မြန်မာအပေါ် နိုင်ငံတကာရာဇဝတ်တရားရုံးက အပြည့်အ၀ စုံစမ်းစစ်ဆေးမည်ဆိုခြင်းကို ဘင်္ဂလားဒက်ရှ် ထောက်ခံကြိုဆို။ အောင်ပွဲတစ်ရပ်ဖြစ်ဟုဆို

မြန်မာနိုင်ငံက ဒုက္ခသည်ဘင်္ဂါလီ ( မူရင်းရိုဟင်ဂျာဟုဖော်ပြ ) တို့အား အစုအပုံလိုက် ရက်စက်ကြမ်းကြုတ်မှု့ ကျူးလွန်သည်ဟု စွပ်စွဲချက်များနှင့် ပတ်သက်၍ ၎င်းရုံး၏ ဥပဒေအကျိုးဆောင်(ဆွဲချ ) အရာရှိချုပ်အနေဖြင့် အပြည့်အ၀ စုံစမ်းစစ်ဆေးစေရန် နိုင်ငံတကာရာဇဝတ် တရားရုံး၏ ဆုံးဖြတ်မိန့်ချမှတ်ခြင်းကို ဘင်္ဂလားဒက်ရှ် ကျွမ်းကျင်သူများက ထောက်ခံလိုက်သည်ဟု Arab News က နိုဝင်ဘာ ၁၇-ရက်နေ့တွင် ရေးသားသည်။

၂၀၁၆ – ခုနှစ်ကတည်းက မြန်မာတို့ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခဲ့သော ရက်စက်ကြမ်းကြုတ်မှု့များအား စုံစမ်းစစ်ဆေးခွင့်ပြုရန် ဆွဲချအရာရှိချုပ် ဖက်တူဘင်ဆူဒါ၏ ယခုနှစ်ဆန်းပိုင်း လျှောက်ထားလွှာကို ICC က ယခုကဲ့သို့ ဆုံးဖြတ်ခြင်းဖြစ်သည်ဆို၏။

နိုဝင်ဘာ ၁၄-ရက်နေ့ ICC ၏ ဆုံးဖြတ်ချက်မှာ ဘင်္ဂလားဒက်ရှ်အတွက် အလွန်ထိရှလွယ်သော ကိစ္စတစ်ရပ်ဖြစ်ကြောင်း၊ ICC အနေဖြင့် လွတ်လပ်စွာလာရောက်စစ်ဆေးမည်ဖြစ်ရာ တစ်စုံတစ်ရာစွက်ဖက်ဖိအားပေးရန် မရှိကြောင်း၊ ယခင်ကလည်း ICC အဖွဲ့အနေဖြင့် ဘင်္ဂလားဒက်ရှ်သို့ လာရောက်၍ ဒုက္ခသည်ဘင်္ဂါလီတို့၏ အတိဒုက္ခရောက်ခဲ့ပုံတို့ကို ကြားနာခဲ့ကြောင်း၊ ထိုစဉ်က မိမိတို့ဝန်ကြီးဋ္ဌာနအနေဖြင့် ICC အဖွဲ့ဝင်များ သွားရောက်လိုသည့်နေရာမှန်သမျှ လိုက်လံပို့ဆောင်ပေးခြင်းဖြင့် အဆင်ပြေချောမွေ့စေရန် အကူအညီ ပေးအပ်ခဲ့ကြောင်း ဘင်္ဂလားဒက်ရှ်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန အရှေ့အာရှရေးရာ ညွှန်ကြားရေးမှူးချုပ် ဒဲဝါဟိုစိန်က ပြောဆိုသည်။

ဒါကာတက္ကသိုလ် ပါမောက္ခအာမိုဟိုစိန်ကမူ ရောမသဘောတူညီချက်တွင် လက်မှတ်ရေးထိုးထားသည့် ဘင်္ဂလားဒက်ရှ်အနေဖြင့် ICC ၏ ဥပဒေ၊ စည်းကမ်းတို့ကို စောင့်ထိန်းလိုက်နာရာတွင် တာဝန်ကြေပွန်ကြောင်း အောင်ပွဲတစ်ရပ်ဖြစ်သည်ဟု ရှင်းပြသည်။

ဒုက္ခသည်ဘင်္ဂါလီတို့အပေါ် သိမ်းကြုံးရက်စက်ခဲ့သည့်အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းမှ ဂမ်ဘီယာသည် နိုင်ငံတကာ တရားခုံရုံး ICJ တွင် တရားစွဲဆိုလျှက်ရှိပြီး၊ ယခု နိုင်ငံတကာရာဇဝတ်တရားရုံး ICC ကလည်း ၎င်းတို့၏ လုပ်ပိုင်ခွင့်အတိုင်းအတာမှ စုံစမ်းစစ်ဆေးမည်ဖြစ်သည်။ မြန်မာ၏ ရက်စက်ကြမ်းကြုတ်မှု့ကို ခံစားခဲ့ရသည့် ဒုက္ခသည်ဘင်္ဂါလီတို့အတွက် ယခုကဲ့သို့ ဖြစ်လာခြင်းမှာ တရားမျှတမှု့ ကနဦးခြေလှမ်းပင်ဖြစ်သည်။ မြန်မာအား အပြည့်အဝစုံစမ်းစစ်ဆေးခြင်း စတင်သည်နှင့်တစ်ပြိုင်နက် ၎င်းနိုင်ငံအပေါ် ဖိအားများ စုပုံကျ ရောက်သွားဖွယ်ရှိသည်။ နိုင်ငံတကာအသိုင်းအဝိုင်းမှ ဘင်္ဂလားဒက်ရှ်နိုင်ငံအနေဖြင့်လည်း သံတမန်နည်းလမ်း ဖြင့် ဖိအားဆက်လက်ပေးနေမည်ဖြစ်သည်။ ထိုသို့ဖြင့် ဖိအားများပိုမိုလာစေရန် တည်ဆောက်နိုင်မည်ဖြစ်ပြီး မြန်မာအနေဖြင့် ဒုက္ခသည်ဘင်္ဂလီများအတွက် ရေရှည်တည်တန့်မည့်နေရပ်ပြန်ရေး ဆောင်ရွက်စေရန် နည်းလမ်းပေါ်လာမည်ဖြစ်ဟု ခန့်မှန်းကြသည်။

သံတမန်ဟောင်းတစ်ဦးဖြစ်သူ ရာရှဒ်အာမက်ချောင်ဒရီက ပြောဆိုရာတွင် မြန်မာသည် ရိုဟင်ဂျာဟူ၍ မည်သို့မျှ လက်ခံမည်မဟုတ်တန်ရာ ယခု အမှန်တကယ် စုပုံဖိအားပေးသည့်အခါ ၎င်းအနေဖြင့် မလွဲမသွေ အဖြေရှာရတော့မည်ဖြစ်ကြောင်း၊ လူမျိုးသုဉ်းပြုသည်ဟု နိုင်ငံတကာ တရားဥပဒေလမ်းကြောင်းမှ ချဉ်းကပ်ရန် ယခုကဲ့သို့ ရွေး ခြယ်ခြင်းသည် တိုးတက်မှု့တစ်ရပ် ဖြစ်သော်လည်း နောက်ထပ်ဘာဆက်ဖြစ်မည်ကို အတိအကျမပြောနိုင်သေးကြောင်း သုံးသပ်သည်။

ယခုအခါ ဘင်္ဂလားဒက်ရှ်က လက်ခံထားခဲ့ရသော ဒုက္ခသည်ဘင်္ဂါလီ ၁.၂ သန်းရှိနေပြီဖြစ်သည်။ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းဖြစ်ဖွယ်ရှိသော ကော့ခ်ဘဇားရှိ ညစ်ပတ်နံစော်နေသည့် တဲအိမ်များတွင် နေထိုင်လျှက်ရှိကြသည်။

(( ကမ္ဘာ့အကြီးဆုံးဒုက္ခသည်စခန်းမှာ တူရကီမှ ဖြစ်ဖွယ်ရှိသည်။ ဆီးရီးယားစစ်ဘေးဒုက္ခသည် ၂.၉ သန်းခန့် ခိုလှုံလျှက်ရှိသည်။ ကော့ဘဇားတွင် ဒုက္ခသည်ဘင်္ဂါလီ ၁.၂ သန်းရှိသည်ဟု ယခု အာရပ်သတင်းစာပါ အရေအတွက်မှာ မလေးရှားနှင့် ကမ္ဘာအရပ်ရပ်၌ ရောက်ရှိနေသည်ဆိုသူများ ပါဟန်မတူသေးချေ။

လွန်ခဲ့သည့်လမှစ၍ ကုလအချက်အလက်ရှာဖွေရေးမစ်ရှင် FFM, မြန်မာနိုင်ငံဆိုင်ရာကုလအထူးကိုယ်စားလှယ် ရန်ဟီလီးနှင့် မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမက်တို့ ပြောဆိုသည့် “ ဂျီနိုဆိုက်အန္တရာယ် စိုးရိမ်ရသည် “ ဆိုသူများမှာ ကော့ခ်ဘဇားရောက် ဒုက္ခသည် ဘင်္ဂါလီများမဟုတ်ပါ။ လွန်ခဲ့သည့် နှစ်များတွင် ထွက်ပြေးခြင်းမပြုပဲ ရခိုင်မြောက်ဖျားတွင် ကျန်ရစ်နေသည့် ဘင်္ဂါလီ လေးသိန်းကျော်ခန့်ကို ရည်ညွှန်းနေခြင်းဖြစ်ကြောင်း သတိပြုကြစေလိုပါသည်။ ။ သတင်းဘာသာပြန်သူ ))

((( Arab News., Nov. 17, 2019, “ Dhaka backs ICC call for Rohingya inquiry “ ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.arabnews.com/node/1585111/world

#RohingyaGenocide #ICCဘင်္ဂလားဒက်ရှ်

0

Leave a Reply

Your email address will not be published.