မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်ဘင်္ဂါလီများအား ကူညီရန် ဂျပန်က ကန်ဒေါ်လာ ၁၉-သန်း ပေးမည်။ ဒီမိုကရေစီနည်းကျ ရွေးကောက်သည့် အစိုးရတစ်ရပ် ပြန်လည်ထူထောင်ရေး၌ ထူးခြားသော အခန်းကဏ္ဍမှ ပါဝင်ရန် ဂျပန် နည်းလမ်းရှာဖွေ၊


စစ်ဘက်၏ ဖိနှိပ်မှုနှင့် အကြမ်းဖက်မှုများမှ လွတ်မြောက်ရန်အတွက် နေရပ်ဒေသမှ စွန့်ခွာ ထွက်ပြေးခဲ့ရသည့် မြန်မာနိုင်ငံ၏ ဒုက္ခသည်ဘင်္ဂါလီများ ( မူရင်း ရိုဟင်ဂျာဟုဖော်ပြ ) ဂျပန်နိုင်ငံက အရေးပေါ်အကူအညီအဖြစ် ထောက်ပံ့ငွေအဖြစ် အမေရိကန်ဒေါ်လာ ၁၉ သန်း ( ယန်းငွေ ၂ ဘီလီ ယံခန့် ) ကို  နိုင်ငံတကာအဖွဲ့အစည်းများမှတဆင့် ထောက်ပံ့မည်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးက အင်္ဂါနေ့၌ ပြောကြားသည်ဟု Japan Times က ယမန်နေ့ ရေးသားသည်။

..
ဂျပန်အာဏာပိုင်များ ပြောကြားရာတွင် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရအား ဖယ်ရှား၍ ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားအရပ်သားခေါင်းဆောင်များအား ဖမ်းဆီးထိန်းသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့ တပ်မတော်၏ အာဏာသိမ်းမှုကို ရှုတ်ချကြောင်း၊ သို့သော်လည်း မြန်မာနိုင်ငံအပေါ် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း ပါရှိသည်။..  


အဆိုပါထောက်ပံ့ငွေများကို ဆေးရုံပေါင်း ၅၈-ရုံအတွက် ဆေးဝါးနှင့် သန့်ရှင်းရေးပစ္စည်းများ ဝယ်ယူရာတွင်၎င်း၊ မြန်မာနှင့် အိမ်နီးချင်းဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံစလုံးတွင် ဒုက္ခသည်အဖြစ် ခိုလှုံလျှက်ရှိသည့် ဘင်္ဂါလီ ၆၀၀,၀၀၀ တို့အား အစားအစာများ ထောက်ပံ့ရန် အသုံးပြုလိမ့်မည်ဖြစ်ကြောင်း၊ အကူအညီများအားလုံးကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ၊ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်နှင့် နိုင်ငံတကာရွှေ့ပြောင်းသွားလာသူများဆိုင်ရာအဖွဲ့တို့မှတဆင့် လွှဲပြောင်းပေးမည်ဖြစ်ကြောင်း  ဂျပန်ဝန်ကြီးက ရှင်းပြသည်။..  


အများအားဖြင့်မြန်မာနိုင်ငံရခိုင်ပြည်နယ်တွင် နေထိုင်သည့် လူနည်းစု အစ္စလာမ်ဘာသာဝင်များသည် တပ်မတော်၏ ဖြိုခွင်းမှုမှ လွတ်မြောက်ရန် ၂၀၁၇ ခုနှစ်သြဂုတ်လမှစ၍ ရာထောင်ချီကာအိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရသည်။..  


ဗုဒ္ဓဘာသာဝင် အများစုဖြစ်သော မြန်မာနိုင်ငံတွင် ၎င်းတို့ကို နိုင်ငံသားအဖြစ် အခွင့်အရေးနှင့် လူမျိုးအုပ်စု တစ်ခုဖြစ်ကြောင်း အသိအမှတ်မပြုပါ။ ၎င်းအစား ဘင်္ဂလားဒေ့ရ်ှမှ ခိုးဝင်နေထိုင်သူများဖြစ်ကြောင်း မှတ်ယူသည်။..  


မြန်မာနိုင်ငံတွင် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရတစ်ရပ် ပြန်လည်ထူထောင်ရေးဆောင်ရွက်ရာတွင် ဂျပန်နိုင်ငံအနေဖြင့်“ ထူးခြားသောအခန်းကဏ္ဍ ”မှ ပါဝင်ရန် နည်းလမ်းရှာဖွေလျှက်ရှိသည်။ ၎င်းတွင် ဂျပန်အစိုးရနှင့် ဆက်သွယ်မှုကို ထိန်းသိမ်း၍ မြန်မာ့တပ်မတော်အပေါ် ဖိအားပေးခြင်းလည်း ပါဝင်သည်။
..
မြန်မာ့တပ်မတော်မှ ခန့်အပ်သည့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တနင်္လာနေ့ နေပြည်တော်တွင် ဆွေးနွေးရာ၌ ဆန္ဒပြသူများအပေါ် လုံခြုံ ရေးတပ်ဖွဲ့များ၏ အကြမ်းဖက်မှုအားလုံးကို ရပ်တန့်ရန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ထိန်းသိမ်းခံထားရသူများကို လွှတ်ပေးရန်၊ ဒီမိုကရေစီနည်းကျ အစိုးရအဖွဲ့ကို အဆောတလျဉ် ပြန်လည်ထူထောင်ရန် #မြန်မာနိုင်ငံဆိုင်ရာဂျပန်သံအမတ်ကြီး_အီချီယိုမာရူယာမာက တောင်းဆိုကြောင်း၊
..
မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများမြင့်တက်လာခြင်းကို တားဆီးရာ၌ မည်သည့်နည်းလမ်းက အထိရောက်ဆုံး ဖြစ်သည်ကို ရှာဖွေလျက်ရှိကြောင်း၊ နောက်ဆုံးတွင် ဒီမိုကရေစီနည်းကျအစိုးရ တစ်ရပ်ပြန်လည်ထူထောင်ရန်မှာ အရေးကြီးဆုံး ဦးစားပေးကိစ္စဖြစ်ကြောင်း #ဂျပန်နိုင်ငံခြားရေးဝန်ကြီး_တိုရှီမီဆူမိုတီဂျီက မီဒီယာတွေ့ဆုံပွဲ၌ ရှင်းလင်းပြောဆိုသည်။


..   
((( Japan Times., Mar 9, 2021, “ Japan to give $19 million to aid Rohingya in Myanmar and Bangladesh.” ကို #HtayOung, #OungMarine.)))
..#ဒုက္ခသည်ဘင်္ဂါလီများအတွက်မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်သို့_ဂျပန်ကဒေါ်လာ၁၉သန်းထောက်ပံ့
.. 
https://www.japantimes.co.jp/news/2021/03/09/national/myanmar-rohingya-aid/?fbclid=IwAR1LV9PAgnF6Hf-n63sB3vjkswVOMF_-ni1VQn1PFp_CEe2QgE9mEP5uwSw 

Leave a Reply

Your email address will not be published.