကာမြို့ရှိ မြန်မာသံအမတ်ကြီးအား ဆင့်ခေါ်ခဲ့ရသည်။

  
ရက်အနည်းငယ်အကြာတွင် ဘင်္ဂလားဒေ့ရှ်က နယ်စပ်တစ်လျှောက် တပ်များချထားလျှက်ရှိသည်ဟု မြန်မာစစ်အရာရှိများအား ကိုးကား၍ နေပြည်တော်ထိန်းချုပ်ထားသည့် မြန်မာမီဒီယာများက ရေးသားကြသည်။ ဘင်္ဂလားဒေ့ရှ်ကမူ အဆိုပါစွပ်စွဲချက် မမှန်ကန်ကြောင်း ပြင်းထန်စွာငြင်းဆိုသည်ဟု Dhaka Tribune ၏ သတင်း၌ ဖော်ပြသည်။ 


#မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်များ #နှစ်နိုင်ငံသီးခြားအလံတင်ဆွေးနွေးပွဲ #မြန်မာက_နယ်စပ်တစ်လျှောက်_တပ်များစုရုံး 

((( Dhaka Tribune., October 8th, 2020,” BGB meets Myanmar’s BGP on Thursday. By: Humayun Kabir Bhuiyan.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 

https://www.dhakatribune.com/bangladesh/nation/2020/10/08/bgb-meets-myanmar-s-bgp-on-thursday

0

Leave a Reply

Your email address will not be published.