မြန်မာသို့ပေးပို့မည့် လက်နက်ခဲယမ်းများဖမ်းမိကိစ္စ ထိုင်းရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးမှု ချဲ့ထွင်။ ထိုင်းနိုင်ငံခရိုင် ၃-ခုတို့မှ မြန်မာနိုင်ငံအတွင်း လိပ်စာဖော်ပြ၍ လက်ပစ်ဗုံးနှင့် သေနတ်ကျည်ဆန်အများအပြား ပေးပို့ခဲ့။ မြောက်ပိုင်းမူးယစ်ကုန်ကူးသူများနှင့် တောင်ပိုင်းလက်နက်မှောင်ခိုကွန်ယက်တို့ ပတ်သက်နေဟု ဆို။


မြန်မာနိုင်ငံသို့ ပေးပို့မည့် လက်ပစ်ဗုံး ၁၀၀ ကျော်နှင့် သေနတ်ကျည် ၆,၀၀၀ ကျော်ကို နယ်စပ်ဒေသ #မယ်ဆိုင်မြို့တွင် ဖမ်းဆီးရမိထားခြင်းနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများကို ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်ရဲတပ်ဖွဲ့ဝင်များက အသေးစိတ်တိုးချဲ့လျှက်ရှိသည်ဟု ဘန်ကောက်အခြေစိုက် Bangkok Post က ယမန်နေ့ရေးသားသည်။

…   
လွန်ခဲ့သည့် မတ်လ ၂၈-ရက်နေ့တွင် ဒလီပို့ဆောင်ရေးသမားတစ်ဦးကို မသင်္ကာဖွယ် စက္ကူသေတ္တာပုံးများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်းပါကင်ပုံးများအတွင်း 52K75 လက်ပစ်ဗုံး ၁၁၅-လုံး၊ M16 ချေမှုန်းရေးရိုင်ဖယ်သုံး ၅.၅၆ မီလီမီတာ ကျည် ၆,၀၀၀ တောင့်ကို တွေ့ရှိရခြင်းမှာ ဒေသခံရဲတပ်ဖွဲ့အတွက် သတိပြုစရာ ဖြစ်ခဲ့ရကြောင်း ခရိုင်ရဲမှူးက ရှင်းပြသည်။

…      
အဆိုပါ ပါကင်သေတ္တာပုံးများတွင် မြန်မာနိုင်ငံအတွင်း လက်ခံရွေးယူမည့် လိပ်စာဖော်ပြလျှက် ထိုင်းနိုင်ငံ #ချွန်ဘူရီ၊_နခွန့်ပသုန်နှင့်_နခွန့်_စီ_သမ်မာရတ်ခရိုင် သုံးခုတို့မှနေ၍ သီးခြားစီ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။ ထိုအတွက် ပါကင်ပုံးများပေးပို့စဉ် လိုက်လံကောက်ယူခဲ့သည့် ဒလီပို့ဆောင်ရေးသမား ၂-ဦးကို ဖမ်းဆီးထားကြောင်း၊ အသက် ၂၉-နှစ်နှင့် ၃၀-နှစ် အသီးသီးရှိသူများဖြစ်ကြပြီး တရားမဝင် လက်နက်ခဲယမ်းများ လက်ဝယ်တွေ့ရှိမှုဖြင့် အမှုဖွင့်ထားကြောင်း၊ ပါကင်ပုံးများမှာ မြောက်ပိုင်းရှိ မူးယစ်ဆေးဝါးကုန်ကူးသူများ ကွင်းဆက်နှင့် တောင်ပိုင်းရှိ လက်နက်မှောင်ခိုကွန်ယက်တို့ ဆက်စပ်လျှက်ရှိကြောင်း ရဲတပ်ဖွဲ့က ဖော်ထုတ်နိုင်ခဲ့သည်။

…   
စစ်ဆေးတွေ့ရှိချက်များအရ အသက် ၃၉-နှစ်နှင့် ၂၈- အရွယ်ရှိသူ ၂-ဦးတို့ကို နခွန့်ပသွန်တွင်၎င်း၊ အသက် ၂၈ -နှစ်အရွယ်ရှိသူ ၁-ဦးကို နခွန့်စီသမ်မာရတ်၌၎င်း ဆက်လက်ဖမ်းဆီးခဲ့သူ ၄-ဦးရှိပြီး၊ စုစုပေါင်းထိန်းသိမ်းထားသူ ၆-ဦးတို့ိကို မယ်ဆိုင်တပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့ကြောင်း သိရှိရသည်။

#မြန်မာနိုင်ငံတွင်းသို့ပေးပို့မည်_လက်ပစ်ဗုံး၁၀၀ကျော်နှင့်ကျည်ဆန်_၆၀၀၀ #ချင်းမိုင်ခရိုင်_မဲဆောက်ရဲတပ်ဖွဲ့

(((Bangkok Post., 3 APR 2021 ,” Arms probe extends to Myanmar.” ကို #HatyOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))

https://www.bangkokpost.com/thailand/general/2094107/arms-probe-extends-to-myanmar
https://www.newsday24.com/myanmar/ammunition-and-grenades-destined-for-myanmar-seized-on-thai-border/ 

=================

Leave a Reply

Your email address will not be published.