မြန်မာနှင့် ကာကွယ်ရေးဆိုင်ရာအပြန်အလှန်ဖလှယ်မှုများ ရပ်ဆိုင်းရန် တောင်ကိုရီးယား ဆုံးဖြတ်။ တောင်ကိုရီးယား၏ ကူညီပေးမှုများ ပြန်လည်သုံးသပ်မည်ဟုဆို။ အခြေအနေတိုးတက်လာသည်အ ထိ မြန်မာနိုင်ငံသားများအား နေထိုင်ခွင့်ပြု၍ လူသားချင်း စာနာမှုဆိုင်ရာ ကင်းလွတ်ခွင့်ပေးမည်


[ဆိုးလ်၊ CNA] မြန်မာ့တပ်မတော်က အာဏာသိမ်းမှုနှင့် ဒီမိုကရေစီရေး ဆန့်ကျင်ရေးဆန္ဒပြမှုများအပေါ် အကြမ်းဖက်ဖိနှိပ်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် မြန်မာနိုင်ငံနှင့် ကာကွယ်ရေးဆိုင်ရာအပြန်အလှန်ဖလှယ်မှုများကို ဆိုင်းငံ့ထားမည်ဖြစ်ပြီး လက်နက်တင်ပို့မှုကိုလည်း ပိတ်ပင်မည်ဖြစ်ကြောင်း # တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး က သောကြာ ( မတ်-၁၂ ) နေ့၌ ပြောဆိုသည်ဟု Channel News Asia က ယနေ့ရေးသားသည်။

…   
တောင်ကိုရီးယားအစိုးရအနေဖြင့် မြန်မာနိုင်ငံသို့ မဟာဗျူဟာမြောက်ပစ္စည်းများ တင်ပို့မှုကို ကန့်သတ်မည် ဖြစ်ပြီး၊ ဖွံ့ဖြိုးရေးဆိုင်ရာအကူအညီများကို ပြန်လည်သုံးသပ်မည်ဖြစ်ကြောင်း၊ တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားများအား အခြေအနေတိုးတက်ကောင်းမွန်လာသည်အထိ နေထိုင်ခွင့်ပြုမည်ဖြစ်၍ လူသားချင်းစာနာမှုဆိုင်ရာ ကင်းလွတ်ခွင့်များ ပေးအပ်လိမ့်မည်ဖြစ်ကြောင်း၊

..     
တောင်ကိုရီးယားအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းတို့က အကြိမ်ကြိမ် တောင်းဆိုမှုများ ရှိနေသော်လည်း စစ်တပ်နှင့် ရဲတပ်ဖွဲ့အာဏာပိုင်များ၏ အကြမ်းဖက်အပြုအမူတို့ကြောင့် မြန်မာနိုင်ငံ၌ သားကောင်ဘ၀ သက်ဆင်းရသူများ တိုးပွားလာနေကြောင်း တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

..  
မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ ၁-ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း တပ်မတော်၏ သတ်ဖြတ်ခြင်း၊ နှိပ်စက်ညှင်းပန်းခြင်းနှင့် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုများကိုကျူးလွန်ရာရောက်သည့် ဖိနှိပ်ရက်စက်ခြင်းတို့ကြောင့် အသက်ဆုံးရှုံးရသူ ၇၀ နီးပါးရှိကြောင်း၊ အသတ်ခံရသူအများစုသည် အသက် ၂၅-နှစ်အောက် အရွယ်ရှိသူများ ဖြစ်ကြောင်း၊ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးမှူးက ကြာသပတေးနေ့၌ ပြောဆိုသည်ဟု Reuters က ယနေ့ရေးသားသည်။

..   
ထို့ပြင် စစ်ဖက်က အာဏာသိမ်းယူပြီးနောက် ကန့်ကွက်ဆန္ဒပြသူများအား အကြမ်းဖက်နှိမ်နင်းခြင်းများကို အရှိန်မြှင့်တင်ခဲ့ရာ တရားဥပဒေနည်းလမ်းတကျ မဟုတ်ပဲ ဖမ်းဆီးခြင်းခံရသူ ၂,၀၀၀ ကျော်လာခဲ့ပြီဖြစ်ကြောင်း #ကုလမဂ္ဂ၏မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးဆိုင်ရာအရာရှိ_သောမတ်စ်အင်ဒရူးက ဆက်လက်ပြောဆိုသည်။
..
ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရအဖွဲ့၌ တာဝန်ယူစဉ်အတွင်း တရားဝင် ပေးချေသည့် အမေရိကန်ဒေါ်လာ ၆၀၀,၀၀၀ နှင့် ရွှေများကို လက်ခံရယူခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀ န်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်း၏ တိုင်ကြားချက်အရသိရသည်ဟု တပ်မတော်အစိုးရ၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ကြာသပတေးနေ့၌ ပြောကြားသည်။

..  
အဆိုပါ ပြောဆိုချက်မှာ အခြေအမြစ်မရှိသော စွပ်စွဲချက်သာ ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးခင်မောင်ဇော်က ပြက်ရယ်ပြုပြီးနောက် လုံခြုံရေးတပ်များ၏ လက်ချက်ဖြင့် သေဆုံးသူ ၁၂-ဦး ရှိကြောင်း လူ့အခွင့်အရေးအဖွဲ့များက ပြောဆိုသည်ဟု Reuters က ယနေ့ရေးသားသည်။

..   
သောကြာ ( ယနေ့တွင် ) အကြီးဆုံးမြို့တော် ရန်ကုန်နှင့် အခြားမြို့များ၌ ဆန္ဒပြမှုများ ဖြစ်ပွားကြောင်း မျက်မြင်သက်သေများနှင့်ဒေသခံသတင်းအဖွဲ့အစည်းတို့က လူမှုကွန်ယက်တွင် ဖော်ပြသည်။ အကြမ်းဖက်မှုနှင့် ပတ်သက်၍ လောလောဆယ် သတင်း မရရှိပါ။

((( Channel News Asia., 12 Mar 2021,” South Korea to suspend defence exchanges with Myanmar, reconsider aid.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာ ပြန်ဆိုသည်။ )))
..
#မြန်မာနှင့်ကာကွယ်ရေးဆိုင်ရာအပြန်အလှန်ဖလှယ်မှုရပ်ဆိုင်းရန်_တောင်ကိုရီးယားဆုံးဖြတ်

https://www.channelnewsasia.com/news/asia/south-korea-suspend-myanmar-defence-exchanges-reconsider-aid-14391560
https://bdnews24.com/world/south-east-asia/2021/03/12/un-rights-expert-says-myanmar-death-toll-hits-70-seeks-sanctions
https://www.channelnewsasia.com

/news/asia/more-myanmar-protests-planned-as-aung-san-suu-kyi-s-lawyer-14390212

Leave a Reply

Your email address will not be published.