မြန်မာ-ဘင်္ဂလားဒက်ရှ်နယ်ခြား ကော့ခ်ဘဇားတွင် မြေမြှုပ်မိုင်းနင်းမိ၍ ဒုက္ခသည် ဘင်္ဂါလီတစ်ဦးသေဆုံး။ မြန်မာနယ်ခြားစောင့်ရဲက ဒုက္ခသည်ဘင်္ဂါလီများ ပြန်မလာနိုင်အောင် မိုင်းထောင်နေဟု ဘင်္ဂလားဒက်ရှ်သတင်းစာ စွပ်စွဲဖော်ပြ

လွန်ခဲ့သည့် ကြာသပတေးနေ့ ညပိုင်း၊ ဘင်္ဂလားဒက်ရှ်နိုင်ငံ နိုင်ခေါင်ချာရီ ကော့ဘဇားခရိုင် မြန်မာ-ဘင်္ဂလားဒက်ရှ်နယ်ခြား ဂေါင်းဒုံမြို့နယ်တွင် မြေမြှုပ်မိုင်းနင်းမိသဖြင့် ဒုက္ခသည်ဘင်္ဂါလီ ( မူရင်းရိုဟင်ဂျာဟုဖော်ပြ ) တစ်ဦးသေဆုံးသည်ဟု ဘင်္ဂလားအခြေစိုက် Dhaka Tribune က ယနေ့ရေးသားသည်။

သေဆုံးသူမှာ အူခီယာရှိ ကူတူပါလောင်ဒုက္ခသည်စခန်း အမှတ် ၁- တွင် နေထိုင်သူ ဟာမစ်ဟိုစိန် ( အသက်-၃၀ ) ဖြစ်သည်ဆို၏။ နယ်ခြားမှတ်တိုင် နံပါတ်-၃၉ အနီး ( ဘင်္ဂလားဒက်ရှ်နယ်မြေအတွင်း ) မိုင်းပေါက်ကွဲမှု ကြောင့် ဟိုစိန်သေဆုံးရာတွင် အခြားသူ ၂-ဦးလည်း ဒါဏ်ရာရရှိကြောင်း သိရှိရသည်။

ပေါက်ကွဲသံကြောင့် သွားရောက်ကြည့်ရှု့ရာမှ အခင်းဖြစ်ရပ်ကို သိရှိရပြီး သေဆုံးသူမှာ မြန်မာနိုင်ငံဘက်သို့ နယ်ခြားဖြတ်ကျော်ထွက်သွားပြီး ဘင်္ဂလားဒက်ရှ်ဘက်သို့ ဦးတည်၍ တိတ်တဆိတ်ပြန်ဝင်လာစဉ် မိုင်းနင်းမိခြင်း ဖြစ်ဟန်တူကြောင်း နိုင်ခေါင်ချာရီဂေါင်းဒုံ ရဲကင်းစခန်းမှူးက ပြောဆိုသည်။

အူခီယာရှိ ကူတူပါလောင်ဒုက္ခသည်စခန်း အမှတ် -၇ နေထိုင်သူ လှေသမား မိုဟာမက်အိုင်ဒရစ်က ပြောဆိုရာတွင်မူ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ ( BGP ) သည် ရခိုင်မြောက်ဖျားမှ ထွက်ခွာသွားသော ဒုက္ခသည်ဘင်္ဂါလီများ ပြန်ဝင်မလာနိုင်အောင် နှစ်နိုင်ငံနယ်ခြားတစ်လျှောက် မြေမြှုပ်မိုင်းများ ထောင်လေ့ရှိကြောင်း၊ လွန်ခဲ့သည့် ကြာသပတေးနေ့ည သေဆုံးသူမှာ ၎င်း၏ အိမ်နီးနားချင်းဖြစ်ပြီး ထိုကဲ့သို့ မိုင်းမျိုးနင်းမိသေဆုံးခြင်းဖြစ်ကြောင်း ဘင်္ဂလားဒက်ရှ်ရဲတို့သည် ထိုကိစ္စကို ကောင်းကောင်းသိသော်လည်း မည်သည့်အတွက် မိုင်းများ မဖယ်ရှားသည်ကို နားမလည်ကြောင်း ပြောဆိုသည်ဟု သတင်း၌ ဆက်လက်ရေးသားသည်။

(( ဂေါင်းဒုံသည် ရခိုင်မြောက်ဖျား တောင်ပြိုလက်ဝဲမှ တစ်ဖက်နိုင်ငံအတွင်း တည်ရှိသည်။ ဘင်္ဂလားဒက်ရှ် သတင်းစာတို့သည် ပူလစ်ဇာတန်းမဝင်ကြပါ။ ၎င်းတို့နိုင်ငံပိုင်နက်နယ်မြေအတွင်း မြေမြုပ်မိုင်းပေါက်ကွဲသည့် ကိစ္စမှန်သမျှ ( BGP ) တို့ ဝင်ရောက်မိုင်းထောင်ခြင်းဖြစ်ကြောင်း မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့၏ စွမ်းရည်မြင့်မားပုံကိုအစဉ်အလာမပျက် ဂုဏ်ပြုရေးသားလေ့ရှိပါသည်။ ။ သတင်းဘာသာပြန်သူ ))

((( Dhaka Tribune., November 29, 2019, “Rohingya killed in landmine blast in Naikhongchhari border.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#အူခီယာ #ဂေါင်းဒုံ #ကူတူပါလောင်ဒုက္ခသည်စခန်း #မြန်မာ-ဘင်္ဂလားဒက်ရှ်နယ်ခြား #မြေမြှုပ်မိုင်းပေါက်ကွဲ

https://www.dhakatribune.com/bangladesh/nation/2019/11/29/rohingya-killed-in-landmine-blast-in-naikhongchhari-border .

0

Leave a Reply

Your email address will not be published.