မြန်မာနှင့် ထိစပ်လျှက်ရှိသော အိန္ဒိယမီဇိုရမ်နှင့် အာသံပြည်နယ်တို့အကြား အဓိကရုန်း ဖြစ်။ ရဲတပ်ဖွဲ့ဝင် ၆-ဦးနှင့် အရပ်သား ၁-ဦး သေဆုံး၍ လူ ၇၀ ကျော်ဒဏ်ရာရရှိ။ မီဇိုရမ်ရဲတပ်ဖွဲ့က ဥပဒေနှင့်ဆန့်ကျင်လျှက် သေနတ်နှင့်ပစ်ခတ်သဖြင့် ရဲနှင့်အရပ်သားများ သေဆုံးဟု အာသံစွပ်စွဲ


တနင်္လာနေ့တွင် အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ဖျား အိမ်နီးချင်းပြည်နယ်နှစ်ခု၌ အဓိကရုန်းဖြစ်ပွားရာ ရဲတပ်ဖွဲ့ဝင် ၆-ဦးအပါအဝင် လူ ၇-ဦးထက်မနည်း သေဆုံး၍ လူ ၇၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း နယ်မြေကိစ္စနှင့်ပတ်သက် ၍ ရက်သတ္တပတ်ကြာမျှ အငြင်းအခုန်ဖြစ်ပွားပြီးနောက် သွေးထွက်သံယို ပဋိပက္ခအဖြစ်သို့ ပြောင်းလဲသွားခြင်းဖြစ်ကြောင်း အကြီးတန်းနိုင်ငံရေးသမားတစ်ဦးက ပြောဆိုသည်ဟု Reuters က ယနေ့ရေးသားသည်။

လွန်ခဲ့သည့်လတွင် တောတောင်ထူထပ်သော လိုင်လာပူရ်ဧရိယာအား အာသံရဲတပ်ဖွဲ့က နယ်မြေကျူးကျော် ထိန်းချုပ်ထားသည်ဟု အိမ်နီးချင်း မီဇိုရမ်ပြည်နယ်က စွပ်စွဲရာမှ ပြည်နယ် ၂-ခုတို့အကြား တင်းမာမှု မြင့်တက်လာရသည်။ အာသံနှင့်အိမ်နီးချင်းပြည်နယ်များအကြား ယခုကဲ့သို့ အကြမ်းဖက်သည်အထိ ဖြစ်ပွားခြင်းမှာ ဒေသအတွင်း နယ်နိမိတ်ချင်း ထိစပ်နေသော ဧရိယာတို့၌ နယ်မြေပြဿနာများမှာ နှစ်ရှည်လများ တည်ရှိနေခဲ့ကြောင်း ဖော်ပြရာ ရောက်လျှက်ရှိသည်။

ပြည်နယ် နှစ်ခု ထိစပ်ရာ နယ်မြေတွင် မီဇိုရမ်ရဲတပ်ဖွဲ့က ဥပဒေကို ဆန့်ကျင်လျှက် သေနတ်နှင့် ပစ်ခတ်သဖြင့် ရဲတပ်ဖွဲ့ဝင် ၆-ဦးနှင့် အရပ်သား ၁-ဦးတို့ သေဆုံးခဲ့ရကြောင်း၊ အာသံပြည်နယ်ဝန်ကြီးချုပ်က Reuters အား ရှင်းပြသည်။ မီဇိုရမ်ပြည်နယ် ပြည်ထဲရေးဝန်ကြီးက တနင်္လာနေ့၌ သတင်းထုတ်ပြန်ရာတွင်မူ အာသံရဲတပ်ဖွဲ့က ပြည်နယ်အတွင်း ကျူးကျော်ဝင်ရောက်လာရာမှ အကြမ်းဖက်မှု စတင်ဖြစ်ပွားခဲ့ကြောင်း ချေပထားပြီး နှစ်ဖက်စလုံးမှ ထိခိုက် သေဆုံးရသူများအတွက် ဝမ်းနည်းစိတ်ထိခိုက်ရပါကြောင်း ဖော်ပြသည်။

အကြမ်းဖက်မှုဖြစ်ပွားရခြင်းနှင့် ပတ်သက်၍ အာသံနှင့် မီဇိုရမ်ပြည်နယ် အကြီးအကဲနှစ်ဦးစလုံးက တစ်ဖက်နှင့် တစ်ဖက်အပြန်အလှန်အပြစ်တင်လျှက်ရှိပြီး #အိန္ဒိယပြည်ထဲရေးဝန်ကြီး_အမစ်ရှားအနေဖြင့် ကြားဝင်ဖြေရှင်းပေးရန် တောင်းဆိုကြောင်း ၎င်းတို့၏ Twitter စာမျက်နှာတို့၌ ရေးသားထားကြသည်။

အဓိကရုန်းဖြစ်ပွားကြောင်း နှစ်ဖက်စလုံးက လွှင့်တင်သော ဗွီဒီယိုတို့တွင် တောင်တန်းများ တစ်လျှောက်တည်ရှိနေသည့် ကျဉ်းမြောင်းသော လမ်းပေါ်၌ လက်နက်ကိုင်ရဲတပ်ဖွဲ့ဝင်များ၊ တစ်ဖက်နှင့်တစ်ဖက် သစ်သားတုတ်များဖြင့် အပြန်အလှန် ရိုက်နှက်နေကြသူများအား တွေ့မြင်ကြရသည်။

အာသံပြည်နယ်တွင် ဝန်ကြီးချုပ်_နာရင်ဒြာ_မိုဒီ၏ ဘာရတ်တီယာ_ဂျနတ်တာပါတီ(BJP) က အာဏာရရှိထားသည်။ မီဇိုရမ်ပြည်နယ်တွင်မူ BJP ဦးဆောင်သော အရှေ့မြောက် ဒီမိုကရက်တစ်မဟာမိတ် (NEDA) ၏ တရားဝင် အဖွဲ့အစည်းဖြစ်သည့် မီဇိုရမ်အမျိုးသားတပ်ဦး ( MNF ) က အုပ်ချုပ်လျှက်ရှိသည်။

#အိန္ဒိယ၏_ညီအမ_ခုနှစ်ဖော် ခေါ် အရှေ့မြောက်ဖျား ပြည်နယ် ၇-ခုတို့မှ ဝန်ကြီးချုပ်များနှင့် ဖက်ဒရယ် ပြည်ထဲရေးဝန်ကြီး အမစ်ရှားတို့ တွေ့ဆုံပြီး ၂-ရက်အကြာတွင် ယခုအကြမ်းဖက်မှု ဖြစ်ပွားသည်။ မီဇိုရမ်-အာသံ ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် ပြည်နယ် နယ်စပ်ပြဿနာများနှင့် ပတ်သက်၍ အဖြေရှာရန် အမစ်ရှားက ပြောဆိုခဲ့ကြောင်း ဒေသန္တရမီဒီယာများက ဖော်ပြခဲ့ကြသည်။

ယနေ့ Twitter ၌ ဒေသခံသတင်းထောက်တစ်ဦးက ရေးသားရာတွင် လွန်ခဲ့သည့်နှစ် အငြင်းပွားမှု စတင်ချိန်ကတည်းက မီဇိုရမ်ရဲတပ်ဖွဲ့သည် ပြည်နယ် ၂-ခုအကြား ၎င်းတို့ဘက်ခြမ်းတွင် ကင်းစခန်း တည်ဆောက်၍ စောင့်ရှောက်နေခဲ့ကြောင်း၊ အာသံရဲတပ်ဖွဲ့ဝင်များက တိုက်ခိုက်ယုံသာမက မီဇိုရမ်အရပ်သားကိုပါ ကျောက်ခဲ မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်ခဲ့ကြောင်း၊

ထိုစဉ်အတွင်း အာသံဖက်မှ ပြန်လာသော မီဇိုရမ်လင်မယားနှစ်ဦးတို့၏ မော်တော်ကားကိုလည်း တိုက်ခိုက်သဖြင့် ပဋိပက္ခ ပိုမိုပြင်းထန်သွားရကြောင်း၊ အာသံရဲများအား မီဇိုရမ်ရဲတို့က လက်တုန့်ပြန် ပစ်ခတ်ရာ တစ်နာရီမျှကြာအောင် အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဖော်ပြပါရှိသည်။

#အိန္ဒိယအာသံနှင့်မီဇိုရမ်ပြည်နယ်နှစ်ခုတို့အကြား_ အဓိကရုန်းဖြစ် #ရဲ၆-ဦးနှင့်အရပ်သား၁-ဦးသေဆုံး

(((Reuters., July 27 2021, “Six police, one civilian killed in clashes between two Indian states.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))

https://www.reuters.com/world/india/six-police-one-civilian-killed-clashes-between-two-indian-states-2021-07-26/
https://www.hindustantimes.com/india-news/assammizoram-border-clash-latest-updates-himanta-sarma-meets-injured-cops-101627363947762.html

Leave a Reply

Your email address will not be published.