မြန်မာနိုင်ငံအပေါ် ဂျီနိုဆိုက်မှု့နှင်စပ်လျဉ်း၍ “ ကြားဖြတ်လုပ်ဆောင်ရန်အမိန့် “ ချမှတ်ပေးပါရန် ဂမ်ဘီယာနိုင်ငံ၏ လျှောက်ထားချက် ဇန်နဝါရီ ၂၃ တွင် ICJ အမိန့်ချမှတ်မည်။

ကမ္ဘာ့ကုလသမဂ္ဂ၏ အမြင့်ဆုံးတရားရုံးဖြစ်သော “ နိုင်ငံတကာတရားခုံရုံး “ ICJ တွင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် စွဲဆိုထားသည့် “ လူမျိုးသုဉ်းပြုမှု့ “ နှင့် စပ်လျဉ်း၍ emergency measures အရေးပေါ် လိုက်နာလုပ်ဆောင်ရန်ကို လာမည့် ဇန်နဝါရီ ၂၃ ( ကြာသပတေးနေ့ ) တွင် နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ ICJ က အမိန့်ချမှတ်လိမ့် မည်ဟု The Strait Time က ယနေ့ရေးသားသည်။

( ယခု ICJ က ချမှတ်မည့် Emergency measures / Provisional Measure “ အရေးပေါ်လိုက်နာလုပ်ဆောင် ရန် / ကြားဖြတ်လုပ်ဆောင်ရန်အမိန့် “ ဆိုသည်ကို  မြန်မာသတင်းဖတ်သူများ အလွယ်နားလည်အောင် ပြောရ လျှင် ကျွန်တော်တို့ဆီက တရားမမှု့များတွင်  တရားသူကြီးက “ ယာယီ တားဝရမ်း “ ထုတ်ပေးခြင်းနှင့် ခပ်ဆင် ဆင်တူပါသည်။

အိမ်-မြေ စသည့် မရွှေ့မပြောင်းနိုင်သော ပစ္စည်းများတွင် မည်သူပိုင်ဆိုင်ကြောင်း အငြင်းအခုန်ဖြစ်ကြလျှင် တရားဥပေဒအရ အဆုံးအဖြတ်ခံယူရန် ရုံးပြင်ကန္နားရောက်ကြရသည်။ ထိုသို့ တရားမမှု့မျိုးတွင် အိမ် သို့မ ဟုတ် မြေကို ဥပဒေအရ မည်သူမည်ဝါပိုင်ဆိုင်ကြောင်း တရားရုံးက မဆုံးဖြတ်မီ လက်ဝယ်ရှိနေက ရောင်းချ ခြင်း/ ပေါင်နှံခြင်း/တစ်ဦးတစ်ဖွဲ့သို့ ပေးကမ်းခြင်း မပြုရန် တားဆီးပေးပါမည့်အကြောင်း တရားပြိုင်ဖြစ်သူက လျှောက်ထားလေ့ရှိပါသည်။

ယခုလည်း ဂန်ဘီယာလျှောက်ထားသည့် Genocide သည်ဆိုခြင်းကို အပြည်ပြည်ဆိုင်ရာဂျီနိုဆိုက် ကွန်ဗင်းရှင်း ပါ ပြဋ္ဌာန်းချက်များ၊ သက်ရှိ-သက်မဲ့ သက်သေများအား စစ်ဆေးနေရလျှင် ၁၀နှစ်ကျော် ၁၅ နှစ်မျှ ကြာမြင့်ပါ လိမ့်မည်။ ထိုသို့ဆုံးဖြတ်ချက်မချမှတ်မီ “ကြားဖြတ်လုပ်ဆောင်ရန်အမိန့် “ အမိန့် ချမှတ်ပေးပါရန် ဂမ်ဘီယာ၏ လျှောက်ထားချက် ပူးတွဲပါဝင်နေခြင်းဖြစ်ပါသည်။  ။ သတင်းဘာသာပြန်သူ ))

အစဉ်လေးစားစွာဖြင့်

#HtayOung, #OungMarine

Ref:  https://www.straitstimes.com/asia/se-asia/world-court-to-rule-on-emergency-measures-in-myanmar-genocide-case-on-jan-23-gambia?fbclid=IwAR2v0Od4Nv9qKvAaIOyg2-DLft-KWRcQIm0dr5JD081yGBRIlpMKF1sinAw

0

Leave a Reply

Your email address will not be published.