မြန်မာ့တပ်မတော်က မွတ်စလင်ရွာအား လက်နက်ကြီးဖြင့် ပစ်ခတ်ကြောင်း ဘူးသီးတောင် လွှတ်တော်ကိုယ်စားလှယ်ပြောဆို။ တိုက်ပွဲမရှိပဲ မြန်မာစစ်တပ်က လက်နက်ကြီးဖြင့်ပစ်၍ အရပ်သားများ သေဆုံးနေကြောင်း လွှတ်တော်ကိုယ်စားလှယ်၏ ပြောပြချက် Reuters နှင့် နိုင်ငံတကာမီဒီယာများတွင် ဖော်ပြ

ဒုက္ခသည်ဘင်္ဂါလီ ( မူရင်း ရိုဟင်ဂျာ ) များအား Genocide Convention ပါအတိုင်း ဂျီနိုဆိုက်ခြင်း၊ ကိုယ် /စိတ်ထိခိုက်စေခြင်း မဖြစ်အောင် မြန်မာအစိုးရက ရှောင်ရှား၍ မြန်မာ့တပ်မတော်အား ထိန်းချုပ်ရမည်ဟု ကမ္ဘ္ဘာ့ကုလသမဂ္ဂ နိုင်ငံတကာတရားခုံရုံး ICJ က ဇန်နဝါရီ ၂၃ ရက်နေ့တွင် Provisional Measure ကြားဖြတ်တားဆီးအမိန့် ချမှတ်ခဲ့သည်။ ထိုမှ ၁-ရက်ကျော်အကြာ ဇန်နဝါရီ ၂၅ ရက်နေ့တွင် ရခိုင်ပြည်နယ် ကင်းတောင် မွတ်စလင်ကျေးရွာ၌ လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် လူ ၂-ဦးသေဆုံးသည်။ လက်နက်ကြီးမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အနီးရှိ မြန်မာ့တပ်မတော်က ပစ်ခတ်ခြင်းဖြစ်ကြောင်း ဘူးသီးတောင် လွှတ်တော်ကိုယ်စားလှယ်က ပြောဆိုသည်ဟု Reuters ၏ ရေးသားချက်အား ယမန်နေ့ Dhaka Tribune နှင့် နိုင်ငံတကာမီဒီယာများက ကူးယူဖော်ပြသည်။

ညလယ်ပိုင်းတွင် ကင်းတောင်အနီးရှိ မြန်မာ့တပ်မတော် တပ်ရင်းမှပစ်သော အမြောက်ဆန်များ ရွာသို့ ကျခဲ့သည်ဟု ရခိုင်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မောင်ကျော်ဇံက ပြောဆိုကြောင်း။ အစိုးရတပ်များက ပြည်နယ်တွင်း တိုင်းရင်းသားသူပုန်များနှင့် တိုက်ခိုက်နေကြသည်မှာ တစ်နှစ်ကျော်ပြီ ဖြစ်ကြောင်း။ တိုက်ပွဲမရှိဘဲ စစ်တပ်က အမြောက်ဖြင့်ပစ်ကြောင်း, ယခုနှစ်အတွင်း အရပ်သားများ သေကြေရသည်မှာ ဒုတိယအကြိမ်ဖြစ်ကြောင်း အဆိုပါ လွှတ်တော်ကိုယ်စားလှယ်က Reuters ကို ဖုန်းဖြင့် ပြောခဲ့သည်။ ( Dhaka Tribune., ဇန်-၂၅၊ ၂၀၂၀ “2 Rohingya women killed as Myanmar army shells village” ရှု့)

တိုက်ပွဲဖြစ်ခြင်းမရှိ၊ တိုက်ပွဲဖြစ်သံမကြားရပဲ လက်နက်ကြီး ၃-လုံး ကျရောက်ပေါက်ကွဲကြောင်း။ မည်သည့်ဖက်က ပစ်ခတ်သည်ကို မသိရှိဟု ကင်းတောင်ကျေးရွာ ရာအိမ်မှူး ဦးဂျူပိုင်က ပြောဆိုကြောင်း RFA က ယမန်နေ့ရေးသားသည်။

ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေကမူ “တိုက်ပွဲမရှိပဲ ဒီလိုပဲ ဖြစ်နေတာ ကြားတယ်၊ ဟိုတစ်လောက ထိပ်ထူးပေါက်မှာဖြစ်တယ် အခုလည်းဖြစ်တယ်။ တိုက်ပွဲမရှိရင်လည်း ဒီလိုပဲ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်နေတယ်ဆိုတာ ကြားတယ်၊ အဲ့ဒါနဲ့ မတော်တဆ လက်နက်ကြီးက ကျသွားတာ။ လက်နက်ကြီးနဲ့ပစ်တဲ့သူမှာ တာဝန်ရှိတယ်။ ပြည်သူကို ရည်ရွယ်ချက်ရှိရှိ ပစ်နေတဲ့သဘော၊ ဒါနောက်မဖြစ်အောင် ထိန်းသိမ်းရမှာပေါ့။” ဟု ပြောဆိုသည်။ ( RFA., ဇန်-၂၅၊ ၂၀၂၀” ဘူးသီးတောင် လက်နက်ကြီးပစ်ခတ်မှုမှာ ဒေသခံ နှစ်ဦးသေ၊ ခုနှစ်ဦး ဒဏ်ရာရ” ရှု့ )

ကင်းတောင်ကျေးရွာအနီးရှိ တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များလုံခြုံရေး ယူထားသည့် ဖုန်ညိုလိပ်တံတားကို ဇန်-၂၅၊ နံနက် ၁ – ၁နာရီခွဲကြား AA က ပစ်ခတ်ခဲ့သည့်အတွက် ရန်သူရှိရာ အရှေ့မြောက်ဘက်ကို ပြန်လှန်ပစ်ခတ်ခဲ့ကြောင်း။ AA သည် မီတာ ၁၀၀၀ ခန့်အကွာမှ နှစ်နေရာခွဲလျှက် လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ကြောင်း၊ တံတားကို ပစ်ခတ်ရာမှ ၎င်းတို့နှင့် မျက်နှာချင်းဆိုင်ရှိ ကင်းတောင်ကျေးရွာကိုလည်း ပစ်ခတ်သည်ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောဆိုသည်။

AA ပြောခွင့်ရ ခိုင်သုခကမူ ၎င်းနေ့နံနက်က အဆိုပါနေရာ၌ တိုက်ပွဲဖြစ်ပွားခြင်း မရှိခဲ့ကြောင်း၊ တပ်မတော်ဘက်၏ တစ်ဖက်သတ် ပစ်ခတ်မှုများကြောင့် အရပ်သားများ ထိခိုက်ခဲ့ရကြောင်း AA ဘက်က သွားရောက် ပစ်ခတ်ခြင်းလည်းမရှိ။ မြန်မာစစ်တပ်က ၎င်းတို့ကျူးလွန်သည့် စစ်ရာဇဝတ်မှုများကို ဖုံးကွယ်ရန် AA ဘက်က ပစ်ခတ်ဤ ပြန်ပစ်ရသည်ဟု ဆင်ခြေပေးလေ့ရှိသည်မှာ ကြာပြီဖြစ်ကြောင်း ပြောဆိုသည်ဟု RFA က ဆက်လက်ဖော်ပြသည်။

အဆိုပါကိစ္စအတွက် မြန်မာ့တပ်မတော် သတင်းပြန်ကြားရေးထံ Reuters ၏ ဖုန်းဆက်သွယ်မှု့ကို ပြန်လှန်ဖြေကြားသူ မရှိကြောင်း၊ ရုရှားလူမှု့ကွန်ယက် VK ရှိ တပ်မတော်သတင်းကွန်ယက်တွင်မူ ၎င်းတို့ဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်သည်ဆိုခြင်းကို ငြင်းပယ်၍ AA လက်ချက်ဖြစ်သည်ဟု အပြစ်တင်ရေးသားထားကြောင်း၊ မြန်မာ့တပ်မတော်နှင့် တပ်မတော်ဆိုင်ရာ အကောင့်များစွာတို့မှာ “ အမုန်းစကားနှင့် သတင်းမှားများ “ လွှင့်တင်သဖြင့် Facebook ၏ ဖယ်ရှားခြင်းခံထားရကြောင်း Reuters က ဖော်ပြသည်။

(( ကျွန်တော်သိရှိသည့်အတိုင်း ပြန်လည်ရေးသားပါသည်။ မည်သူမည်ဝါ ပစ်ကြောင်း ကျွန်တော်လည်းမသိပါ၍ လွတ်လပ်စွာ ထင်မြင်နိုင်ပါသည်။ သို့သော် “ ဘယ်သူပစ်ထာလဲ.. ဆရာ “ ဟု နထူပလူ ဝင်မေးလျှင် ဘလော့ ပါမည်။ ။ သတင်းဘာသာပြန်သူ ))

((( Dhaka Tribune., January 25th, 2020.” 2 Rohingya women killed as Myanmar army shells village.” ကို #HtayOung, #OungMarine ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ကိုးကား ဆက်စပ် အကြောင်းအရာများမှာ ပေးထားပါ Link များအတိုင်းဖြစ်သည်။ )))

https://www.dhakatribune.com/world/south-asia/2020/01/25/2-rohingya-women-killed-as-myanmar-army-shells-village

-https://www.facebook.com/rfaburmese/posts/10159474015768128?__tn__=K-R

https://www.thedailystar.net/rohingya-crisis/2-rohingya-women-killed-myanmar-army-shells-village-1858873

https://www.usnews.com/news/world/articles/2020-01-25/two-rohingya-women-killed-as-myanmar-army-shells-village-mp

https://www.thedailystar.net/rohingya-crisis/2-rohingya-women-killed-myanmar-army-shells-village-1858873

0

Leave a Reply

Your email address will not be published.