မြန်မာပြည်နှင်ဒဏ်ပေးခံရသူများကိစ္စ လူ့အခွင့်အရေးးအဖွဲ့များ တရားစွဲဆိုခြင်းကို မလေးရှားတရားရုံး လက်ခံ။ ကြားနာခြင်းမတိုင်မီ ထွက်ခွာခြင်းမပြုရန် ကွာလာလန်ပူတရားရုံးက ယာယီအမိန့်ချမှတ်ပြီး နာရီအနည်းငယ်အကြာ မလေးရှားအစိုးရက မြန်မာနိုင်ငံသားများအား ပြန်ပို့ခဲ့ခြင်းဖြစ်


မလေးရှားတရားရုံးတော်သည် မကြာသေးမီက မြန်မာနိုင်ငံသား ၁,၀၀၀ ကျော်တို့အား ၎င်းတို့၏နိုင်ငံသို့ ပြည်နှင်ဒဏ်ပေးခြင်းကိစ္စနှင့်စပ်လျဉ်း၏ နိုင်ငံတကာလူ့အခွင့်အရေးအုပ်စုများ၏ တရားစွဲဆိုခြင်းကို အင်္ဂါနေ့၌ လက်ခံလိုက်ကြောင်း လူ့အခွင့်အရေးအုပ်စုများ၏ ရှေ့နေက ပြောဆိုသည်ဟု Reuters က ယနေ့ရေးသားသည်။

..  
လွန်ခဲ့သည့်လတွင် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့နှင့် ဒုက္ခသည်များအခွင့်အရေးဆိုင်ရာအဖွဲ့တို့က မြန်မာနိုင်ငံသားများအား ပြည်နှင်ခြင်းအစီအစဉ်ရပ်ဆိုင်းရန် တောင်းဆိုခဲ့ကြသည်။ ပြည်နှင်ဒဏ်ပေးရန် ကြားနာခြင်းမတိုင်မီ မြန်မာနိုင်ငံသားများအား ထွက်ခွာခြင်းမပြုရန် တားဆီးကြောင်း ကွာလာလန်ပူတရားရုံးချုပ်က ယာယီအမိန့်ချမှတ်ပြီး နာရီအနည်းငယ်အကြာ၌ မလေးရှားအစိုးရက ထိန်းသိမ်းထားသူများအား မြန်မာနိုင်ငံသို့ ပြန်ပို့ပစ်ခဲ့ခြင်းဖြစ်သည်။

..   
အင်္ဂါနေ့ ကွာလာလန်ပူတရားရုံးချုပ်၏ အမိန့်တွင် လူဝင်မှု ကြီးကြပ်ရေးအာဏာပိုင်များ၏ ဆုံးဖြတ်ချက်အပေါ် မလေးရှားဥပဒေအရ အကာအကွယ်ပေးထားစေကာမူ တရားစွဲဆိုပိုင်ခွင့်ရှိသည်ဆိုခြင်းနှင့်ပတ်သက်၍ ဆုံးဖြတ်ထားသည်။ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့နှင့် ဒုက္ခသည်များအခွင့်အရေးဆိုင်ရာအဖွဲ့တို့ကဲ့သို့ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် အစိုးရအာဏာပိုင်တို့၏တာဝန်ရှိမှုတို့အပေါ် ဥပဒေကြောင်းအရ သုံးသပ်အတည်ပြုခြင်းဖြစ်၍ အလွန်အရေးကြီးသည့် ဆုံးဖြတ်ချက်ဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့များ၏ ရှေ့နေက Reuters အား ရှင်းပြသည်။

..    
တရားရုံးတော်၏ စီရင်ချက်နှင့် ပတ်သက်၍ မှတ်ချက်ပေးရန်တောင်းဆိုချက်ကို မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနက ချက်ချင်းတုန့်ပြန်ခြင်း မရှိချေ။

..   
ညှဉ်းပန်းနှိပ်စက်မှုများမှ ထွက်ပြေးလာသည့် ခိုလှုံခွင့်တောင်းခံသူများ သို့မဟုတ် ဒုက္ခသည်များကို လွန်ခဲ့သည့် လတွင် အာဏာသိမ်းယူမှုဖြစ်ပွားခဲ့သည့် မြန်မာနိုင်ငံသို့ ပြန်ပို့ခြင်းဖြင့် ၎င်းတို့အား ကြောက်ရွံ့ထိတ်လန့်စေရာရောက်ကြောင်း လူ့အခွင့်အရေးအဖွဲ့များက ရုံးတော်၌ စွဲဆိုခြင်းဖြစ်သည်ဆို၏။

..   
မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနကမူ ပြန်ပို့ခံရသူများတွင် ဒုက္ခသည်ဘင်္ဂါလီ ( မူရင်း ရိုဟင်ဂျာဟုဖော်ပြ ) များ သို့မဟုတ် ခိုလှုံခွင့်တောင်းခံသူများ ပါဝင်ခြင်း မရှိကြောင်း တုန့်ပြန်ချေပသည်။

..   
သို့သော်လည်း ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီ UNHCR အနေဖြင့် လူဝင်မှုကြီးကြပ်ရေးဋ္ဌာနက ထိန်းသိမ်းထားသူများနှင့် တစ်နှစ်ကျော်ကြာ တွေ့ဆုံမေးမြန်းခွင့် မရရှိခဲ့ခြင်းကြောင့် ၎င်းတို့၏ ဒုက္ခသည် သို့မဟုတ် ခိုလှုံသူ ဖြစ်ကြောင်း အဆင့်အတန်းအတည်ပြုရန် မဖြစ်နိုင်ပဲ စိုးရိမ်နေကြခြင်းဖြစ်ကြောင်း သိရှိရသည်။

 
တရားရုံးတော်တွင် တင်ပြသော လူ့အခွင့်အရေးအဖွဲ့များ၏ လျှောက်ထားချက်၌ UNHCR တွင် ဒုက္ခသည်အဖြစ် မှတ်ပုံတင်ထားသူ ၃ ဦးနှင့် မလေးရှား၌ အနည်းဆုံး မိဘတစ်ဦးသာ ရှိသည့် ကလေးသူငယ် ၁၇-ဦးတို့မှာ ပြန်ပို့ခံရသူများ စာရင်း၌ ပါဝင်နေကြာင်း ဖော်ပြထားသည်။

၏ ၎င်းတို့မှာ ပြန်ပို့ခံရသည့်အထဲတွင် ပါဝင်ခြင်း ရှိ- မရှိ ရှင်းလင်းစွာ မသိရချေ။

..   
(( မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းများမှ နေရပ်ပြန်မည့် မြန်မာနိုင်ငံသား ၁,၀၈၆ – ဦးတို့သည် ရေတပ်မတော်ပိုင် စစ်ရေယာဉ် ၃ စင်းဖြင့် ဖေဖော်ဝါရီ ၂၃-ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီ တွင် ပဲရပ်ပြည်နယ်ရှိ မလေးရှားရေတပ်စခန်းမှ ထွက်ခွာပြီး ဖေဖော်ဝါရီ ၂၇ တွင် မြန်မာနိုင်ငံ အမှတ် ၃- ရေတပ်ဆိပ်ခံတံတား၌ ဆိုက်ကပ်ခဲ့သည်။

..   
နေရပ်ပြန် မြန်မာနိုင်ငံသားများအတွက် မြန်မာလူမှုကူညီရေးအသင်း (မလေးရှား) နှင့် စေတနာရှင်များက အဝတ်အစားများ၊ ဖိနပ်များနှင့် လိုအပ်သည်များကို လှူဒါန်းလိုက်ကြကြောင်း သိရှိရပါသည်။       ။ သတင်း ဘာသာပြန်သူ ))
..
((( Reuters., 09 Mar 2021, “ Malaysia court allows rights groups to challenge Myanmar deportations: lawyer.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာ ပြန်ဆိုသည်။ )))

..

#မြန်မာပြည်နှင်ဒဏ်ပေးခံရသူများကိစ္စ #လူ့အခွင့်အရေးးအဖွဲ့မျာ_မလေးရှားတွင်တရားစွဲ   
..
https://bdnews24.com/world/2021/03/09/malaysia-court-allows-rights-groups-to-challenge-myanmar-deportations-lawyer
https://www.channelnewsasia.com/news/asia/malaysia-court-myanmar-deportations-rights-group-challenge-14367040
https://www.straitstimes.com/asia/se-asia/malaysia-court-allows-rights-groups-to-challenge-deportation-of-myanmar-nationals

Leave a Reply

Your email address will not be published.