မြန်မာပြည် ကသောင်းကနင်းဖြစ်ရာတွင် ပြည်မကြီးဆန့်ရေးကောလဟလနောက်ကွယ်၌ ထိုင်ဝမ်အာဏာရပါတီ DPP က လက်မည်းကြီးဖြစ်ဟု တရုတ်ပြော။ နိုင်ငံတကာရေးရာများတွင် ပြည်မကြီး ပြဿနာဖြစ်စေရန် ဟောင်ကောင်၊ ထိုင်းနှင့် မြန်မာတို့၌ ထိုင်ဝမ်အကွက်လှည့်ခဲ့ဟု ဆို


ဖေဖော်ဝါရီ ၁-ရက်နေ့မှစတင်၍ မြန်မာနိုင်ငံတွင် မငြိမ်သက်မှုများဖြစ်ပွားလျှက်ရှိစဉ် #Milk_Tea_Alliance ခေါ် ပြည်မကြီးဆန့်ကျင်ရေးနှင့် ခွဲထွက်ရေးအင်အားစုများ၏ အွန်လိုင်းညွန့်ပေါင်းအဖွဲ့မှာ အွန်လိုင်းတွင် စုရုံးခဲ့ကြသည်။ နိုင်ငံရေး မတည်ငြိမ်ခိုက် ပြည်မကြီးဆန့်ကျင်ရေး ကောလဟလများ အဆက်မပြတ်ဖန်တီးခြင်း ပြဿနာပိုမိုကြီးထွားစေရန် ရောမွှေခြင်းတို့ ပြုလုပ်ခဲ့ကြသည်၊ ပြည်မကြီးမှ ခွဲထွက်ရေး ထိုင်ဝမ်အာဏာပိုင်များနှင့် ၎င်းတို့အား ထောက်ခံသူတို့သည် တရုတ်-မြန်မာဆက်ဆံရေး ပျက်ပြားစေရန် အကြီး အကျယ် အားထုတ်ခဲ့ကြောင်း တွေ့ရှိရသည်ဟု တရုတ်ကွန်မြူနစ်အစိုးရပိုင် Global Times (Apr.3) က ဖော်ပြသည်။…    
#ထိုင်ဝမ်ခေါင်းဆောင်ဖြစ်သူ_ဆိုင်အင်းဝမ်၏ သံတမန်ဆက်ဆံရေးချဲ့ထွင်မှုဟု အမည်တပ်ထားသော #တောင်ဘက်မျှော်_ပေါ်လစီသစ်တွင် မြန်မာနိုင်ငံအား အဓိကပစ်မှတ်ထားသည်။ မြန်မာနိုင်ငံရှိ ထိုင်ဝမ်စီးပွားရေးနှင့် ယဉ်ကျေးမှုရုံးတို့၏ ကိုယ်စားလှယ်များအား ၎င်းတို့၏ ဝဘ်ဆိုက်များတွင် သံအမတ်အဖြစ် မကြာခဏ ခေါင်းစဉ်တပ် ရေးသားလေ့ရှိသည်။

မကြာသေးမီနှစ်များအတွင်း မြန်မာနိုင်ငံသို့ ဝင်ရောက်ခဲ့သည့် ထိုင်ဝမ်စီးပွားရေးလုပ်ငန်းပေါင်းမှာ ၃၀၀ ကျော်ရှိ ပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှုမှာ ၁ ဘီလီယံကျော်မည်ဖြစ်ကြောင်း ထိုင်ဝမ်သတင်းစာများက ဖော်ပြသည်။…  
သို့သော်လည်း ပုံမှန်စီးပွားရေးနှင့် ကုန်သွယ်ရေးအပြန်အလှန်ဖလှယ်မှုနောက်ကွယ်တွင် ထိုင်ဝမ်အာဏာပိုင်များသည် မြန်မာနိုင်ငံတွင် သြဇာလွှမ်းမိုးမှုချဲ့ထွင်ရန် ကြိုးစားလျှက်ရှိသည်။ ပင်လယ်ရပ်ခြားနှင့် ဆက်စပ်ဒေသများရှိ ပြည်မကြီး၏ အကျိုးစီးပွားတို့ကို ချိနဲ့စေရန် မြန်မာနိုင်ငံတွင်း ပရမ်းပတာဖြစ်မှုများကို အခွင့်အရေးတစ်ရပ်အဖြစ် အသုံးချသည်။…  
ထိုင်ဝမ်အာဏာပိုင်များနှင့် ၎င်းတို့အားထောက်ခံသူတို့သည် တရုတ်-မြန်မာဆက်ဆံရေး ပျက်ပြားစေရန် အားထုတ်ရာ၌ မတူညီကြပါ။ ဥပမာအားဖြင့် ပြည်မကြီးတွင် ရိုက်နှိပ်သော မြန်မာငွေစက္ကူအတုများမှာ ပြည်တွင်း ဈေးကွက်သို့ ဝင်ရောက်လာပြီဟု ကောလဟလသတင်းကို ဓါတ်ပုံနှင့်တကွ လွှင့်ထုတ်ခြင်းမျိုးဖြစ်သည်။ သို့သော်လည်း ငွေစက္ကူတုအစည်းဆိုသည်၏ ဓါတ်ပုံတွင် ဟောင်ကောင်၊ စင်္ကာပူ၊ မြန်မာ၊ ဗီယက်နမ်တို့၌ ရုံးခွဲဖွင့်လှစ်ထားပြီး ပြည်မကြီး၏ ပြိုင်ဘက် ထိုင်ဝမ်ဘဏ် E.SUN Bank ဆိုသည့်စာတန်းက လှောင်ပြောင်နေသည့်အလား မြင်နေရသည်။ သို့သော်လည်း လမ်းကြောင်းလွှဲသတင်းတုဖြစ်ကြောင်း တရုတ်နှင့် မြန်မာ အချို့သာ အမှန်အတိုင်း သိရှိကြပါသည်။

မြန်မာတွင် နိုင်ငံရေးမငြိမ်မသက်မှုများဖြစ်ပွားပြီးနောက် “Milk Tea Alliance,” ခေါ် #အွန်လိုင်းအာမီ စုဆောင်းရာတွင် မြန်မာကလည်း ပါဝင်၍ Twitter တွင်လှုပ်ရှားရန် တောင်းဆိုကြောင်း ဟောင်ကောင်နှင့် ထိုင်ဝမ်လူမှုကွန်ယက်အကောင့်အချို့က မက်ဆေ့များ လွှင့်တင်ခဲ့ကြသည်။ ပြည်မကြီးအား သတိပေးသည့်အနေဖြင့် တရုတ်စီးပွားရေးလုပ်ငန်းများစွာ တို့ကို မီးရှို့ရန်အထိ အစိုးရအပေါ် သဘောကွဲလွဲသူ အစွန်းရောက်အတိုက်အခံမြန်မာတို့ကို ပွင့်ပွင့်လင်းလင်း တောင်းဆိုထားသည်။

Twitter နှင့် Facebook တွင် မြန်မာနှင့် ပတ်သက်၍ (သွားပုပ်လေလွင့်) ရေးသားကြသူ အကောင့် ၁,၀၀၀ ကျော်တွင် ၃၈၁-ခုမှာ မြန်မာနိုင်ငံအတွင်းမှဖြစ်ကြောင်း၊ ၎င်းတို့တွင် ၃၉-မှာ ပြည်မကြီးအား ထိုးနှက်ထားခြင်းဖြစ်ကြောင်း၊ အကောင့်စုစုပေါင်း ၅၉၄-ခုတို့သည် များသောအားဖြင့် ထိုင်ဝမ်တွင်အသုံးပြုသည့် တရုတ်ဒေသိယအက္ခရာဖြင့် ရေးသားးထားကြောင်း၊ ၁၀၀ ထက်နည်းသော အကောင့်တို့မှာ အင်္ဂလိပ်ဘာသာကို အသုံးပြူထားပြီး ပြည်မကြီးအား တိုက်ခိုက်သူ ၈-ဦးသာ ရှိကြောင်း ကွန်ပျူတာကျွမ်းကျင်သူများက ပြောဆိုသည်။…   
လေ့လာသုံးသပ်သူများကမူ ထိုင်ဝမ်နှင့် ဟောင်ကောင်ရှိခွဲထွက်ရေး အင်အားစုများသည် မငြိမ်မသက်မှုများကြောင့် မြန်မာတို့၏ အမျက်ဒေါသကို တရုတ်ပြည်မကြီးသို့ ပြောင်းရွှေ့ရန်အခွင့်ကောင်းယူနေသည်ဟု ဝေဖန်သည်။…   
မြန်မာတွင်ဆိုးရွားသော အခြေအနေများ စတင်ကတည်းက ထိုင်ဝမ်အာဏာပိုင်များသည် မြန်မာနိုင်ငံ၏ အခြေအနေများအတွက် စိုးရိမ်ပူပန်မှုကြောင်း ဖော်ပြကာ ပြည်ပရောက်နေသူများကို အမြန်ဆုံး ကယ်ထုတ်သွားသည်။ သို့သော် မြန်မာ၏အခြေအနေကို တရားဝင် သံအဆက်အသွယ်ရှိသော အရှေ့တောင်အာရှအိမ်နီးချင်းတို့သာ သိနိုင်ပြီး ထိုင်ဝမ်အာဏာပိုင်များအနေဖြင့် ဘာမှလည်းမသိ မည်သို့မျှလည်း မတတ်နိုင်ကြောင်း ထိုင်ဝမ် People’s Party က ဆင်ခြေပေးသည်။…   
ပညာရှင်တစ်ဦးကမူ ထိုင်ဝမ်အာဏာပိုင်များသည် နိုင်ငံတကာရေးရာများတွင် ပြည်မကြီးပြဿနာဖြစ်ရစေမည့် ၎င်းတို့၏ မဟာဗျူဟာ တစ်စိတ်တစ်ပိုင်းအဖြစ် ၂၀၁၉ ခုနှစ်တွင် ဟောင်ကောင်၊ ၂၀၂၀ တွင် ထိုင်းနိုင်ငံနှင့် ၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံတို့၌ ကုလားဖန်ထိုးခဲ့ကြောင်း ရှင်းပြသည်။…  
မြန်မာတွင် အခြေအနေတည်ငြိမ်လာသည်နှင့်အမျှ တရုတ်ပြည်မကြီးအပေါ် မူတည်သည့် ထိုင်ဝမ်စီးပွားရေးလုပ်ငန်းများကို လျှော့ချပြီး သံတမန်ရေးကဏ္ဍကို ချဲ့ထွင်သည့် တောင်ဘက်မျှော်ပေါ်လစီကို ထိုင်ဝမ်အာဏာပိုင်များက အသုံးချလိမ့်မည်ဟု လေ့လာဆန်းစစ်သူများက ယုံကြည်သည်။

သို့သော်လည်း မြန်မာနိုင်ငံတွင် ထိုင်ဝမ်၏ရင်းနှီးမြှုပ်နှံမှုများမှာ မြန်မာက တရုတ်နှင့် နီးကပ်စွာဆက်ဆံနေခြင်း၊ ဥရောပ၊ အမေရိကန်နှင့် ဂျပန်တို့၏ ရင်းနှီးမြှုပ်နှံမှုများအပါအဝင် စိန်ခေါ်မှုများနှင့် ပိုမိုရင်ဆိုင်နေရသည်။ ထို့အပြင်တရုတ်ပြည်မကြီးနှင့်မြန်မာတို့သည်နီးကပ်သောဆက်ဆံရေးရှိကြသည်။ ၂၀၂၀-ခုနှစ် ဇန်နဝါရီလတွင် ပူးတွဲကြေညာချက်တစ်ရပ်ကို တရုတ်နှင့် မြန်မာတို့က လက်မှတ်ရေးထိုးခဲ့ရာ #တရုတ်တစ်နိုင်တည်းမူဝါဒကို မြန်မာနိုင်ငံက ထပ်လောင်းအတည်ပြုထားသည်။…  
၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီတွင် ထိုင်ဝမ်၏ချိုင်းနားတိုမ်းသတင်းစာ၏ အဆိုအရ မြန်မာနိုင်ငံသည် ထိုင်ဝမ်အာဏာပိုင်များထုတ်ပေးသော စာရွက်စာတမ်းများကို အသိအမှတ်မပြုပါ။ စီးပွားရေးလုပ်ငန်းများသည် ထိုင်ဝမ်အမည်ဖြင့် မည်သည့်အဖွဲ့အစည်းမျှ ထူထောင်ခွင့် မရှိပါ။ အရှေ့တောင်အာရှနိုင်ငံများတွင်ရင်းနှီးမြှုပ်နှံရန် မြန်မာအား ပထမဦးစားပေး ရွေးချယ်သည့် ထိုင်ဝမ်အခြေစိုက်ကုမ္ပဏီများမှာ ၆% သာလျှင်ရှိကြောင်း ထိုင်ဝမ်စီးပွားရေးဌာနများနှင့်အသင်း၏ ဖေဖော်ဝါရီလ စစ်တမ်းက ဖော်ပြနေသည်။ မြန်မာနိုင်ငံတွင် မည်မျှ အကျိုးကျေးဇူးရရှိနိုင်သည်ကို ထိုင်ဝမ်အာဏာပိုင်များအနေဖြင့် မသေချာပါ။…   
သို့သော် ထိုင်ဝမ်အာဏာပိုင်များနှင့် မြန်မာနိုင်ငံအကြားဆက်ဆံရေးသည် အများထင်သည်ထက် ပိုမိုရှုပ်ထွေးကြောင်း ရှားမင်းတက္ကသိုလ်အရှေ့တောင်အာရှရေးရာသုတေသနဋ္ဌာနမှ ကျွမ်ဂိုတူက ပြောဆိုသည်။ ဖွံ့ဖြိုးတိုးတက်လာပြီးနောက် ထိုင်ဝမ်သည် လော-မြန်မာ-ထိုင်းဆုံရာ #ရွှေတြိဂံဒေသ၌ တရုတ်စာသင်ကျောင်းများနှင့် တရုတ်လူမျိုးအသိုင်းအဝိုင်းများ ကြံ့ခိုင်အောင် တည်ဆောက်ရာတွင် အကူအညီအချို့ပေးခဲ့သည်။ ထိုင်ဝမ်၏ ယခင်အစိုးရ နှစ်ဆက်လက်ထက်တွင် ထိုင်ဝမ်က မြန်မာ၌ ရင်းနှီးမြှုပ်နှံလျှက်ရှိသည်။ မြန်မာနိုင်ငံတွင် ထိုင်ဝမ် ၏သြဇာလွှမ်းမိုးမှုအချို့ ရှိနေသည်။

(((Global Times., Apr 03, 2021,” Taiwan separatist DPP authority’s ‘black hand’ behind anti-mainland rumors amid Myanmar upheaval. By Guan Chao, Zhang Tianxing, and Bai Yunyi” ကို #HtayOung,#OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#မြန်မာပဋိပက္ခ_တရုတ်ဆန့်ကျင်ရေးနောက်ကွယ်လက်မည်းကြီး_ထိုင်ဝမ်ဟု တရုတ်ပြော…  
https://www.globaltimes.cn/page/202104/1220154.shtml?fbclid=IwAR0gA3IaVqp1GPMlg7E2Py0IkovY_B1857OmRdpbpe2Ub31lU_KLxoGdDg8 

Leave a Reply

Your email address will not be published.