မြန်မာနိုင်ငံမှ လူ ၂၀ ကျော် ဖြတ်သန်းဝင်ရောက်လာပြီးနောက် နယ်ခြားတစ်လျှောက် လုံခြုံ ရေးကို အိန္ဒိယတင်းကြပ်။ ဝင်ရောက်လာသူများတွင် မြန်မာရဲတပ်ဖွဲ့ဝင်များ ပါဝင်သည်ဆိုသော်လည်း အတည် မပြုနိုင်သေး။ နယ်စပ်တလျှောက် နှစ်နိုင်ငံလုံးမှ စစ်သွေးကြွလက်နက်ကိုင်များလည်းရှိနေ


အိန္ဒိယ၏ ကုန်းတွင်းပိတ်ဖြစ်နေသော အရှေ့မြောက်ဖျား ပြည်နယ် ၄-ခုတို့သည် ဘင်္ဂလားပင်လယ်အော်ရေကြောင်းထွက်ပေါက်ရှိသည့် မြန်မာနှင့် မိုင်ပေါင်း ၉၉၀ ကျော်မျှ နှစ်နိုင်ငံနယ်နိမိတ်ချင်း ထိစပ်လျှက်ရှိသည်။ အာဏာသိမ်းယူပြီးနောက် လတ်တလော မငြိမ်သက်မှုများဖြစ်ပွားလျှက်ရှိသည့် မြန်မာနိုင်ငံမှ လူအများအပြား ဖြတ်သန်းဝင်ရောက်လာပြီးနောက် အိန္ဒိယက အဆိုပါနယ်ခြားဒေသ၌ လုံခြုံရေးတင်းကြပ်လိုက်သည်ဟု ဘင်္ဂလားအခြေစိုက် Dhaka Tribune က ယမန်နေ့ရေးသားသည်။..   
လွန်ခဲ့သည့် မတ်လ ၃-ရက်နေ့မှစ၍ မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များအပါအဝင် လူ-၂၀ ကျော်မှာ နှစ်နိုင်ငံနယ်ခြားအား ဖြတ်ကျော်၍ #အိန္ဒိယနိုင်ငံ_မီဇိုရမ်ပြည်နယ်ရှိ_လမ်ကွယ့်ကျေးရွာသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယအစိုးရ အဆင့်မြင့်အရာရှိကြီများအားကိုးကား၍ ဒေသန္တရ သတင်းမီဒီယာများက ဖော်ပြကြသည်ဆို၏။..  
မဖြစ်မနေလိုက်နာရသော စည်းကမ်းပြဋ္ဌာန်းချက်အရ ၎င်းတို့အား ကိုရိုနာဗိုင်းရပ်စ်ရောဂါစစ်ဆေးမှု ပြုလုပ်ပြီးနောက် မြန်မာနိုင်ငံနယ်စပ်မှ ၅-မိုင်ခန့် ကွာဝေးသည့် လမ်ကွယ့်ကျေးရွာ လူထုခန်းမတစ်ခုတွင် နေရာချထားပေးခဲ့ကြောင်း၊ စားနပ်ရိက္ခာနှင့် နေရာထိုင်ခင်းပေးထားပြီး ပြည်ထဲရေးဋ္ဌာနသို့ ဖြစ်စဉ်အား အစီရင်ခံတင်ပြထားပြီး မည်ကဲ့သို့ဆက်လက်ဆောင်ရွက်ရမည်ကို ညွှန်ကြားချက်စောင့်မျှော်လျှက်ရှိကြောင်း၊ ဝင်ရောက်လာသူများတွင် အချို့မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ဟုတ်-မဟုတ် ယခုအချိန်ထိ အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း ဒေသအုပ်ချုပ်ရေးမှူး အဘီဆစ်ကူးမားက ဟိန္ဒူသတင်းမီဒီယာအား ရှင်းပြသည်။..  
Dhaka Tribune ၏ တယ်လီဖုန်းဆက်သွယ်မှုကို လက်ခံဖြေကြားသော အိန္ဒိယ မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့ အကြီးတန်းအရာရှိတစ်ဦးကမူ မြန်မာနယ်စပ်တစ်လျှောက် အိန္ဒိယခရိုင်နယ်မြေအားလုံးတွင် လုံခြုံရေးတင်း ကြပ်ထားကြောင်း၊  အိန္ဒိယနိုင်ငံအတွင်း စစ်သွေးကြွအုပ်စုများဝင်ရောက်လာခြင်း မရှိစေရေး အထူးသတိပြုရန် ကြိုတင်အခွင့်အရေး မရရှိခဲ့ကြောင်း၊ အခြားသော ပြည်နယ်တစ်ခုဖြစ်သည့် မဏိပူရ်တွင်လည်း နယ်စပ်တလျှောက် အထူးသတိပြုကြရန် နှိုးဆော်ထားကြောင်း ပြောဆိုသည်။..    
၂၀၁၅-ခုနှစ်တွင် မဏိပူရ်ပြည်နယ်အတွင်း လုံခြုံရေးယာဉ်တန်းအား ခြုံခိုတိုက်ခိုက်ခြင်းကြောင့် အိန္ဒိယစစ်သား ၂၀ ထက်မနည်း ကျဆုံးခဲ့ရပြီးနောက် မြန်မာနိုင်ငံအတွင်း အိန္ဒိယသောင်းကျန်းသူစခန်းများကို အိန္ဒိယတပ်မတော်က ဝင်ရောက် ရှင်းလင်းခဲ့သည်။..   
ဖေဖော်ဝါရီလ ၁ ရက် တပ်မတော်၏ အာဏာသိမ်းချိန်မှစ၍ လူအများအပြား စုဝေးဆန္ဒပြကြခြင်းကြောင့် မြန်မာနိုင်ငံအတွင်း ချောက်ခြားမှု ဖြစ်ပေါ်စေခဲ့သည်။ ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်၏ အဆိုအရ ဆန္ဒပြမှုများတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ လက်ချက်ဖြင့် လူ ၅၄ ဦး သေဆုံးခဲ့သည်။ ဗုဒ္ဓဟူးနေ့သည် အာဏာသိမ်းချိန် နောက်ပိုင်း သွေးထွက်သံယို အများဆုံးနေ့ဖြစ်ပြီး တစ်နိုင်ငံလုံး၌ ဆန္ဒပြသူ ၃၈ ဦး သေဆုံးခဲ့ရာတွင် အသက်ဆုံးရှုံးရသူများတွင် အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦးလည်း ပါဝင်သည်။..  
ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံ၌ အာဏာသိမ်းယူမှုဖြစ်ပွားခဲ့ပြီးနောက် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဖြစ်စဉ်ကို အစဉ်အမြဲ ထောက်ခံခဲ့သည့် အိန္ဒိယနိုင်ငံအနေဖြင့် အလွန်စိုးရိမ်မိကြောင်း၊ တရားဥပဒေစိုးမိုးရေးနှင့် ဒီမိုကရေစီလမ်းစဉ်အား ထိန်းသိမ်းရမည်ဟု ယုံကြည်ပါကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

(( အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သည် မြန်မာနိုင်ငံ ချင်းပြည်နယ်နှင့် ထိစပ်လျှက်ရှိပါသည်။ အိန္ဒိယလမ်ကွယ့် ကျေးရွာသည် ချင်းပြည်နယ် ဟားခါး၏ အနောက်မြောက်ဖက်၌ တည်ရှိပြီး ကုန်းလမ်းခရီး မိုင် ၄၀၀ ရှိကြောင်း သိရှိရပါသည်။    ။ သတင်းဘာသာပြန်သူ )))
…#မြန်မာဘက်မှ_လူ၂၀ကျော်_မီဇိုရမ်ပြည်နယ်အတွင်းဝင်ရောက်လာ #အိန္ဒိနယ်ခြားလုံခြုံရေးတိုးမြှင့် ..
(((Dhaka Tribune., March 5, 2021,” India tightens border security after 20 cross over from Myanmar.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))
..
https://www.dhakatribune.com/world/south-asia/2021/03/05/india-tightens-border-security-after-20-cross-over-from-myanmar 

0

Leave a Reply

Your email address will not be published.