မြန်မာ့တပ်မတော်၏ အာဏာသိမ်းမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ရန် ကုလသမဂ္ဂလုံခြုံရေကောင်စီ၏ အရေးပေါ်အစည်းအဝေး၌ သဘောတူညီမှု မရရှိ၊ စေ့စပ်ညှိနှိုင်းမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သော်လည်း အရေးယူဒဏ်ခတ်ပိတ်ဆို့ရန် ပါဝင်ခြင်းမရှိ


အင်္ဂါနေ့တွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ကျင်းပသော ကုလသမဂ္ဂလုံခြုံရေးကောင်စီ UNSC ၏ အထူးအစည်းဝေး၌ မြန်မာနိုင်ငံတွင် တပ်မတော်၏ အာဏာသိမ်းမှုနှင့် ပက်သက်၍ သတင်းထုတ်ပြန်ရန် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ၏ အထူးကိုယ်စားလှယ်ဖြစ်သူ၏ တောင်းဆိုချက်မှာ သဘောတူညီချက် တစ်စုံတစ်ရာ မရရှိပဲ ပြီးဆုံးသွားခဲ့ကြောင်း ကနေဒါအခြေစိုက် Global News က ယနေ့ရေးသားသည်။
..
မြန်မာနိုင်ငံတွင် ဒီမိုကရေစီအမြန်ဆုံးပြန်လည်တည်ဆောက်ရန် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ခရစ္စတင်း ရှရန်နာဘာဂါ၏ ရှင်းပြချက်မှာ နိုင်ငံတကာတွင် အမြင့်ဆုံးအာဏာပိုင်အဖွဲ့အစည်းက ချက်ချင်းအရေးယူဆောင်ရွက်ခြင်း မရှိခဲ့ချေ၊ စေ့စပ်ညှိနှိုင်းမှုများ ဆက်လက်လုပ်ဆောင်သွားရန်နှင့် အချိန်ပိုပေးရန် တရုတ်နှင့် ရုရှားနိုင်ငံတို့က ပြောဆိုခဲ့ကြောင်း တံခါးပိတ် ကျင်းပသည့် ဗွီဒီယိုကွန်ဖရင့်သို့ တက်ရောက်ခဲ့သည့် အမည်မဖော်လိုသူ သံတမန်တစ်ဦးက ပြောဆိုသည်။

..  
ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အလှည့်ကျဥက္ကဌ တာဝန်ယူထားသည့် ဗြိတိန်နိုင်ငံက တင်သွင်းသည့် အဆိုပါမူကြမ်းစာတွင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများကို ချက်ခြင်းလွတ်ပေးရန် မြန်မာ့တပ်မတော်အား တောင်းဆိုကြောင်း၊ မြန်မာနိုင်ငံ၌ နိုင်ငံတော် အရေးပေါ်အခြေအနေ တစ်နှစ်သတ်မှတ်ခြင်းကို ပြန်လည်ပယ်ဖျက်ပေးရန်နှင့် နှစ်ဘက်လုံးမှ ဒီမိုကရေစီနှုန်းစံများကို လေးစားလိုက်နာကြရန် တိုက်တွန်းထားသော်လည်း အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများကို ဖော်ပြထားခြင်းမရှိပေ။ 

..
အဆိုမူကြမ်းကို သဘောတူအတည်ပြုချက်ရရန် ကုလသမဂ္ဂတွင် မြန်မာနိုင်ငံ၏ အဓိကထောက်ခံသူလည်းဖြစ် လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်အဖြစ် ဗီတိုအာဏာသုံးစွဲပိုင်ခွင့်ရှိသည့် ( ရုရှားနှင့် ) တရုတ်နိုင်ငံ၏ ထောက်ခံမှု ရရှိရန်လိုအပ်သည်။
..
(( Global News., Feb. 02 2021.,” UN Security Council holds emergency meeting on Myanmar coup but takes no action. By: Edith M. Lederer.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ် ဘာသာပြန်ဆိုသည်။ )))..  
https://globalnews.ca/news/7615231/un-security-council-no-action-myanmar/ 
..

0

Leave a Reply

Your email address will not be published.