မြန်မာနှင့် နယ်မြေချင်းထိစပ်နေသော အိန္ဒိယ အာသံပြည်နယ်တွင် အင်အားပြင်း ငလျင်လှုပ်။

ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် နံနက် ၈:၂၁ နာရီတွင် အိန္ဒိယ အာသံပြည်နယ်၌ ၆.၂ မဂ္ဂနီကျုဒ် ပြင်းအားရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း bdnews24 က ယနေ့ဖော်ပြသည်။

…မြေပြင်အနက် (၆.၂၁ မိုင်) တွင် လှုပ်ခတ်ခဲ့သော ငလျင်၏ဗဟိုချက်မှာ ဘင်္ဂလားဒေ့ရ်ှ ဘူတန်နိုင်ငံတို့နှင့် အလွန်နီးကပ်နေကြောင်း အမေရိကန်ဘူမိဗေဒတိုင်းတာရေး USGS မြေပုံအရ သိရရှိသည်။

…ငလျင်ကြောင့် ဒါကာမြို့နေများ တုန်လှုပ်ခြောက်ခြားသွားကြသော်လည်း ထိခိုက်သေဆုံး သတင်း မရရှိကြောင်း သတင်း၌ ဖော်ပြသည်။..

.((လကမ္ဘာနှင့် အင်္ဂါဂြိုလ်တိုင် ခရီးဆန့်နိုင်ပြီဖြစ်သော သိပ္ပံခေတ်ကြီးတွင် မုန်တိုင်းတို့ကို ကြိုတင်ခန့်မှန်းနိုင်သော်လည်း ငလျင်လှုပ်မည်ကို ကြိုတင်မပြောနိုင်ကြပါ။

…ရှေး တရုတ်ဧကရာဇ်များလက်ထက်တွင် ငလျင်ကို ကြိုတင်ဟောကိန်း မထုတ်နိုင်သဖြင့် ပညာရှိအများအပြား ခေါင်းဖြတ် သတ်ခံခဲ့ကြရသည်။..

.ငလျင်ကြောင့် ထိခိုက်ပျက်စီး များပြားလေ့ရှိသော ဂျပန်နိုင်ငံတွင်လည်း ကြိုတင် မပြောနိုင်သေးပါ။.

..မြန်မာနက္ခတ်ပညာရှင်အချို့သည် ငလျင်နှင့်ပတ်သက်၍ အတော်လေးနီးစပ်ယုံမက တခါတရံ ကွက်တိမှန်ကန်အောင် ဟောပြောနိုင်သည်ကို လေးစားစွာသတိထားမိပါသည်။

…အစစ်အမှန် ပညာရပ်နှင့် ပညာရှင်များ ထွန်းကားပါစေ.

…..အစဉ်လေးစားစွာဖြင့်…

#HtayOung, #OungMarine..

.https://bdnews24.com/world/south-asia/2021/04/28/assam-earthquake-jolts-parts-of-bangladesh-including-dhaka

+1

Leave a Reply

Your email address will not be published.