မြန်မာနိုင်ငံတစ်ဝှမ်း သံချပ်ကာ ကားများအပါအဝင ်လုံခြုံရေးတပ်အင်အား တိုးမြှင့်၊ ဒုတိယအကြိမ်အဖြစ် အင်တာနက် ဖြတ်တောက်ပြန်၊ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်အား ယခုရက်သတ္တပတ်၌ ရုံးထုတ်စစ်ဆေးမည်ဟု မျှော်လင့်ရ


မြန်မာတစ်ပြည်လုံး တပ်အင်အား တိုးမြှင့် ချထားပြီး ရန်ကုန်ဗဟိုဘဏ်၌ သံချပ်ကာ ကားများချထားကြောင်း။ ဗဟိုဘဏ်ကို လူ ၁,၀၀၀ ခန့် ဝိုင်းဝန်းဆန္ဒပြရာ၌ ပါဝင်သူ ငြိမ်းမိုး ( ၄၆-နှစ် ) ပြောဆိုတယ်လို့ AFP က ယနေ့ ရေးသားတယ်။
..


နိုင်ငံစီးပွားရေးမှာ အသည်းနှလုံးဖြစ်တဲ့ ရန်ကုန်မှာ သံချပ်ကာကားအပါအဝင် တပ်အင်အား အများအပြား ချထားတယ်။
..

မန္တလေးမှာ ရဲတွေက လေးခွနဲ့ ပစ်လို့ အနည်းဆုံး လူ ၆-ဦး ဒဏ်ရာရရှိတယ်၊ ဆန္ဒပြသူတွေကလဲ အုတ်ခဲကျိုးနဲ့ တန်ပြန် ပစ်ပေါက်တယ်။ ရဲတွေက ရာဘာကျည်နဲ့ ပစ်ခတ်ပြီး ရုန်ရင်းဆန်ခတ်ဖြစ်စဉ် နံပတ်ဒုတ်နဲ့ ရိုက်တယ်လို့ မြင်တွေ့ရသူ သတင်းထောက် တစ်ဦးက ပြောဆိုတယ်။ မန္တလေးဒဏ်ရာရရှိသူ တစ်ဦးမှာ နံရိုးကို ရာဘာကျည်ထိ မှန်ခြင်းဖြစ်လို့ အရေးပေါ် အောက်ဆီဂျင်ပေးရန် လိုအပ်ကြောင်း လူအုပ်စုခေါင်းဆောင် ခင်မောင်တင်က AFP ကို ရှင်းပြတယ်။ မြောက်ပိုင်းမြို့တော် မြစ်ကြီးနားမှာ ရဲတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးများကို လူအုပ်အတွင်း ပစ်သွင်းပြီး လူစုခွဲခဲ့တယ်။
..

ဆန့်ကျင်ဆန္ဒပြသူတွေကို ဖြိုခွင်းရန် ရည်ရွယ်သည့်အနေနဲ့ တပ်မတော်အစိုးရက တစ်ပြည်လုံးကို ဒုတိအကြိမ်အဖြစ် အင်တာနက် ဖြတ်တောက်လိုက်တယ်။ အင်တာနက် အဆက်အသွယ်ဟာ ဒေသစံတော်ချိန် နံနက်စောစော ၁- နာရီမှ စတင်တယ်လို့ စောင့်ကြည့်သူ NetBlocks အုပ်စုက ပြောဆိုတယ်။ ( နံနက် ၉-နာရီ ပြန်ဖွင့်ကြောင်း သတင်းတွင် မပါပါ။ ) အင်္ဂါနေ့တွင် အင်တာနက်အဆက်အသွယ်များဟာ ပုံမှန်ထက် ၁၅ ရာနှုန်း နှေးကွေးသွားတယ်။
..

အင်တာနက် ဖြတ်တောက်ခြင်းမှာ ဒီမိုကရေစီရဲ့ အခြေခံမှ သွေဖီခြင်းဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ခရစ်စတင်းရှာရန်နာဘာဂီနာက မြန်မာ့တပ်မတော် ဒုတိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းကို သတိပေးပြောဆိုပြီး ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးကလည်း ရှုတ်ချလိုက်တယ်။ နက်ဝခ်များ ပိတ်ခြင်းဟာ ဘဏ်များအပါအဝင် အရေးကြီးကဏ္ဍများကို အထိနာစေတယ်လို့ ကုလပြောရေး ဆိုခွင့်ရှိသူက ပြောဆိုတယ်။
..

သို့သော်လည်း ဆန္ဒပြသူများဟာ လမ်းမများပေါ်သို့ ပြန်ထွက်လာကြပြန်တယ်။
..

ဖေဖော်ဝါရီ ၁-ရက်နေ့ အာဏာသိမ်းစဉ် ဖမ်းဆီးခံရသူများကို ယနေ့ထိ လူအများမြင်တွေ့ရခြင်း မရှိသေးပါ။
..

ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ယခုရက်သတ္တပတ်အတွင်း နေပြည်တော်မှာ ဗွီဒီယို ကွန်ဖရင့်မှတစ်ဆင့် ရုံးထုတ်စစ်မေးမယ်လို့ မျှော်လင့်ရကြောင်း ဒေါ်စုရဲ့ ရှေ့နေ ဦးခင်မောင်ဇော်က ပြောဆိုပါတယ်။
..

အမေရိကန်၊ ဗြိတိန်နှင့် ဥရောပသမဂ္ဂနိုင်ငံအချို့မှ သံအမတ်ကြီးများက အရပ်သားများအပေါ် ထိခိုက်ဒဏ်ရာရရှိအောင် မလုပ်ဖို့ လုံခြုံရေးတပ်များကို တောင်းဆိုလိုက်တယ်။
..

တနင်္လာနေ့ ညမှာ ဗြိတိန်သံရုံးက ကြေညာချက်ထုတ်ပြန်ရမှာ ဂျာနယ်လစ်များကို တိုက်ခိုက်ခြင်းနဲ့ တမင်ရည်ရွယ်၍ အင်တာနက်ဖြတ်တောက်ခြင်းမှာ လွတ်လပ်ခွင့်ကို ထိပါးခြင်းဖြစ်လို့ ရပ်တန့်ရန် တိုက်တွန်းလိုက်တယ်။
..

ကုလသမဂ္ဂအထူးကိုယ်စားလှယ် တွမ်အင်ဒရူးကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်စစ်ဆေးရာမှာ တရားမျှတမှု့ရှိဖို့ မျှော်လင့်ကြောင်း ပြောဆိုပြီး တပ်မတော်အစိုးရအနေနဲကတော့ မျှတမှုရှိမည်မဟုတ်၊ ဒါဟာ လုပ်ဇာတ်ကြီးတစ်ခုဖြစ်ပြီး ဘယ်သူမှ ယုံကြည်မှာမဟုတ်ဖူးလို့ ပြောဆိုတယ်။
..

NLD အမတ် ၂-ဦးရဲ့ နေအိမ်ကို ရဲတပ်ဖွဲ့ဝင် ၇-ဦးက မိနစ် ၃၀-ခန့် ဝင်ရောက်ရှာဖွေသော်လည်း မသင်္ကာဖွယ် တစ်စုံတစ်ရာ မတွေ့သွားကြောင်း ကြားသိရတယ်။ အာဏာထိန်းစဉ်မှစ၍ ယခုထိ ဖမ်းဆီးထားသူ ၄၂၀ ကျော်ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ စောင့်ကြည့်သူများက ပြောဆိုတယ်။
..
#မြန်မာဒုတိယအကြိမ်အင်တာနက်ဖြတ်တောက် #ဒေါ်စုနှင့်ဦးဝင်းမြင့်ရုံးထုတ်စစ်ဆေးမည်

..

((( AFP., Feb 16 2021. “ Myanmar junta cuts internet for second night.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))
..
https://www.dhakatribune.com/world/south-east-asia/2021/02/16/myanmar-junta-cuts-internet-for-second-night
.. 

0

Leave a Reply

Your email address will not be published.