မြန်မာ R2P နှင့် Quad စစ်အင်အားကြီး ၄-နိုင်ငံ၏ အိန္ဒိယသမုဒ္ဒရာအတွင်း စစ်ရေးလေ့ကျင့်ခြင်း၊တရုတ်-အိန္ဒိယ-အာဆီယံနိုင်ငံတို့၏ မြန်မာအာဏာသိမ်းမှုနှင့် လက်ရှိအကြပ်အတည်းအပေါ် တုန့်ပြန်မှု၊ အဖြေရှာရေးတွင် သတင်းအချက်အလက်မှန်များသည်သာ အားကိုးရာ


လွန်ခဲ့သည့် နာရီပိုင်းတွင် ကျွန်တော်၏ မိတ်ဆွေအချို့က ထူးဆန်းသော သတင်းတစ်ပုဒ်ကို ပြသကြပါသည်။((( ဂျပန်နိုင်ငံက စစ်စားရိတ် တစ်ဝက်တိတိ ကျခံပေးမယ်လို့ပြောပြီးပြီ တောင်ကိုရီးယားကလဲ လိုအပ်တဲ့ အကူအညီ အကုန် ကူညီပေးမယ်လို့ဂတိပေးသွားပြီ သြဇီ ပြင်သစ်နဲ့ ဂျာမဏီတို့ကလဲ မြန်မာနိုင်ငံအတွက်အ ကူအညီ ပေးကြမယ်လို့ပြောနေကြပြီ နေတိုးစစ်အုပ်စုကလဲ မြန်မာပြည်အတွက် အဆင်သင့်ပါဘဲလို ပြောသွား ကြပြီ အားရစရာပါ မြန်မာပြည်အရေးအတွက် သာကောခွေးဝဲဇား ကိုကြောက်ပြီး လက်ရှောင်နေတာက အာဆီယံ နိုင်ငံအားလုံးပါ.. ))) ဟူသော ပို့စ် တစ်ပုဒ်နှင့် ပတ်သက်၍ ဖြစ်သည်။

..  
မိတ်ဆွေများ သိရှိသည့်အတိုင်း ကျွန်တော်သည် နိုင်ငံတကာထူးခြားဘာသာပြန်သတင်းများကို နေ့စဉ်တင်ပြလျှက်ရှိသည်မှာ နှစ်ချီကြာခဲ့ပြီး လူမှုကွန်ယက်တွင် ပုဒ်ရေထောင်ချီရှိမည့်အပြင် ပရင့်တက်အဖြစ်လည်း ရေးသားနေဆဲဖြစ်ပါသည်။ မိတ်ဆွေများက မြန်မာဘာသာဖြင့် သတင်းကိုပြလျှင် မူရင်း အင်္ဂလိပ်ဘာသာ သတင်းအား ရှာဖွေပေးနေဆဲဖြစ်သည်။

..  
သို့သော် အထက်ပါ မိတ်ဆွေများ မေးမြန်းလာသည့် အကြောင်းအရာနှင့် ပတ်သက်၍ မူရင်းအင်္ဂလိပ်ဘာသာသတင်းကို ကျွန်တော် ဘယ်မှာမှ ရှာမတွေ့ပါ။ နိုင်ငံတစ်နိုင်ငံအား အခြားနိုင်ငံများက ဝိုင်းဝန်းစစ်ပြုမည်ဆိုခြင်းလောက် ကမ္ဘာ့ထိပ်တန်းသတင်းဖြစ်နိုင်စရာဟူ၍ မရှိတော့ပါ။ သို့သော်လည်း ဆင်တူယိုးမှား မူရင်းသတင်းကိုပင်လျှင် ယခု စာရေးနေချိန်တိုင် ရှာ၍ မတွေ့ပါ။

..  
ထို့ပြင် အိန္ဒိယသမုဒ္ဒရာ၌ အမေရိကန်လေယာဉ်တင်သင်္ဘောကြီးအပါအဝင် Quad လေးနိုင်ငံတို့ ဧပြီလ ၄-ရက်နေ့ထိ စစ်ရေးလေ့ကျင့်မည့်သတင်းကိုလည်း မြန်မာနှင့် အတင်းကြီး ဆွဲစပ်လျှက်ရှိကြောင်း တွေ့ရှိရပါသည်။

..   
အမေရိကန်-အိန္ဒိယ- ဂျပန်- သြစတေးလျတို့ပါဝင်သော Quad အဖွဲ့၏ စစ်ရေးလေ့ကျင့်ခြင်းမှာ ပုံမှန်သာဖြစ်ပြီး ယခင်ကလည်း လေ့ကျင့်ဖူးကြောင်း ကျွန်တော် သတင်းဘာသာပြန်များ တင်ပြခဲ့ဖူးပါသည်။

..  
မြန်မာ့အရေးတွင် အိမ်နီချင်း တရုတ်-အိန္ဒိယ-ဗီယက်နမ်တို့သည် မြန်မာ၏ ပြည်တွင်းရေးဟု သာရှု့မြင်ပါသည်။ ဤတွင် တရုတ်က တစ်နိုင်ငံတည်းအဖြစ်မြင်တွေ့ရပြီး အိန္ဒိယနှင့် ဂျပန်ကို တစ်အုပ်စုဟု လေ့လာသူများက ခွဲခြားသုံးသပ်ကြပါသည်။ အခြားနှုတ်ဆိတ်နေသောနိုင်ငံမှာ ဘင်္ဂလားဒေ့ရှ်နှင့် ထိုင်းတို့ဖြစ်သည်။

..  
Quad အုပ်စုပါ အိန္ဒိယသည် မြန်မာအပေါ် စစ်ရေးအရ အရေးယူရန် မဆိုထားဘိ၊ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့ရန်ပင် အလေးအနက်ထားခြင်း မရှိပါ။ အပြုသဘော အကျိုးဖြစ်ထွန်းစေရန် ပံ့ပိုးမည်ဖြစ်ကြောင်း #အိန္ဒိယနိုင်ငံခြားရေးဌာနအတွင်းဝန်ဟာ့ရှ်ဗတ်ဟန်းရှရင်ဂလာက ပြောဆိုကြောင်း The Daily Stars (Mar.16,2021) က ရေးသားသည်။

..

ထို့ပြင် မြန်မာနိုင်ငံအား R2P တော့မည့်သတင်းလည်း အများအပြားတွေ့နေရပါသည်။ ၎င်းတို့ဖော်ပြထားသည့် ပုံပါ PDF အား Download ဆွဲ၍ ဖတ်ရှု့သည့်အခါ လွန်ခဲ့သည့် ၂၀၁၈-ခုနှစ် မတ်လ ၁၅-ရက်နေ့ဟု တွေ့ရှိရသည်။ ကျွန်တော်များဆီတွင် ဘင်္ဂလားဒေ့ရှ်သို့ ရခိုင်မြောက်ဖျားမှ ဒုက္ခသည်အများအပြား ထွက်ပြေးသွားပြီးနောက် Red Alert နီ သွားခြင်းဖြစ်ပြီး ထိုစဉ်က အမျိုးသားလုံခြုံရေးအကြံပေး #ပြည်ထောင်စုဝန်ကြီးဦးသောင်းထွန်းက လည်း ထိုအကြောင်းကို ရုပ်သံမှတဆင့် ဟောပြောဖူးပါသည်။ ဆိုလိုသည်မှာ လောလောဆယ်ပြဿနာများ ကြောင့် နီသွားရခြင်းမဟုတ်ကြောင်း ထင်ရှားပါသည်။

..  

အမှန်စင်စစ် ထိုသို့ ဖော်ပြနေသည့် R2P Monitoring ခေါ် The Global Centre for the Responsibility to Protect သည် နိုင်ငံတကာ လွတ်လပ်သော အဖွဲ့အစည်း တစ်ခုသာဖြစ်၍ အာဏာပိုင် အဖွဲ့အစည်း မဟုတ်ပါ။ နိုင်ငံတကာလူ့အဖွဲ့အစည်းတို့တွင် ဖြစ်ပွားလျှက်ရှိသည်တို့မှ R2P စည်းမျဉ်းနှင့် ကိုက်ညီနေသည်များကို ဖော်ပြ၍ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများသို့ အကြံပြုနေသော အဖွဲ့အစည်း တစ်ခုသာဖြစ်သည်။ ထို့ကြောင့် ပုံကိုကြည့်လျှင် တရုတ်ပြည်ကြီးတစ်ခုလုံးသည်ပင် နီလျှက်ရှိကြောင်း တွေ့ရှိနိုင်ပါသည်။ 

..   
ကျွန်တော်များဆီတွင် စစ်အာဏာသိမ်းပြီးနောက် ဒီမိုကရေစီအရေး ကန့်ကွက်ဆန္ဒပြရင်း လမ်းများပေါ်၌ အသက်ဆုံးရှုံးရသူများမှာ ယမန်နေ့အထိ ၁၃၈-ဦးရှိပြီဖြစ်ကြောင်း ကုလသမဂ္ဂက ပြောဆိုပါသည်။ လွန်ခဲ့သည့် မတ်လ-၁၄ ရက် ( တနင်္ဂနွေနေ့ ) တစ်ရက်တည်း၌ပင် နိုင်ငံတစ်ဝှန်းလုံး၌ ကျဆုံးသူပေါင်း ၃၈ ဦးရှိကြောင်း CNN က ရေးသားပါသည်။

..  
ကျွန်တော်၏ လေ့လာချက်အရ အသက် ၁၇-နှစ်မှ ၅၄-နှစ်အတွင်း ( အများစုမှာ ၂၅ နှစ်အောက်ဝန်းကျင်) ရှိသူတို့သည် ဒီမိုကရေစီအရေးဟူသော ခံယူချက်ဖြင့် လမ်းများပေါ်သို့ အသက်စွန့်ရန် ရောက်ရှိလာသူ အများအပြားပါဝင်နေသည်။ အဖိုးတန်အရွယ်ကောင်းတို့၏ မည်သည့်နည်းနှင့်မျှ အစားထိုးမရနိုင်သော ဆုံးရှုံးမှုကို #သတင်းအမှန်ပေးခြင်း ဖြင့် ဂုဏ်ပြုရာရောက်နိုင်ပါသည်။

..  
လက်နက်မဲ့အရပ်သားများအား တိုက်လေယာဉ်အပါအဝင် သေစေလောက်သော အပြင်းစားလက်နက်များသုံး၍ ဖြိုခွင်းခြင်းကြောင့် R2P ခံရသောနိုင်ငံမှာ အမှန်တကယ်ရှိခဲ့ဖူးပြီး ၂၀၁၁-ခုနှစ် လစ်ဗျားနိုင်ငံဖြစ်ပါသည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် ၁၉၇၀- အရ နေတိုးလေတပ်က ဝေဟင်မှ တိုက်ခိုက်ခြင်းဖြင့် ကဒါဖီ၏ ရက်စက်မှုများအား ဟန့်တားခြင်းဖြစ်သည်။

..  
ဖေဖော်ဝါရီ ၂၆-ရက်၊ ၂၀၁၁-ခုနှစ်မှစ၍ လစ်ဗျားဝေဟင်တွင် လေယာဉ်မပျံသန်းရဇုံအပါအဝင် စစ်ရေးဖြင့် အရေးယူဆောင်ရွက်ခဲ့ရာတွင် ကမ္ဘာ့နိုင်ငံများ မျှော်လင့်မထားသည်တို့ဖြစ်ပေါ်လာခဲ့သည်။ ထရီပိုလီကျဆုံး၍ ထွက်ပြေးသွားသော ကဒါဖီအသတ်ခံရခြင်း၊ လစ်ဗျားတပ်မတော် အစိတ်စိတ်အမွှာမွှာဖြစ်သွားခြင်း၊ လစ်ဗျားတွင် အုပ်ချုပ်ရေးနှင့် ကာကွယ်ရေး ယန္တယားပျက်ပြား၍ နိုင်ငံပြိုကွဲသွားခြင်း၊ လက်နက်ကိုင်အုပ်စုများနှင့် စစ်ဘုရင်များ ပေါ်ပေါက်လာရာတွင် အယ်လ်ကိုင်ဒါနှင့် အိုင်အက်စ်ကဲ့သို့ အစွန်းရောက် အကြမ်းဖက်အဖွဲ့များ ခေါင်းထောင်လာခြင်းတို့ဖြစ်သည်။ လူပေါင်း သောင်းချီ၍ သေဆုံးရသော လစ်ဗျားပြည်သူတို့မှာလည်း လူကုန်ကူးခြင်း၊ ခေတ်သစ်နည်းဖြင့် ကျွန်ပြုခြင်းအပါအဝင် စားးရမဲ့ သောက်ရမဲ့ စစ်ဘေးရှေြင်ဒုက္ခသည်ဘဝသို့ သက်ဆင်းရတော့သည်။

..  
သမ္မတအိုဘားမားသည် ၎င်း၏ရာထူးသက်တမ်းတစ်လျှောက် မည်သို့ ဖြေဆည်မရနိုင်သောအမှားကြီးတစ်ခုမှာ လစ်ဗျားအား စစ်ရေးအရ အရေးယူမိခြင်းဖြစ်သည်ဟုဆိုပါသည်။ ဂျိုးဘိုင်ဒင်သည် ထိုစဉ်က ဒုတိယသမ္မတ ဖြစ်ပြီး ယခုနိုင်ငံခြားရေးဝန်ကြီး အန်သိုနီဘလင်ကင်မှာ အမျိုးသားလုံခြုံရေးအကြံပေးဖြစ်သည်။

..  
ထို့ကြေင့် ဂျိုးဘိုင်ဒင်အစိုးရက #ဒီမိုကရေစီအရေးမြှင့်တင်ဆောင်ရွက်ရာတွင် #အင်အားအသုံးပြု၍ #အာဏာရှင်ဖယ်ရှားနည်းကို_အသုံးပြုမည်မဟုတ်ပဲ သံတမန်နည်းလမ်းဖြင့်သာ လုပ်ဆောင်သွားမည်ဟု ဆိုခြင်းဖြစ်ပါသည်။

..  
ကျွန်တော်များဆီတွင် ဒီမိုကရေစီအရေးတော်လှန်သည်ဟု ထမီခံတပ်လုပ်ခြင်းကို ကမ္ဘာ့နိုင်ငံများက တအံ့တသြဖြစ်ခဲ့ရပါသည်။ မြန်မာ့ယဉ်ကျေးမှုနှင့် လုံးဝဆန့်ကျင်ယုံမက ဖျင်ပေါ် ခေါင်းပေါ်နေလေ့ရှိသော အနောက်တိုင်းသူများပင် သိုသိုသိပ်သိပ် ရှိတတ်သည့် အသုံးပြုပြီး အမျိုးသမီးလစဉ်သုံးပစ္စည်းကို ဆန့်ကျင်ဆန္ဒပြရာ၌ ထည့်သွင်းနေခြင်းမှာ မသင့်လျှော်ကြောင်း တားဆီးမည့်သူ မရှိခဲ့ပါ။

..  
လက်ရှိအကြပ်အတည်းအား အမြန်ဆုံး ပြေလည်စေလိုလျှင် မစားရ ဝခမန်း သတင်းအတု၊ ဓါတ်ပုံအလိမ်များကို ဖယ်ရှား၍ အဖြစ်မှန် အချက်အလက်မှန်များဖြင့် သုံးသပ်ရန် မဖြစ်မနေလိုအပ်ပါသည်။

..  
စာဆိုသည်မှာ စိတ်၏ အဟာရဖြစ်သည်။ သင်နှစ်ခြိုက်စွာ စားသုံးနေသော ထမင်းပန်းကန်ထဲသို့ အီအီးတစ်တုံး လာထည့်လျှင် သင် မည်သို့ သဘောထားမည်နည်။ သတင်းအတုများမှာ မစင်ထက် ဆိုးရွားပါသည်။
..
အစဉ်လေးစားစွာဖြင့်
..
#HtayOung, #OungMarine
..

#မြန်မာR2Pနှင့်Quad စစ်ရေးလေ့ကျင့်မှု

..  
https://timesofindia.indiatimes.com/videos/toi-original/myanmar-coup-india-should-not-join-western-countries-for-sanctions-says-former-diplomat/videoshow/80691011.cms
https://economictimes.indiatimes.com/news/politics-and-nation/view-why-india-needs-to-closely-monitor-the-situation-in-myanmar/articleshow/73618106.cms?from=mdr
https://www.tribuneindia.com/news/nation/india-us-consult-on-myanmar-sanctions-210404
https://www.globalr2p.org/publications/r2p-monitor-issue-56-15-march-2021/?fbclid=IwAR2XR8dJaA02qwfDC2B1Y-OmzkjI6FhjshhPKq2DigSHTqOU4P9UVK24s2w
https://www.globaltimes.cn/page/202103/1218466.shtml
https://www.thedailystar.net/southeast-asia/news/india-indicates-it-doesnt-favour-sanctions-against-myanmar-2061477
https://news.un.org/en/story/2011/03/369382-security-council-authorizes-all-necessary-measures-protect-civilians-libya 

0

Leave a Reply

Your email address will not be published.