မြန်မာနိုင်ငံမြို့ကြီး ၃-မြို့၌ အကြမ်းဖက်တိုက်ခိုက်မှဖြစ်နိုင်ခြေရှိကြောင်း ဗြိတိသျှဓနသဟာယနိုင်ငံကြီးများက ၎င်းတို့နိုင်ငံသားများအား သတိပေးချက်ထုတ်ပြန်

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်မှုဖြစ်နိုင်ခြေရှိကြောင်း အမေရိကန်နည်းတူ ကနေဒါ၊ သြစတေးလျှ၊ ဗြိတိန်နိုင်ငံတို့က ၎င်းတို့နိုင်ငံသားများအား သတိပေးချက်ထုတ်ပြန်လိုက်သည်ဟု AP အားကိုးကား၍ Russia Today က ယနေ့ရေးသားသည်။

လွန်ခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် အကြမ်းဖက်တိုက်ခိုက်ဖွယ်အလားအလာ သတင်းရရှိမှုအပေါ် စုံစမ်းစစ်ဆေးလျှက်ရှိသည့်  နေပြည်တော်မြန်မာလုံခြုံရေးတပ်ဖွဲ့၏ သတိပေးချက်နှင့်ပတ်သက်၍ ရန်ကုန်မြို့ အမေရိကန်သံရုံးက ၎င်းနိုင်ငံသားများအတွက် အကြံပြုတိုက်တွန်းချက်ထုတ်ပြန်ခဲ့သည်။ အဆိုပါသတိပေးချက်တွင် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးစသည့် အဓိက မြို့ကြီး ၃-မြို့၌ လာမည့်လအထိ တိုက်ခိုက်မှုဖြစ်နိုင်ကြောင်း ဖော်ပြထားသည်ဆို၏။

သိုရာတွင် စက်တင်ဘာနှင့် အောက်တိုဘာလများတွင် ရက်စွဲအတိအကျဖော်ပြသည့် တိုက်ခိုက်ခံရနိုင်သည်ဆိုခြင်းမှာ မည်သည့်အတွက်ဖြစ်ကြောင်း ဖော်ပြထားခြင်းမရှိချေ။ ပြီးခဲ့သည့် ကြာသပတေးနေ့အထိ ၎င်းမြို့ကြီးများ ၌ တိုက်ခိုက်ခံရမှုဖြစ်ပွားကြောင်း ဖြစ်ပွားခြင်းမရှိကြောင်း သိရှိရသည်။

ဗြိတိန်နှင့် ကနေဒါအကြံပြုသူများကမူ တိုက်ခိုက်ခံရဖွယ်ရှိသည်ဆိုခြင်းမှာ ဗုံးဖောက်ခွဲခြင်းဖြစ်ကြောင်း တိကျစွာ ပြောဆိုသည်။ ၎င်းနှင့်ပတ်သက်၍ ယခုတစ်ကြိမ်တွင် မြန်မာအစိုးရက သတ်သတ်မှတ်မှတ် သတင်းထုတ်ပြန်ခြင်းမရှိကြောင်း၊ တိုက်ခိုက်ခံရနိုင်ဖွယ်အတိုင်းအတာကိုလည်း အတည်ပြုခြင်း မတွေ့ရကြောင်း ဗြိတိသျှဓနသဟာယရုံး သတိပေးချက်၌ ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် လူမျိုးစုလက်နက်ကိုင်များစွာတို့က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပိုမိုရရှိရေးအတွက် မြန်မာအစိုးရအား ဆန့်ကျင်တိုက်ခိုက်လျှက်ရှိသည်။ သို့သော် တိုက်ပွဲများမှာ ၎င်းနိုင်ငံအတွင်း နယ်စပ်ဒေသများ၌သာ ဖြစ်ပွားလေ့ရှိသည်။

( စက်တင်ဘာ – ၂၉၊ ၂၀၁၉ ) ((( Russia Today., 27 Sep, 2019,” Embassies of Canada, Australia & Britain advise citizens about possible attacks in Myanmar.” ကို #HtayOung, #OungMarine ဆီလျှော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.rt.com/newsline/469779-canada-australia-britain-myanmar/

1+

Leave a Reply

Your email address will not be published.