မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်လည်တည်ဆောက်ရာတွင် ပါဝင်ပတ်သက်သူအားလုံးကို ကူညီရန်အသင့်ရှိ၊ အာဆီယံအထူးအစည်းအဝေး သဘောတူညီချက်များအား ထောက်ပံ့ ပေးသွားမည်ဟု ဥရောပသမဂ္ဂ အဆင့်မြင့်ကိုယ်စားလှယ် သတင်းထုတ်ပြန်


အီးယူအနေဖြင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြန်လည်ထူထောင်ရေးအတွက် ပါဝင်ပတ်သက်သူအားလုံးကို ကူညီပံ့ပိုးရန် အဆင်သင့်ရှိနေကြောင်း ဥရောပသမဂ္ဂ၏ အဆင့်မြင့် ကိုယ်စားလှယ်က အာဆီယံနိုင်ငံများအား သောကြာနေ့တွင် ပြောကြားသည်ဟု Reuters က ယနေ့ ရေးသားသည်။…


မြန်မာနိုင်ငံတွင် ဖြစ်ပွားလျှက်ရှိသော အကြမ်းဖက်မှုများကိုအဆုံးသတ်ရန်အတွက် မြန်မာစစ်အစိုးရနှင့် သဘောတူညီမှုရရှိခဲ့ကြောင်း လွန်ခဲ့သည့် ရက်သတ္တပတ်တွင် ကျင်းပခဲ့သော အာဆီယံထိပ်သီး အရေးပေါ်အစည်းအဝေးအပြီး အရှေ့တောင်အာရှနိုင်ငံ ခေါင်းဆောင်များက ပြောဆိုသည်။…   


ဥရောပသမဂ္ဂအနေဖြင့် အာဆီယံကိုကူညီရန်အသင့်ရှိနေပြီး၊ မြန်မာနိုင်ငံအား ၎င်း၏ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိစေရေးအမြင်ဖြင့် အဓိကကျသည့် သက်ဆိုင်သူများအားလုံးနှင့် အပြုသဘောဆောင်သော တွေ့ဆုံဆွေးနွေးမှုကို လွယ်ကူချောမွေ့စေရန် ဆောင်ရွက်သွားမည်ဟု ဥရောပသမဂ္ဂအဆင့်မြင့်ကိုယ်စားလှယ်၏ သောကြာနေ့ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်ဆို၏။… 

 
မြန်မာနိုင်ငံတွင် လုံခြုံရေးတပ်ဖွဲ့များ၏ လက်ချက်ဖြင့် လူပေါင်း ၇၅၀ ကျော် သေဆုံးခဲ့ရကြောင်း၊ မြန်မာစစ်ဗိုလ်ချုပ်ကြီးများသည် ဖေဖော်ဝါရီ ၁-ရက်နေ့ ၎င်းတို့၏ အာဏာသိမ်းပြီးကတည်းက ဆန့်ကျင်မှုများနှင့် ရင်ဆိုင်နေရပြီး သေစေလောက်သော အင်အား အသုံးပြုသည်ကို တွေ့ရှိရကြောင်း စောင့်ကြည့်လေ့လာရေး တက်ကြွလှုပ်ရှားသူများအုပ်စု၏ ပြောကြားချက်အရ သိရှိရသည်။


(((Reuters., April 30, 2021,” EU ready to help restore democracy to Myanmar – high representative.” ကို #HtayOung, #OungMarine ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))


#အီးယူ_မြန်မာဒီမိုကရေစီပြန်လည်တည်ဆောက်ရေး

https://www.reuters.com/world/europe/eu-ready-help-restore-democracy-myanmar-high-representative-2021-04-30/

+2

Leave a Reply

Your email address will not be published.