မြန်မာနိုင်ငံ နယ်စပ်တစ်လျှောက် မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ဒုက္ခသည်ဘင်္ဂါလီများ သေဆုံးနေဟု ဘင်္ဂလားဒေ့ရှ်သတင်းစာ ဖော်ပြ။ မြန်မာပိုင်နက်အတွင်း သွားရောက်ခဲ့ပြီး ပြန်ဝင်လာစဉ် ဘင်္ဂလားဒေ့ရှ်နယ်မြေအတွင်း မိုင်းနင်းမိ၊ မြန်မာက နယ်ခြားတွင် မိုင်းထောင်ခြင်းကို နိုင်ငံတကာအဖွဲ့အစည်းတို့ စိုးရိမ်ဟု ပြော




မြန်မာနိုင်ငံနယ်စပ်တလျှောက်တွင် မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ဒုက္ခသည်ဘင်္ဂါလီများ ( မူရင်း ရိုဟင်ဂျာဟုဖော်ပြ ) သေဆုံးလျှက်ရှိရာ လွန်ခဲ့သည့် သောကြာနေ့ မြန်မာနယ်စပ်အနီး ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ဘန်ဒရာဘန်၌ ဒုက္ခသည်ဘင်္ဂါလီလူငယ်တစ်ဦး သေဆုံးသည်ဟု Dhaka Tribune က ယနေ့ရေးသားသည်။ 

မိုင်းပေါက်ကွဲခြင်းမှာ သောကြာနေ့ ည ၈ နာရီခန့်တွင်ဖြစ်ပြီး နှစ်နိုင်ငံနယ်ခြားမှတ်တိုင်အမှတ်-၄၀ အနီး၊ ရီဂျူ အမ်တာလီဧရိယာနှင့် မျက်နှာချင်းဆိုင်နယ်မြေတွင်ဖြစ်ကြောင်း၊ သေဆုံးသူသည် ကူတူပါလောင် ဒုက္ခသည်စခန်းမှ မိုဟာမက်အမ်ဒက်ဟူစိန်၏သား မိုဟာမက်ဂျောဘာဖြစ်ကြောင်း နိုင်ခေါင်ချာရီ ရဲတပ်ဖွဲ့က အတည်ပြု ပြောဆိုသည်။ 

ဒေသခံများနှင့် ရဲတပ်ဖွဲ့ဝင်များ၏ အဆိုအရ သောကြာနေ့မွန်းလွဲပိုင်းတွင် ဒုက္ခသည်ဘင်္ဂါလီ အမျိုးသားတစ်စုသည် နိုင်ခေါင်ချာရီနယ်စပ်အနီးရှိ မြန်မာပိုင်နက်အတွင်းသို့ ငါးဖမ်းရန် ဝင်ရောက်ခဲ့ကြကြောင်း၊ ညနေပိုင်း၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ပြန်လည်ဝင်ရောက်လာသည့်အခါ မိုင်းပေါက်ကွဲ၍ အဆိုပါလူငယ်မှာ ခြေနှစ်ဖက်လုံး ပြတ်ထွက်ပြီး ဖြစ်နေရာ၌ပင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ အလောင်းအား ပြန်လည်သယ်ယူခဲ့ပြီး ဥပဒေနှင့်အညီ အရေးယူရန် ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။ 

သေဆုံးခြင်းသတင်း ထွက်ပေါ်လာခြင်းကြောင့် မြန်မာက နယ်စပ် တစ်လျှောက်၌ မြေမြှုပ်မိုင်းများ ထောင်နေခြင်းမှာ နိုင်ငံတကာဥပဒေများကို ချိုးဖောက်ရာရောက်သည့်အတွက် အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (International Amnesty International) အပါအဝင် အခြားသော နိုင်ငံတကာအဖွဲ့အစည်းများအနေ ဖြင့် စိုးရိမ်မကင်း ဖြစ်ကြရသည်ဆို၏။ 

လွန်ခဲ့သည့် စက်တင်ဘာလ ၂၃ ရက် စောစောပိုင်းတွင် နိုင်ခေါင်ချာရီခရိုင် ဘန်ဒရာဘန်နယ်မြေ၌ အဗ္ဗဒူမိုဂျစ် အမည်ရှိ အခြားဒုက္ခသည်ဘင်္ဂါလီတစ်ဦးမှာ ဂွမ်ဒုံယူနီယံအနီးတွင် မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ရပြီးဖြစ်သည်။ 

(( ယခုသတင်းပါ သောကြာနေ့ မွန်းလွဲပိုင်းတွင် မြန်မာပိုင်နက်အတွင်း ဒုက္ခသည်ဘင်္ဂါလီလူငယ်ဝင်ရောက်ခဲ့သည်ဆိုသော နိုင်ခေါင်ချာရီအနီးဆိုသည်မှာ ၎င်းနေထိုင်ရာ ကူတူပါလောင်စခန်းနှင့် အတော်ဝေးလွန်းနေပါသည်။ ဆိုလိုသည်မှာ မောင်တော တစ်ဖက်ကမ်းနေ ဒုက္ခသည်အုပ်စုသည် တောတောင်များကို ကျော်ဖြတ်၍ ချင်းပြည်နယ်အနီးမှ မြန်မာနိုင်ငံအတွင်း ဝင်ရောက်ခဲ့သည့် သဘောဖြစ်သည်။ ဒုက္ခသည်ဘင်္ဂါလီများသည် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်ရဲများ၏ ကြည့်ရှု့စောင့်ကြပ်မှုအောက်၌ ရှိနေသည်။ ထို့အပြင် အဆိုပါနယ်ခြား တစ်လျှောက်မှာ မြန်မာ့တပ်မတော်က အင်အားဖြည့်တင်းချထားကြောင်း သတင်းထွက်ပေါ်ရာ နယ်မြေ တစ်ဝှိုက်၌ ဖြစ်သည်။ 

တစ်ဆက်တည်း လွန်ခဲ့သည့် အောက်တိုဘာ ၂၂-ရက်နေ့ Myanmar Harp ၏ သတင်းတစ်ပုဒ်ကို ကျွန်တော် ပြန်လည်သတိရမိသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နယ်မြေကို ခြေကုပ်ယူလျက် အကြမ်းဖက်လုပ်ရပ်များ ဆက်လက်ကျုးလွန်နေသည့် ARSA နှင့် AA အကြမ်းဖက်အဖွဲ့၏ လုပ်ရပ်များအား ကုလသမဂ္ဂရှေ့မှောက်၌ မြန်မာက ဖွင့်ချ ပြောဆိုလိုက်ကြောင်း သတင်းဖြစ်သည်။ 

မြန်မာနိုင်ငံခြားရေးဝန်ကြီးဋ္ဌာနအား ကိုးကား၍ Myanmar Harp က ရေးသားရာတွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၊ (၇၅) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံဥက္ကဋ္ဌတို့အကြား တွေ့ဆုံသည့် အာဆီယံ-ကုလသမဂ္ဂဝန်ကြီးအဆင့်အစည်းအဝေးကို အောက်တိုဘာ ၂၁-ရက်နေ့ ညနေပိုင်းက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့ကြောင်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ထိုကဲ့သို့ ဖွင့်ချပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ရခိုင်ပြည်နယ်အရေးကိစ္စမှာ အကြမ်းဖက်မှု (terrorism) နှင့် ပါဝင်ဆက်စပ်နေသည်ကို မျက်ကွယ်မပြုရန် လို အပ်ကြောင်း၊ ရခိုင်ပြည်နယ်တွင်တွေ့ကြုံ ရင်ဆိုင်နေရသည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပြဿ နာသည် ARSA ဟုအများ သိထားသည့် Harakah al-Yaqin အကြမ်းဖက်အဖွဲ့က မြန်မာလုံခြုံရေးစခန်း အများအပြားကို တပြိုင်တည်းတိုက်ခိုက်ခဲ့သည့် အကြမ်းဖက်လုပ်ရပ်ကြောင့် စတင်ပေါ်ပေါက်လာခြင်းဖြစ်သည်ကို အများက လစ်လျူရှုထားကြောင်း၊ ကော့ခ်ဘဇားရှိ ဒုက္ခသည်စခန်းတွင် ARSA အဖွဲ့ဝင်များရှိနေပြီး ၎င်းတို့သည် နေရပ်ပြန်လည်ပို့ဆောင်ရေးလုပ်ငန်းစဉ်ကို နှောင့်နှေးကြန့်ကြာအောင် နှောင့်ယှက်လျက်ရှိသည်ဟု ခိုင်လုံ သည့်သတင်းများအရ သိရှိရကြောင်း၊ 

၎င်းအကြမ်းဖက်အဖွဲ့သည် ဒုက္ခသည်စခန်းအတွင်း လက်နက်နှင့်မူးယစ်ဆေးဝါးများ တရားမဝင်ရောင်းဝယ်ဖောက်ကားမှု၊ ပြန်ပေးဆွဲမှုနှင့်လူကုန်ကူးမှုများ၊ အကြမ်းဖက်မှုနှင့် ဥပဒေမဲ့ သတ်ဖြတ်မှုများတွင် ပါဝင်ပတ်သက်နေသည့်အပြင် စစ်သင်တန်းများကိုပင် ပေးနေသည်ဟု သတင်းများတွင် ဖော်ပြထားကြောင်း၊ ARSA နှင့် AA အကြမ်းဖက်အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏နယ်မြေကို ခြေကုပ်ယူလျက် အကြမ်းဖက်လုပ်ရပ်များ ဆက်လက်ဆောင်ရွက်နေခြင်းအပေါ် မြန်မာနိုင်ငံက စိုးရိမ်ပူပန်ကြောင်း အသေးစိတ် ရှင်းလင်း ဆွေးနွေးခဲ့သည်ဟု Myanmar Harp က ရေးသားသည်။ 

ယခင်ကလည်း (၂၇) ကြိမ်မြောက် အာဆီယံဒေသဆိုင်ရာဖိုရမ်၊ အာဆီယံ-ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် အာဆီယံ-အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတို့သို့ မြန်မာနိုင်ငံမှ အပြည် ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် တက်ရောက်ပြီး အလားတူ ရှင်းလင်းပြောဆိုကြောင်း ၁၂-၉-၂၀၂၀ ရက် ရက်စွဲဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည် ။ သတင်းဘာသာပြန်သူ )) 

((( Dhaka Tribune., October 24th, 2020, “ Landmine explosion kills Rohingya along Myanmar border. Humayun Kabir Bhuiyan and S Bashu Das “ ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 

#မြန်မာနိုင်ငံနယ်စပ်မြေမြှုပ်မိုင်းပေါက်ကွဲမှု၍ဒုက္ခသည်ဘင်္ဂါလီများ သေဆုံးနေဟုဆို 
#မြန်မာက_နယ်ခြားတွင်_မိုင်းထောင်ခြင်းကို_နိုင်ငံတကာ အဖွဲ့အစည်းတို့_စိုးရိမ်ဟုဆို 

https://www.dhakatribune.com/bangladesh/nation/2020/10/24/land-mine-explosion-kills-rohingya-along-myanmar-border. 
https://www.facebook.com/MyanmarHarpMedia/photos/a.714886075515483/1290307231306695/ 
https://www.dhakatribune.com/bangladesh/nation/2020/10/08/bgb-meets-myanmar-s-bgp-on-thursday 
https://www.facebook.com/513368565530110/posts/1567231523477137/ 
https://asean.org/asean-political-security-community/asean-regional-forum-arf/ 

0

Leave a Reply

Your email address will not be published.