မြန်မာမှ အိန္ဒိယသို့ ပဲအမျိုးမျိုး အပါအဝင် ကောက်ပဲသီးနှံမျိုးစုံ ကန့်သတ်ချက် မရှိ လွတ်လပ်စွာ တင်ပို့နိုင်ရန် အိန္ဒိယအစိုးရ ပြန်လည်ခွင့်ပြု။ အရပ်ဘက် အစိုးရလက်ထက် အိန္ဒိယက ယခင်ပြဋ္ဌာန်း ခဲ့သော Certificate များ ကြိုတင် ပြသရန်နှင့် ခွဲတမ်း၊ ဈေးနှုန်းကန့်သတ်ချက်များကို ပယ်ဖျက်



[၂၂ မေလ ၂၀၂၁။ ရဲကျော်စွာ] မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ ပဲအမျိုးမျိုး အပါအဝင်ကောက်ပဲသီးနှံ အမျိုမျိုးကို တင်ပို့ရာတွင် ယခင် ပြဋ္ဌာန်းထားသည့် Phytosanitary Certificate (PSC) လက်မှတ် မလိုအပ်တော့ပဲ လွတ်လပ်စွာ ပြန်လည် တင်သွင်းနိုင်ပြီ ဖြစ်ကြောင်းနှင့် ပုံမှန် အခကြေးငွေဖြင့် ပို့ကုန်တင်ပို့နေသော မြန်မာ ကောက်ပဲသီးနှံ အမျိုးအစားများ အားလုံးကို ကင်းလွတ်ခွင့်ပေးမည် ဖြစ်ကြောင်း ၊ အိန္ဒိယနိုင်ငံ စိုက်ပျိုးရေးနှင့် တောင်သူလယ်သမားများရေးရာ ဝန်ကြီးဌာနလက်အောက်ရှိ စိုက်ပျိုးရေး၊ပူးပေါင်းဆောင်ရွက်ရေးနှင့် တောင်သူလယ်သမားများ ဖူလုံရေးရာ ဦးစီးဌာန လက်ထောက်အတွင်းဝန်က မေ ၂၂-ရက်စွဲဖြင့် တရားဝင် အမိန့်စာ ထုတ်ပြန်လိုက်သည် ။



ယခင် ၂၀၁၆-၂၀၂၀ အရပ်ဖက် အစိုးရလက်ထက်တွင် အိန္ဒိယနိုင်ငံသို့ မြန်မာနိုင်ငံမှ တင်သွင်း‌သော ပဲမျိုးစုံအပါဝင် ကောက်ပဲသီးနှံများကို Phytosanitary Certificate (PSC) ကြိုတင်လက်မှတ် တောင်းဆိုခြင်း ၊ အများဆုံး ပို့ကုန်ပမာဏ ခွဲတမ်းကန့်သတ်ခြင်း ၊ အနိမ့်ဆုံး ဈေးနှုန်းကန့်သတ်ခြင်းနှင့် နောက်ဆုံးတွင် ပဲအမျိုးမျိုး တင်ပို့ခွင့်များအား လုံးဝပိတ်ပင် တားဆီးခြင်းအပါအဝင် ကန့်သတ်ထိန်းချုပ်မှု အမျိုးမျိုးရှိခဲ့သည်။



အိန္ဒိယဌာနဆိုင်ရာများ၏ အဆင့်ဆင့် ထိန်းချုပ်မှုများကြောင့် ယင်းကာလအတွင်း မြန်မာနိုင်ငံ ပဲဈေးကွက်၏ ထုတ်လုပ်မှု ကွင်းဆက် (Supply Chains) အတွက် ကြီးမားစွာ ထိခိုက်နစ်နာ ဆုံးရှုံးမှုများ ဖြစ် ပေါ်ခဲ့ဘူးသည် ။ အထူးသဖြင့် မန္တလေးတိုင်း ၊ စစ်ကိုင်းတိုင်းနှင့် ဧရာဝတီတိုင်းမှ ပဲစိုက် တောင်သူလယ်သမားများအတွက် အထူးထိခိုက် နစ်နာဆုံးရှုံးခဲ့ရသည်။


ယခု အိန္ဒိယ အစိုးရဖက်မှ ထူးခြားစွာ ဖြေလျှော့ ပေးလိုက်မှုကြောင့် အထက်မြန်မာပြည်မှ ပဲစိုက် တောင်သူများ အပါအဝင် Covid-19 အလွန် မြန်မာ့စိုက်ပျိုးရေး ကဏ္ဍ ပြန်လည် နာလံထူလာရေးတွင် တိုက်ရိုက် အထောက်အကူပြုယုံသာမက အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ဘက်စုံ ပူးပေါင်းဆောင်ရွက်ရေး ဖွံ့ဖြိုးတိုးတက် စေရေးအတွက်လည်း တိုက်ရိုက် အကျိုးပြုနိုင်မည်ဟု ယူဆရသည် ။



ရဲကျော်စွာ
Ye Kyaw Zwa
25th of May 2021
Photo Credit to ခိုင်မြဲဇော်



အစဉ်လေးစားစွာဖြင့်

#HtayOung, #OungMarine


https://www.business-standard.com/article/economy-policy/ahead-of-kharif-sowing-season-govt-allows-free-import-of-3-types-of-pulses-121051500975_1.html

+1

Leave a Reply

Your email address will not be published.