မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အိန္ဒိယကာကွယ်ရေးဝန်ကြီးတို့ ရုရှားနိုင်ငံ ရောက်ခိုက် တွေ့ဆုံဆွေးနွေး။

ရုရှားနိုင်ငံသို့ ၃-ရက်ကြာအလည်အပတ် ရောက်ရှိနေသော အိန္ဒိယကာကွယ်ရေးဝန်ကြီး ရာ့ဂျ်နာ့သ်ဆင်းသည် အလားတူ ရောက်ရှိနေသည့် မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီးက ၎င်း၏ Twitter စာမျက်နှာ၌ ရေးသားသည်ဟု အိန္ဒိယအခြေစိုက် Times of India က ယနေ့ဖော်ပြသည်။

ဗုဒ္ဓဟူးနေ့တွင် ဝန်ကြီး ဆင်းသည် မော်စကို ရင်ပြင်နီ၌ ကျင်းပသည့် Victory Day Parade “ နာဇီဂျာမနီတို့ အပေါ် ဆိုဗီယက်အောင်ပွဲ” ၇၅ နှစ်ပြည့်အထိမ်းအမှတ် စစ်ရေးပြချီတက်ပွဲသို့တက်ရောက်ခဲ့သည်။ အဆိုပါ အခန်းအနားတွင် အိန္ဒိယတပ်မတော်က အတူ ချီတက်သည်။


အင်္ဂါနေ့တွင် ဝန်ကြီးဆင်းသည် ရုရှားဒုတိယ ဝန်ကြီးချုပ် ယူရီအိုင်ဗန်နိုဗစ်ဘိုရီဆော့ဗ်နှင့်လည်း တွေ့ဆုံ၍ နှစ်နိုင်ငံ ကာကွယ်ရေးဆိုင်ရာ ဆက်သွယ်မှုများကို ပြန်လည်သုံးသပ်ဆွေးနွေးသည်။


((( Times of India ., Jun 25, 2020,” Moscow: Rajnath Singh holds talks with Myanmar Military Chief.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://timesofindia.indiatimes.com/india/moscow-rajnath-singh-holds-talks-with-myanmar-military-chief/articleshow/76618800.cms?fbclid=IwAR1XJ5ChiGIATnsM6BW2cZ7ml9dWi33tQ5x9kFcn3uMOijJxGbd1I7WhHcA

https://twitter.com/DefenceMinIndia/status/1276010817507299329/photo/1

1+

Leave a Reply

Your email address will not be published.