မြန်မာနိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ်ရောဂါသတိပေးချက် အဆင့် ၄-သို့ ရန်ကုန် ဖိလစ်ပိုင်သံရုံးမြှင့်တင်။ နေရပ်ပြန်လိုသူ အနည်းငယ်သာရှိဟု အတည်ပြု။ မြန်မာ၏ကျန်းမာရေးစနစ်မှာ ၎င်း၏အမြင့်ဆုံးစွမ်းရည်နှင့် နီးကပ်လာပြီး ဖိလစ်ပိုင်များအတွက် ကုသမှု လုံလောက်မည် မဟုတ်ဟုဆို။


မြန်မာနိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားမှု ပိုမိုဆိုးရွားလာခြင်းကြောင့် နိုင်ငံခြားရေးဝန်ကြီးဌာန (DFA) က သတိပေးချက်ကို အဆင့် ၄-သို့ မြှင့်တင်လိုက်သည်။ မြန်မာနိုင်ငံအတွင်းရောက်ရှိနေသည့် ဖိလစ်ပိုင် နိုင်ငံသား များ၏ ရောဂါဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကောင်းကျိုးချမ်းသာရေးကို ရှေးရှု့၍ ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့် ပတ်သက်လျှက် မြန်မာနိုင်ငံတွင်း သတိပေးချက်ကို အဆင့်မြှင့်တင်လိုက်ကြောင်း၊ မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်မှာ ၎င်း၏ အမြင့်ဆုံးသော စွမ်းဆောင်ရည်နှင့် နီးကပ်လာသဖြင့် လာမည့် သီတင်းပတ်များအတွင်း နေထိုင်မကောင်း ဖြစ်ကြမည့် ဖိလစ်ပိုင်လူမျိုးများအတွက် လုံလောက်သော ဆေးဝါးကုသမှုကို ပေးအပ်နိုင်ဖွယ် မရှိခြင်းကြောင့် မြန်မာနိုင်ငံမှ အမြန်ဆုံး ထွက်ခွာကြရန် နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက တိုက်တွန်းကြောင်း ရန်ကုန် ဖိလစ်ပိုင်သံရုံးက Facebook စာမျက်နှာ၌ ရေးသားထားသည်ဟု GMS News က ယနေ့ဖော်ပြသည်။

…   
သို့သော် လွတ်လပ်စွာနေရပ်ပြန်နိုင်ရေးအတွက် အကူအညီများ ပေးအပ်လျှက်ရှိသည့်တိုင် မြန်မာနိုင်ငံရှိ ဖိလစ်ပိုင်လူမျိုးအများစုမှာ အိမ်ပြန်ရန် ဆန္ဒမရှိကြကြောင်း၊ မြန်မာတွင် ခန့်မှန်းခြေ ဖိလစ်ပိုင်လူမျိုး ၅၀၀ ခန့်ရှိပြီး သံရုံး၌ မှတ်ပုံတင်ထားသူ ၁၅၀ ခန့်ရှိပြီး ၅၉ ဦးသာ ဖိလစ်ပိုင်သို့ ပြန်လိုသည်ဟု ဆန္ဒပြုခဲ့ကြောင်း၊ကြာင်း သံအမတ်ကြီး #အက်ဒွာဒို_ကပူနမ်_ဂျူနီယာက ရှင်းပြသည်။

…   
အခြား ဖိလစ်ပိုင်လူမျိုးများကို သံရုံးက ဆက်လက် ရှာဖွေနေကြောင်း၊ သို့သော် မြန်မာနိုင်ငံမှ ဘေးကင်းရာသို့ ထွက်ခွာလိုခြင်း မရှိသဖြင့် သတင်းပို့ခြင်း မရှိကြကြောင်း၊ ယခုအချိန် ထွက်ခွာသွားခဲ့လျှင် DFA က သတိပေးချက်အဆင့် ၄ ကို ရုတ်သိမ်းမှသာလျှင် ပြန်လာနိုင်ကြမည်ကို စိုးရွံ့၍ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ဖိလစ်ပိုင်တို့မှာ လစာကောင်းကောင်းရနိုင်သည့် အလုပ်အကိုင်များရှိနေကြောင်း၊ ထွက်ခွာသွားခဲ့လျှင် ၎င်းတို့အတွက် အလုပ်မရှိဖြစ်ပြီး နောင် မည်သည့်အလုပ် လုပ်ရမည်မှာ မသေချာကြောင်း

…  
ထို့ကြောင့် အိမ်ပြန်ကြရန် သံရုံးအနေဖြင့် အတင်းအကြပ် တိုက်တွန်းခဲ့ခြင်း မရှိကြောင်း၊ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ ခေါင်းဆောင်များကို စစ်အစိုးရက ဖြုတ်ချခဲ့သည့် ဖေဖော်ဝါရီ ၁-ရက်နေ့နောက်ပိုင်း လူထုဖီဆန်အံတုရေး CDM လှုပ်ရှားမှုအဖြစ် ကန့်ကွက်ဆန္ဒပြရာတွင် မြန်မာနိုင်ငံကျန်းမာရေးလုပ်သား အများစုတို့ ပါဝင်ခဲ့ခြင်းကြောင့် လူနာများအား ကုသစောင့်ရှောက်ရန် အင်အားလုံလောက်ခြင်း မရှိကြောင်း၊

…  
ဖမ်းဆီး သို့မဟုတ် ထိန်းသိမ်းခံရမှာကို ကြောက်ရွံ့၍ ကျန်းမာရေးလုပ်သားများမှာ ပြန်မလာကြကြောင်း၊ ထို့ကြောင့် ဝေဒနာပြင်းထန်ခြင်းမရှိသည့် COVID-19 ရောဂါဖြစ်ပွားသူများကို နေအိမ်၌ ကုသရန် ပြန်လည်စေလွှတ်လျှက်ရှိကြောင်း၊ ၎င်းလူနာများအနက် အချို့မှာ အခြေအနေ ပိုမိုဆိုးရွားလာကြောင်း၊ ကိုယ့်နည်း ကိုယ့်ဟန်ဖြင့် ကူညီရန် ကြိုးစားနေသည့် ကျန်းမာရေးလုပ်သားများ ရှိနေကြောင်း၊ သို့သော် အစိုးရက ၎င်းအားထုတ်မှုကိုပင်လျှင် ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ စင်စစ်အားဖြင့် ၎င်းတို့အနေဖြင့် အကျပ်အတည်းကို ရင်ဆိုင်ရန် အမှန်တကယ် လုံလောက်ခြင်း မရှိကြောင်း ကြာသပတေးနေ့ မီဒီယာတွေ့ဆုံရာ၌ သံအမတ်ကြီးက ပြောဆို သည်။

(( သာသာပြန်သူအတွက် ဘာသာပြန်နေသည့်အခိုက်အတန့်တွင် မူရင်းစာသားပါ အဓိပ္ပါယ်၊ အာဘော်အတိုင်း အတတ်နိုင်ဆုံး နီးစပ်အောင် ဖော်ပြရန် သစ္စာရှိရမြဲ ဖြစ်ပါသည်။
အထက်ပါမူရင်း သတင်းတွင် မတ်လ ၁-ရက်နေ့ဟု လွဲမှားနေသည်ကို ဖေဖော်ဝါရီ ၁-ရက်နေ့ဟု ပြင်ဆင်ခြင်းမှတစ်ပါး မူရင်းနှင့် အနီးစပ်ဆုံးဖြစ်ကြောင်း အောက်တွင် Link ကို ဖော်ပြပါသည်။

…  
CDM ဆရာဝန်နှင့် ကျန်းမာရေး ဝန်ထမ်းများသည် အခကြေးနင့်နေအောင် တောင်းခံကာ ရပ်ကွက်များအတွင်း ဆေးဝါးကုသပေးနေကြောင်း သတင်းများလည်း ကြားသိရပြီး၊ ၎င်းတို့အား အသွင်ယူကာ ဖမ်းဆီးသည့် သတင်းများလည်း ဖတ်ရှု့ခဲ့ရပါသည်။

…  
အဆိုပါ ကျန်းမာရေးဝန်ထမ်းတို့မှာ စေတနာအလျှောက် ပြုစုကုသခြင်းသာဖြစ်ကြောင်း ရေးသားသည်များကိုလည်း တွေ့ရပြီး၊ စီးနင်းဖမ်းဆီးသည့်သတင်းများမှာ မှန်ကန်ခြင်း မရှိဟုလည်း ဖြေရှင်းချက်များလည်း ရှိပါသည်။

…  
ယခုအခါတွင် နေ့စဉ် နာရီနှင့်အမျှ သတင်းအမျိုးမျိုးထွက်ပေါ်လျှက်ရှိရာ သတင်းအတု အစစ်နှင့် ချဲ့ကားသတင်း ဟုတ်-မဟုတ်ကို ကျွန်တော့်အနေဖြင့် တော်ယုံနှင့် ဝေခွဲရန် ခက်လှပါသည်။

…  
သံအမတ်ကြီးတစ်ဦး၏ ပြောဆိုသည်တို့တွင် မှန်ခြင်း မမှန်ခြင်းအပေါ် ချေပရန်မှာ ဘာသာပြန်သူ၏ အလုပ် မဟုတ်ချေ။    ။ သတင်းဘာသာပြန်သူ))

#မြန်မာ၏_ကိုရိုနာဗိုင်းရပ်စ်ရောဂါသတိပေးချက်ကို_အဆင့်၄-သို့ ဖိလစ်ပိုင်မြှင့်တင်
#မြန်မာ၏ကျန်းမာရေးစနစ်မှာ_၎င်း၏အမြင့်ဆုံးစွမ်းရည်နှင့်နီးကပ်လာနေဟု သံအမတ်ကြီးပြောဆို

(((GMA News online., July 22, 2021,” Alert Level 4 declared in Myanmar over COVID-19 but few Pinoys want to go home —envoy” By: LLANESCA T. PANTI ကို #HtayOung, #OungMarine ဆီ လျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။))

https://www.gmanetwork.com/news/pinoyabroad/news/796336/alert-level-4-declared-in-myanmar-over-covid-19-but-few-pinoys-want-to-go-home-envoy/story/
https://www.pna.gov.ph/articles/1147908 

Leave a Reply

Your email address will not be published.