မြန်မာ့အရေး အာဆီယံသတင်းထုတ်ပြန်ချက်တွင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် ကိစ္စကို ပြောင်းလဲ။ အစည်းဝေးမတိုင်မီ မူကြမ်းတွင် ပါဝင်သော်လည်း အပြီးသတ်သတင်းထုတ်ပြန်ချိန်၌ ဖြုတ်ပယ်ထား။ အစည်းအဝေးဥက္ကဋ္ဌ၏ ကြေညာချက်တွင် မပါဝင်ပဲ တစ်နိုင်ငံချင်းသဘောထား၌သာ ဖော်ပြခြင်းဖြစ်


[ဂျာကာတာ၊ ရိုက်တာသတင်းအေဂျင်စီ] – မြန်မာနိုင်ငံအကျပ်အတည်းနှင့် ပတ်သက်၍ အရှေ့တောင်အာရှခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးမတိုင်မီ တစ်ရက်အလိုတွင် အများသဘောတူထုတ်ပြန်သော ကြေညာချက်မူကြမ်း၌ နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးရန်မှာ အချက်တစ်ခုအနေဖြင့် ပါဝင်ခဲ့ကြောင်း အဆိုပါစာရွက်စာတမ်းနှင့ ်ရင်းနှီးကျွမ်းဝင်သူ သတင်းရင်းမြစ် ၃-ခုထံမှ သိရှိရသည်ဟု Reuters က ယနေ့ ရေးသားသည်။

…  
သို့သော် စနေနေ့အစည်းအဝေးအပြီး နောက်ဆုံးထုတ်ပြန်ချက်တွင် နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးရေးဟူသော စကားသည်မမျှော်လင့်ဘဲ ပျက်ပြားသွားပြီး လွှတ်ပေးရန် အခိုင်အမာတောင်းဆိုမှု မပါရှိကြောင်း သတင်းရပ်ကွက်နှစ်ခုက ပြောကြားသည်။

…  
ဤအချက်နှင့် ပတ်သက်၍ ခိုင်မာသောအနေအထား မရှိခြင်းသည် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများနှင့် အာဏာသိမ်းဆန့်ကျင်သူများအကြား စိတ်ရှုပ်ထွေးမှုများကိုဖြစ်ပေါ်စေခဲ့ပြီး အစည်းအဝေးမှာ မြန်မာနိုင်ငံတွင် တိုင်းပြည်၏စစ်ခေါင်းဆောင်များကို ဇက်ကြိုးဆွဲရန် အနည်းငယ်သာအောင်မြင်ခဲ့သည်ဟု ဝေဖန်မှုများကို မီးထိုးပေးရာ ရောက်ခဲ့သည်။

…  
အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အစည်းအဝေးအပြီးတွင်ဥက္ကဋ္ဌက ကြေညာသော အချက် ၅-ချက်ပါ သဘောတူညီမှုများတွင် နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးရန် ရည်ညွှန်းခြင်း မရှိပေ။ သို့သော် အစည်းအဝေးတက်ရောက်သူ နိုင်ငံခေါင်းဆောင်များ၏ တစ်နိုင်ငံချင်းသဘောထားကို သီးခြားသတင်းထုတ်ပြန်ရာ၌သာ (ထိန်းသိမ်းထားသူများအား ) လွှတ်ပေးရန် ပြောဆိုချက်များ ပါရှိနေခြင်းဖြစ်သည်။

…   
ထိပ်သီးအစည်းအဝေးသို့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး_မင်းအောင်လှိုင် တက်ရောက်ခဲ့သည်။

…  
စစ်တပ်ကထိန်းသိမ်းထားသူများထဲတွင် အာဏာမသိမ်းမီ ရွေးကောက်ပွဲတွင် ၎င်း၏ ပါတီက အနိုင်ရသူအဖြစ် ကြေညာခြင်းခံရသည့် ဒေါ်အောင်ဆန်းစုကြည်သာမက ဒီမိုကရေစီနည်းကျ ရွေးကောက်ခြင်းခံရသည့် သမ္မတနှင့် အခြားလွှတ်တော်ကိုယ်စားလှယ်များလည်း ပါဝင်သည်။

…  
ထိပ်သီးအစည်းအဝေးအပြီးတွင် နိုင်ငံရေးအကျဉ်းသားများအားလွှတ်ပေးရေးနှင့် ပတ်သက်၍ အချို့ခေါင်းဆောင်များနှင့် သံတမန်များအကြား တညီတညွတ်တည်းသဘောတူထားအတွက် မှတ်ချက်ပေးရန် ရှုပ်ထွေးမှုများရှိခဲ့သည်။

…  
မလေးရှားနိုင်ငံကမူ ( မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများအဆုံးသတ်ရေး) ( နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေး) (အာဆီယံ သံတမန်တဦး ခန့်ထား၍ ပါဝင်ပတ်သက်သူအားလုံးနှင့် တွေ့ဆုံဆွေးနွေးခွင့်ပြုရေး) ကို တိုက်တွန်းခဲ့ပြီး ဤအချက်တွင် ခေါင်းဆောင်များကလည်း အများစု သဘောတူညီကြောင်း #မလေးရှားနိုင်ငံနိုင်ငံခြားရေးဝန်ကြီး_ဟီရာမူဒင်ဟိုစိန်က တနင်္ဂနွေနေ့ လူမှုကွန်ယက်၌ ရေးသားသည်။

…   
မလေးရှားဝန်ကြီး၏ ပြောခွင့်ရပုဂ္ဂိုလ်ကမူ ဥက္ကဋ္ဌ၏ ကြေညာချက်တွင် ဖမ်းဆီးထိန်းသိမ်းထား သူများအား လွှတ်ပေးရန် တောင်းဆိုမှုများ ပါရှိသည်ဟု Reuters သို့ ရှင်းပြသည်။

…  
သဘောတူညီချက် မူကြမ်းကို တွေ့မြင်ခဲ့ရသည်ဆိုသော အမည်မဖော်လိုသူရင်းမြစ်နှစ်ခုက Reuters သို့ပြောဆိုရာတွင် စကားရပ်များပြောင်းလဲသွားရခြင်းကို အံ့အားသင့်မိသော်လည်း မည်သည့်အချိန်တွင် မည်ကဲ့သို့ ပြောင်းလဲခဲ့သည်ကို မပါရှိခဲ့ချေ ။ ရိုက်တာသတင်းအေဂျင်စီအနေဖြင့်လည်း မူကြမ်းမတွေ့ရရှိသေးပါ။


အာဆီယံထိပ်သီးအစည်းအဝေး၏ ဥက္ကဋ္ဌ ဖြစ်သော ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက မှတ်ချက်ပေးရန် တောင်းဆိုချက်ကို ချက်ချင်းတုံ့ပြန်ခြင်းမရှိပါ။

…  
သဘောတူညီချက် ၅-ခုတွင် မြန်မာနိုင်ငံရှိအဖွဲ့အစည်းအားလုံးတို့သည်လည်း တွေ့ဆုံဆွေးနွေးမှုတွင်ပါဝင်ရန် ကတိကဝတ်တစ်ခုအဖြစ် ပါဝင်သည်။…


အခြားသဘောတူညီမှုတစ်ခုမှာ အကြမ်းဖက်မှုအဆုံးသတ်ရေး၊ အာဆီယံ အထူးကိုယ်စားလှယ်စေလွှတ်ရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများနှင့် ပါဝင်ပတ်သက်သူ အားလုံးနှင့်တွေ့ဆုံရန် ကိုယ်စားလှယ်အဖွဲ့ကို မြန်မာနိုင်ငံသို့ အလည်အပတ် စေလွှတ်ရေးတို့ဖြစ်သည်။

…   
ထိပ်သီးအစည်းအဝေးတွင် ခေါင်းဆောင်များနှင့် ၎င်းတို့၏ကိုယ်စားလှယ်များက မြန်မာ၏အခြေအနေများနှင့် ပတ်သက်၍ ပြောဆိုကြပြီး၊ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က ၎င်း၏အမြင်များကို နောက်ဆုံးပြောကြားကြောင်း၊ ပြောဆိုသည်တို့ကို ကြားသိပါကြောင်း၊ အကူအညီပေးရာ ရောက်သည်ဟု ယူဆရသည့် အချက်များက ကျင့်သုံးမည်ဟု ပြောဆိုကြောင်း စင်္ကာပူဝန်ကြီးချုပ်_လီရှင်းလွန်းက ရှင်းပြသည်။

(((Reuters., April 25, 2021,” ASEAN Changed Myanmar Statement on Release of Political Detainees – Sources. By: By Tom Allard.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#မြန်မာ့အရေးအာဆီယံသတင်းထုတ်ပြန်ချက်တွင်_နိုင်ငံရေးအကျဉ်းသားများ_လွှတ်ပေးရန်_မပါဝင်

https://www.usnews.com/news/world/articles/2021-04-25/asean-changed-myanmar-statement-on-release-of-political-detainees-sources?fbclid=IwAR0aYExxYsaAgj87TG38ljW8LPePCX30MaKf_fgM9JYdCNhlxVzlpLgeygw 

+2

Leave a Reply

Your email address will not be published.