မြန်မာအပေါ် ဂျီနိုဆိုက်မှုစွဲဆိုသည့် ဂမ်ဘီယာအား ထောက်ပံ့ရန် ၅၇-နိုင်ငံပါ OIC က ဒေါ်လာ ၁.၂ သန်း ကောက်ခံရရှိထား။ ဘင်္ဂလားဒေ့ရှ်၏ ဒေါ်လာသန်းဝက်လှူဒါန်းခြင်းမှာ အများဆုံးဖြစ်၊ လောလောဆယ် ရှေ့နေခပေးရန် ဒေါ်လာ ၅-သန်း အပူတပြင်း လိုအပ်နေပြီး စတင်ငှားရမ်းချိန်မှစ၍ ရှေ့နေခရီးစရိတ်မပေးရသေးဟု ဂမ်ဘီယာ ပြော

  
လူမျိုးသုဉ်းပြုခြင်းခံရသော ဒုက္ခသည်ဘင်္ဂါလီ ( မူရင်း ရိုဟင်ဂျာဟုဖော်ပြ ) တို့အတွက် အပြည်ပြည်ဆိုင်ရာတရားခုံရုံး ( ICJ ) တွင် ဥပဒေကြောင်းတိုက်ပွဲဝင်လျှက်ရှိသူ ဂမ်ဘီယာနိုင်ငံအတွက် အစ္စလာမ်နိုင်ငံများပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ၏ ရန်ပုံငွေရှာဖွေရေး လှုပ်ရှားမှုမှာ ယခုထိ အမေရိကန်ဒေါ်လာ ၁.၂ သန်းရရှိထားပြီဖြစ်သည်။ သို့သော် လောလောဆယ်တွင် ရှေ့နေများကို ပေးအပ်ရန် ဒေါ်လာ ၅-သန်း အပူတပြင်းလိုအပ်လျှက်ရှိကြောင်း အာဖရိကအနောက်ပိုင်း ( နွမ်းပါးသော ) ဂမ်ဘီယာက ပြောဆိုသည်ဟု Dhaka Tribune က ယနေ့ရေးသားသည်။ 

  
အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ၏ အထွေထွေအတွင်းရေးမှူးဌာနမှ တာဝန်ရှိသူများက ပြောဆိုရာတွင် မွတ်စလင်ဘာသာဝင်အများဆုံးနေထိုင်သော နိုင်ငံပေါင်း ၅၇ နိုင်ငံပါ အဖွဲ့ကြီးတွင် ဒေါ်လာ သန်းဝက် ( ဝ.၅-သန်း ) လှူဒါန်းသည့် ဘင်္ဂလားဒေ့ရ်ှမှာ ပမာဏအများဆုံးအလှူရှင်ဖြစ်ပုံရသည်ဆို၏။ 


အလှူငွေထည့်ဝင်ကြရာ၌ ဆော်ဒီအာရေဗီယားက ဒေါ်လာ ၃၀၀,၀၀၀၊ တူရကီ၊ နိုင်ဂျီးရီးယားနှင့် မလေးရှားတို့က ဒေါ်လာ ၁၀၀,၀၀၀ စီ အသီးသီးထည့်ဝင်ကြပြီး ကျန် ဒေါ်လာ ၁၀၀,၀၀၀ မှာ အစ္စလာမ်မစ်ညီညွတ်ရေးအတွက် OIC ၏ အထူးရန်ပုံငွေမှ ထည့်ဝင်ခြင်းဖြစ်ကြောင်း သိရှိရသည်။ 


သို့သော် ICJ ၌ ဂမ်ဘီယာနိုင်ငံဘက်မှ လိုက်ပါသည့် ဝါရှင်တန်အခြေစိုက် နိုင်ငံတကာဥပဒေပညာရှင်များနှင့် အကူဝန်ထမ်းများပါဝင်သော ဥပဒေအကျိုးဆောင်အဖွဲ့အတွက် ယခုချက်ချင်းပေးချေရမည့် ရှေ့နေခမှာ ဒေါ်လာ ၅-သန်းရှိနေကြောင်း၊ ဝါရှင်တန်ရှေ့နေအဖွဲ့ကလည်း အမှုလိုက်ခပေးရန် အကြိတ်အနယ် ဖိအားပေးလျှက်ရှိကြောင်း၊ အမှုအပြီးသတ်စီရင်ချက်ချသည်အထိ ကုန်ကျမည့်တရားစရိတ်မှာ ဒေါ်လာ ၁၀-သန်းကျော်နိုင်သည်ဟု ခန်မှန်းထားကြောင်း ဂမ်ဘီယာနိုင်ငံ တရားရေးဝန်ကြီး ဒေါ်ဒါအေဂျယ်လိုက နိုင်ဂျာနိုင်ငံတွင် ကျင်းပလျှက် ရှိသော OIC နိုင်ငံခြားရေးဝန်ကြီးများ ကွန်ဖရင့် ( CFM ) ပြင်ပ၌ BSS သတင်းအေဂျင်စီအား ပြောဆိုသည်။ 

  
တရားရေးဝန်ကြီး ဒေါ်ဒါအေဂျယ်လိုသည် ၎င်းကိုယ်တိုင်ဦးဆောင်သော ဂမ်ဘီယာဥပဒေကျွမ်းကျင်သူများနှင့် အတူလိုက်ပါဆောင်ရွက်ရန် အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမှ“ Foley Hoag Legal Firm” အပြည်ပြည်ဆိုင်ရာရှေနေများအဖွဲ့ကို ငှားရမ်းခဲ့ခြင်းဖြစ်သည်။ 

  
CFM နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် OIC နိုင်ငံများက ငွေကြေးထောက်ပံ့မှုပေးရန် ဂမ်ဘီယာနှင့် ဘင်္ဂလားဒေ့ရ်ှ နှစ်နိုင်ငံလုံးတို့က အပြင်းအထန်တောင်းပန်ခဲ့ကြသည်ကို မျက်မြင်တွေ့ရှိခဲ့ရပြီးနောက် OIC၏ အထွေထွေအတွင်းရေးမှူးဌာနက အလှူငွေများ လက်ခံရန် အထူးငွေစာရင်းတစ်ခု ဖွင့်လှစ်ပေးခဲ့သည်။ 


လူမျိုးသုဉ်းပြုမှုအတွက် ရန်ပုံငွေရှာဖွေရေး OIC ၏ ဆက်လက်ဆောင်ရွက်မည့်ခြေလှမ်းများအား သိရှိလိုပါကြောင်း ကွန်ဖရင့်အပြီး သတင်းစာရှင်းလင်းပွဲ၌ BSS သတင်းအေဂျင်စီက မေးမြန်းရာ အဖွဲ့ဝင်နိုင်ငံအားလုံး ပိုမိုလှူဒါန်းကြရန် တိုက်တွန်းထားကြောင်း OIC အထွေထွေအတွင်းရေးမှူးက ပြန်လည်ဖြေဆိုသည်။ 


၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် OIC ၏ကျောထောက်နောက်ခံဖြင့် ဂမ်ဘီယာသည် လူမျိုးသုဉ်းပြုမှုဖြစ်စေသူ မြန်မာနိုင်ငံအား ICJ ၌ တရားစွဲဆိုခဲ့ရာ ကနေဒါနှင့် နယ်သာလန်နိုင်ငံတို့ကလည်း ဂမ်ဘီယာနှင့်အတူ ရပ်တည်ကြသည်။ 


နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့တွင် ရုံးစိုက်သော ICJ သည် အမှုစစ်ဆေးကြားနာနေစဉ်အတွင်း မြန်မာနိုင်ငံအတွင်းရှိ ဒုက္ခသည်ဘင်္ဂါလီများအပေါ် လူမျိုးသုဉ်းပြုမှုများ ထပ်မံကျူးလွန်ခြင်းမှ တားဆီးကာကွယ်ရန်အတွက် ယာယီအစီအမံများ လိုက်နာစေရန် ဇန်နဝါရီ ၂၃ ရက်နေ့တွင် တစ်ညီတစ်ညွတ်တည်း အမိန့်ချမှတ်ခဲ့သည်။ 


နောက်ဆက်တွဲဆောင်ရွက်ချက်အနေဖြင့် ဂမ်ဘီယာသည် ဗီဒီယိုဖိုင်များ၊ ဂြိုဟ်တုဓါတ်ပုံများ၊ မြေပုံများနှင့် ကိန်းဂဏန်းများပါဝင်သည့် စာမျက်နှာ ၅၀၀၀ ကျော်အား သက်သေအထောက်အထားအဖြစ် ICJ သို့ တင်သွင်းခဲ့သည်။ 

  
မြန်မာအာဏာပိုင်များသည် လူမှုကွန်ယက်အား အသုံးပြု၍ ဒုက္ခသည်ဘင်္ဂါလီများအပေါ် မုန်းတီးရေးလှုပ်ရှားမှု များ ပြုလုပ်နေကြောင်း၊ အဆိုပါအချက်အလက်များ၏ တစ်စိတ်တစ်ပိုင်းအဖြစ် အမေရိကန်တရားရုံး ၂-ခုတို့မှ တဆင့် Twitters နှင့် Facebook တို့မှ သက်သေအထောက်အထားများ စုဆောင်းခဲ့ရကြောင်း၊ 

  
၎င်း ဆောင်ရွက်မှုလုပ်ငန်းအားလုံးတို့အတွက် တရားဝင်အခကြေးငွေ ဒေါ်လာ ၅ သန်းကျော် ကျသင့်စေခဲ့ကြောင်း၊ ကံအကြောင်းမလှသည်မှာ အမှုလိုက်ပါပေးသည့် ဥပဒေအကျိုးဆောင်ကုမ္ပဏီအတွက် ၂၀၁၉ စက်တင်ဘာလတွင် ၎င်းတို့အား စတင်ငှားရမ်းချိန်မှစ၍ ၎င်းတို့တင်ပြသည့် ဝန်ဆောင်မှုများအတွက် ငွေပေးချေခြင်းဟူ၍ ပြောပလောက်အောင် မရှိသေးကြောင်း၊ ဂမ်ဘီယာနိုင်ငံအနေဖြင့်မူ ဥပဒေပညာရှင်အဖွဲ့အား ဒေါ်လာ ၃၀၀,၀၀၀ သာလျှင် ပေးချေနိုင်ခဲ့ရာ ရှေ့နေများတင်ပြစရိတ်၏ ၁၀ ရာနှုန်းပင် မရှိကြောင်း ဂမ်ဘီယာ တရားရေး ဝန်ကြီးက ပြောဆိုသည်။ 


OIC အရေးကိစ္စများနှင့် ရင်းနှီးကျွမ်းဝင်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကမူ ဒါကာအစိုးရအနေဖြင့် OIC အဖွဲ့ဝင်နိုင်ငံအားလုံး တစ်နိုင်ငံနှင့် တစ်နိုင်ငံချိတ်ဆက်ခြင်းဖြင့် ဂမ်ဘီယာအတွက် ထပ်ဆောင်းရန်ပုံငွေ ရှာဖွေရေး အစီအစဉ်များ ပြုလုပ်ထားကြောင်း ပြောဆိုသည်း ကမ္ဘာတစ်ဝှမ်းလုံးတွင် ဘက်စုံကွဲပြားခြားနားသော ပလက်ဖောင်းများ၌ “ ဂမ်ဘီယာ၏သူငယ်ချင်းများအဖွဲ့”ကိုဖန်တီးရန်လည်း တိုက်တွန်းသည်။


မကြာသေးမီက BSS သတင်းအေဂျင်စီနှင့် တွေ့ဆုံမေးမြန်းခန်း၌ ဗြိတိသျှဓနသဟာယနိုင်ငံများအဖွဲ့ အတွင်းရေးမှူးချုပ် ပက်ထရီရှာစကော့တလန်ကပြောကြားရာတွင် ICJ ၌ အမှုရင်ဆိုင်လျှက်ရှိသော ဂမ်ဘီယာအား ကူညီရန် ဓနသဟာရအဖွဲ့ဝင်နိုင်ငံများမှ ထုတ်နှုတ်သော ဥပဒေပညာရှင်များပါအဖွဲ့ ဖွဲ့စည်းရန် ဖြစ်နိုင်ခြေများအား ပြန်လည်သုံးသပ်နေသည်ဟုပြောကြားခဲ့သည်။ 


(( ဂမ်ဘီယာပြောဆိုသည့် ဝါရှင်တန်ရှေ့နေများအတွက် ဒေါ်လာ ၅-သန်းဆိုသည်မှာ နယ်သာလန်သို့ ရှေ့နေများလာရောက်ရသည့်ခရီးစရိတ်၊ အချက်အလက်များ ရရှိရန် Facebook နှင့် Twitter တို့အား တရားစွဲဆိုစဉ် လမ်းစရိတ်များဖြစ်ပုံရပါသည်။

  
အကယ်၍ သက်ရှိသက်သေများ တင်ပြရလျှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ကြားနာရမည့် တရားသူကြီးများ၏ ကုန်ကျစရိတ် စသည်တို့မှာ ( မြန်မာနိုင်ငံ တရားမမှုများတွင် ) တရားရှုံးသူက ပေးဆောင်ရပြီး ICC အမှုများတွင်လည်း အလားတူဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။ ။ သတင်းဘာသာပြန်သူ )) 

  
#ICJရောက်ဂမ်ဘီယာအတွင်OICနိုင်ငံများစုဆောင်းငွေဒေါ်လာ၁.၂သန်းရရှိ 
#ICJအမှုစတင်ချိန်မှစ၍ငှားရမ်းခဲ့သောဝါရှင်တန်ရှေ့နေများအတွက်ခရီးစရိတ်မပေးရသေး 


((( Dhaka Tribune., December 6, 2020,” OIC draws $1.2m for Gambia to run Rohingya genocide case.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။))) 

https://www.dhakatribune.com/world/2020/12/06/oic-draws-1-2m-for-gambia-to-run-rohingya-genocide-case

0

Leave a Reply

Your email address will not be published.