မြန်မာ နစအ က ရွေးကောက်ပွဲကတိအတိုင်းတည်ရေး အာဆီယံက တောင်းဆို ရန် အင်ဒိုနီးရှားစီစဉ်။ အမေရိကန်-အီးယူတို့၏ မြန်မာအစိုးရသစ်အပေါ် တောင်းဆိုချက်နှင့် အာဆီယံအမြင် သိသာစွာ ခြားနား

မြန်မာနိုင်ငံတွင် ( အသစ်တက်ရောက်လာသော ) နိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီအစိုးရ ( #နစအ ) အနေဖြင့် ၎င်း၏ လွတ်လပ်မျှတ၊ အားလုံးအကျုံးဝင်စေမည့် ရွေးကောက်ပွဲဆိုင်ရာ ကတိကဝတ်အတိုင်း တည်စေရန် စောင့်ကြည့်ကြရေးအတွက် အာဆီယံနိုင်ငံများက သဘောတူကြရန် အင်ဒိုနီးရှားနိုင်ငံက တိုက်တွန်းလိုက် သည်ဟု Reuters က ယမန်နေ့ရေးသားသည်။

..

ဒေါ်အောင်ဆန်းစုကြည်အား ပြန်လွှတ်ပေးရန်၊ ဒေါ်စု၏ ပါတီ အပြတ်အသတ်အနိုင်ရရှိသော နိုဝင်ဘာ ၈-ရက် မဲရလဒ်အား အသိအမှတ်ပြုရန် ( ပြည်တွင်း ) ကန့်ကွက်သူများနှင့် အနောက်နိုင်ငံအချို့က တောင်းဆိုချက် ထွက်ပေါ်လာပြီး မရှေးမနှောင်း၌ ဒေသအတွင်း အကြီးမားဆုံးနိုင်ငံဖြစ်သော အင်ဒိုနီးရှားက ယခုကဲ့သို့ တောင်း ဆို လိုက်ခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။

..

အမည်မဖော်လိုသူအကြီးတန်းအရာရှိနှစ်ဦး ကပြောကြားရာတွင် သွေးထွက်သံယိုမှုများအား တားဆီးရန်နှင့် နစအ အနေဖြင့် ရွေးကောက်ပွဲအသစ်ကျင်းပပေးပြီး အနိုင်ရရှိသူအား အာဏာလွှဲပြောင်းပေးမည်ဆိုသည့် ၎င်း၏  ကတိကဝတ်အတိုင်း လေးစားလာစေရေးအတွက် သံတမန်နည်းလမ်းကို ဦးစားပေး၍ အဖြေရန်လိုအပ် ကြောင်း ရှင်းပြသည်။

..

လွန်ခဲ့သည့်နှစ် ရွေးကောက်ပွဲရလဒ်အား အသိအမှတ်ပြုရန် ကန့်ကွက်သူများ၏ တောင်းဆိုချက်ကို ရွေး ကောက်ပွဲအသစ် ပြုလုပ်ပေးမည်ဖြစ်ကြောင်း ကတိပြုခြင်းဖြင့် နစအ က လစ်လျု့ရှုခဲ့သည်။ နိုဝင်ဘာ ရွေးကောက်ပွဲတွင် မသမာမှုများ ရှိခဲ့ကြောင်း စွပ်စွဲချက်ကို ရွေးကောက်ပွဲကော်မရှင် ( ဟောင်း ) က ပယ်ချခဲ့ပြီးနောက် တပ်မတော်က အာဏာထိန်းခဲ့ခြင်းဖြစ်သည်။ သို့သော် ရွေးကောက်ပွဲသစ် ပြုလုပ်မည့် အချိန်ဇယားကို နစအ က ထုတ်ပြန်ခြင်း မရှိသေးချေ။

..  

( မြန်မာနိုင်ငံ၏ ) အကြပ်အတည်းတွင် ဒေသတွင်းအုပ်စုဖြစ်သော အရှေ့တောင်အာရှနိုင်ငံများအသင်း ( အာဆီ ယံ ) အနေဖြင့်  ကြားဝင်ကူညီရန် ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ၊ တရုတ်၊ ဥရောပသမဂ္ဂနှင့် အမေရိကန် ပြည်ထောင်စုတို့က တိုက်တွန်းခဲ့သည်။ အင်ဒိုနီးရှား၏ အစီအစဉ်တွင် ကန့်ကွက်ဆန္ဒပြသူများနှင့် နစအ တို့အ ကြား ဆွေးနွေးမှု ပြုလုပ်ရေး အာဆီယံက ပြောဆိုရန် ဖြစ်ကြောင်း အင်ဒိုနီးရှား အရာရှိကြီး ၂-ဦး၏ အဆိုအရ သိရှိရသည်။

..

အင်ဒိုနီးရှားနိုင်ငံခြားရေး ၀ န်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကမူ ယခုသတင်းနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။ #နိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီနှင့် အခြားအာ ဆီယံနိုင်ငံခြားရေးဝန်ကြီးများ  တွေ့ဆုံ ဆွေးနွေးပြီးနောက် ကြေညာချက် ထုတ်ပြန်မည်ဖြစ်ကြောင်း၊ ဝန်ကြီးရက်နို သည် ယခုအခါ အာဆီယံဒေသ အတွင်း ခရီးသွားလျှက်ရှိပြီး မြန်မာနိုင်ငံအရေးနှင့်ပတ်သက်၍ မတူကွဲပြားသော အဖွဲ့ဝင်နိုင်ငံများအကြား အာဆီယံထိပ်သီး အထူးအစည်းအဝေး၌ ထောက်ခံမှုကို စုစည်းရန်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ဖြေဆိုသည်။

..

အာဆီယံမှာ အများသဘောတူဆုံးဖြတ်ချက်ဖြင့် စီမံဆောင်ရွက်သည်။ အင်ဒိုနီးရှား၏အဆိုပြုချက်သည် အာ ဆီယံနိုင်ငံ အများအပြားတို့ထံမှ ထောက်ခံမှုများစွာရရှိထားသော်လည်း သံတမန်ရေးကြိုးပမ်းမှုဆိုသည်မှာ စိန်ခေါ်ခြင်း တစ်ရပ်ဖြစ်ကြောင်း သတင်းရင်းမြစ်သုံးခုက ဝေဖန်သည်။

..

ထိပ်တန်းအရာရှိတဦးက ပြောကြားရာတွင်မူ အာဏာသိမ်းမှုကို ရှုတ်ချရန်မှာ လွယ်ကူသော်လည်း၊ ခိုင်မာသော တိုးတက်မှုမှာ လျှို့ဝှက်သိပ်သည်းသော မြန်မာ့တပ်မတော်နှင့် ထိတွေ့ဆက်ဆံမှုအပေါ် မူတည်နေကြောင်း၊ ချဉ်းကပ်ရာတွင် အဖွဲ့အတွင်း ကွဲပြားခြားနိုင်သော်လည်း ဒေသတွင်အနေအထားနှင့် ဆက်ဆံရေးအရ အာဆီ ယံအနေဖြင့် ဆောင်ရွက်ရန် အာဆီယံအတွက် အသင့်လျော်ဆုံး လုပ်ငန်းတာဝန်မျိုးဖြစ်သည်။

..

သို့သော် အဆိုပြုထားသော အာဆီယံထိပ်သီးအထူးအစည်းအဝေးသို့ပါဝင်ရေးအတွက် မြန်မာနိုင်ငံအား ဆွဲဆောင်ရန် ခက်ခဲကြောင်း အကြီးတန်းအရာရှိနှစ်ဦးက ပြောကြားခဲ့သည်။ စောစောပိုင်းကတည်းက အာဆီယံ ဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံ၏ ဖိတ်ကြားချက်ကို မြန်မာက ပယ်ချခဲ့ဖူးပြီး သြဂုတ်လတွင် ကျင်းပရန် စီစဉ်ထားသည့် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးတွင် ဆွေးနွေးနိုင်သည်ဟု တုန့်ပြန်ခဲ့သည်။

..

မြန်မာအစိုးရ ပြောရေးဆိုခွင့်ရှိသူနှင့် နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနတို့က မှတ်ချက်ပေးရန် Reuters ၏ မေတ္တာရပ်ခံ ခြင်းကို တုံ့ပြန်ခြင်း မရှိပါ။

..

ညှိနှိုင်းရန် ဖြစ်နိုင်ခြေတစ်ခုမှာ ထိပ်သီးအစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာရှိ အာဆီယံအထွေထွေ အတွင်းရေးမှူးဌာန၌ ကျင်းပရန်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် ပတ်သက်၍ အတိအလင်း ( ထည့်သွင်း ) ထုတ်ဖော် ပြောကြားခြင်း မပြုရန်ဖြစ်သည်ဟု အရာရှိနှစ်ဦးက Reuters အား ရှင်းပြသည်။

..

(( ယခုသတင်းအတိုင်း ဆိုလျှင် နစအ သည် NLD အစိုးရထိပ်တန်းခေါင်းဆောင်များအား ထိန်းသိမ်းထားပြီး၊ တစ်နှစ်ကြာလျှင် ရွေးကောက်ပွဲအသစ် ပြန်လည်ကျင်းပပေးမည်ဟု ဆိုသည်။

ထိန်းသိမ်းထားသူများအား ပြန်လွှတ်ပေးပြီး နိုဝင်ဘာရွေးကောက်ပွဲ ရလဒ်အား အတည်ပြုရန် ဥရောပနိုင်ငံ တို့က တောင်းဆိုသည်။

အင်ဒိုနီးရှားဦးဆောင်သော အာဆီယံနိုင်ငံများကမူ နအစ ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲ တရားမျှတစေရန် နှင့် အနိုင်ရပါတီအား အာဏာလွှဲပြောင်းပေးမည်ဆိုသည့် နအစ အား စောင့်ကြည့်ကူညီရန် ဖြစ်သည်။     ။သ တင်း ဘာသာပြန်သူ ))

..

#မြန်မာနှင့်အာဆီယံ_ရွေးကောက်ပွဲ

..

https://www.reuters.com/article/us-myanmar-politics-asean-exclusive-idUSKBN2AM0PH

((( Reuters., February 22, 2021,” Indonesian plan calls for Southeast Asia to hold Myanmar junta to election pledge. “ ကို #HtayOung, #OungMarine ကို ဆီလျော်အောင်ကောက်နှုတ်ဘာသာ ပြန်ဆိုသည်။ )))

0

Leave a Reply

Your email address will not be published.