မြန်မာနိုင်ငံသို့လက်နက်တင်ပို့မှုရပ်ဆိုင်းထားရေး ကုလအထွေထွေညီလာခံ မဲခွဲဆုံးဖြတ်မည့်ရက် အကန့်အသတ်မရှိ ရွှေ့ဆိုင်း။ အဆိုမူကြမ်း အတည်ဖြစ်ရေးအတွက် ထောက်ခံမှု ပိုမိုရရှိရန် နှောင့်နှေးခဲ့၍ဖြစ်ဟု ဆို


နိုင်ငံပေါင်း ၁၉၃ နိုင်ငံတွင် အဖွဲ့ဝင် တစ်နိုင်ငံဖြစ်သည့် မြန်မာသို့ လက်နက်နှင့် ခဲယမ်းမီးကျောက်များကို တိုက်ရိုက်ဖြစ်စေ သွယ်ဝှိုက်၍ဖြစ်စေ တင်ပို့ရောင်းချခြင်း သို့မဟုတ် လွှဲပြောင်းပေးခြင်းကို ချက်ချင်းရပ်ရန် အဆိုမူကြမ်းအား မဲခွဲဆုံးဖြတ်မည့် အင်္ဂါနေ့တွင် ကျင်းပဖြစ်မည်မဟုတ်ပဲ ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း သံတမန်များက ပြောဆိုသည်ဟု Reuters က ယနေ့ ရေးသားသည်။…   
ဒီဆုံးဖြတ်ချက်မူကြမ်းတွင် …
အရေးပေါ်အခြေအနေ ကြေညာထားမှုကို အဆုံးသတ်ရန်၊ ငြိမ်းချမ်းစွာ ဆန္ဒပြသူများအပေါ် အကြမ်းဖက်မှု အားလုံးကို ရပ်တန့်ရန်နှင့် နိုဝင်ဘာရွေးကောက်ပွဲရလဒ်များအရ အများပြည်သူတို့၏ ဆန္ဒကို လေးစားရန် ဟူ၍ ပါရှိပြီး ဖေဖော်ဝါရီ ၁-ရက်နေ့တွင် အာဏာကိုသိမ်းယူခဲ့သည့် မြန်မာစစ်တပ်အား တောင်းဆိုထားခြင်းဖြစ်သည်။…   
အထွေထွေညီလာခံ၏ဆုံးဖြတ်ချက်များသည် ဥပဒေကြောင်းအရ မဖြစ်မနေလိုက်နာရန် ချုပ်ကိုင်မှုမရှိသော်လည်း နိုင်ငံရေးအရ လေးနက်မှု ရှိသည်။ အဖွဲ့ဝင် ၁၅ -ဦးပါ ကုလလုံခြုံရေးကောင်စီနှင့် ကွဲပြားခြားနားသည်မှာ အထွေထွေညီလာခံတွင် ဗီတိုအာဏာ သုံးစွဲပိုင်ခွင့် မရှိခြင်းဖြစ်သည်။…  
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံ အစိုးရကို ဖြုတ်ချပြီး ဒေါ်စုကိုယ်တိုင်နှင့် ဒေါ်စု၏အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ အရာရှိများကို ဖမ်းဆီးပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ အကျပ်အတည်းများ နှင့်ရင်ဆိုင်နေရသည်။ ကုလသမဂ္ဂ၏ အဆိုမူကြမ်းစာသားတွင် ၎င်းတို့အား လွှတ်ပေးရန်တောင်းဆိုထားသည်။…  
စစ်ဗိုလ်ချုပ်များ၏ အာဏာရ စစ်အစိုးရကို ထူထောင်ခဲ့သော မြန်မာစစ်တပ်သည် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာပြန်လည်ရရှိစေသည့် နိုဝင်ဘာရွေးကောက်ပွဲ၏ မသမာမှုများနှင့် ပတ်သက်၍ တိုင်ကြားခဲ့သည်။ သို့သော် (မြန်မာ) ရွေးကောက်ပွဲကော်မရှင်က မျှတမှန်ကြောင်း ပြန်ကြားခဲ့သည်။…  
အကယ်၍ အဆိုမူကြမ်းအားအတည်ပြုကြောင်း ဖြတ်ခဲ့လျှင် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ်စတင်းရှာရန်နာဘာဂီနာအား လာရောက်ခွင့်ပြုရန်နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၏ အကြပ်အတည်း အဆုံးသတ်ရေး အစီစဉ်ကို အကောင်အထည်ဖော်ရန် မြန်မာစစ်တပ်အား တောင်းဆိုမည်ဖြစ်သည်။

#မြန်မာနိုင်ငံသို့လက်နက်တင်ပို့မှုရပ်ဆိုင်းထားရေး_ကုလအထွေထွေညီလာခံ #ခရစ်စတင်းရှာရန်နာဘာဂီနာ
#အရှေ့တောင်အာရှနိုင်ငံများအသင်း_အာဆီယံ

(((Reuters., May 18, 2021,” U.N. vote on call to stop arms supply to Myanmar postponed.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ် ဘာသာပြန်ဆိုသည်။)))

https://www.reuters.com/world/asia-pacific/un-vote-tuesday-call-stop-arms-supply-myanmar-2021-05-17/ 

+1

Leave a Reply

Your email address will not be published.