၀န်ကြီးချုပ်၏ တိုက်ရိုက် လမ်းညွှန်ချက်အရ ဘင်္ဂလားဒက်ရှ်နယ်ခြားစောင့်တပ်တွင် ခေတ် မီလက်နက်နှင့် စက်ကိရိယာတပ် မြန်နှုန်းမြင့် ကြားဖြတ်ရေယာဉ်ငယ်များ စတင်အသုံးပြု။ ၂၀၁၉-ခုနှစ်မှ စ၍ စိန့်မာတင်ကျွန်းလုံခြုံရေး ဝန်ကြီးချုပ်လက်အောက်သို့ BGB အား ထည့်သွင်းခဲ့

ဘင်္ဂလားဒက်ရှ်နယ်ခြားစောင့်တပ် (BGB) သည် အဆင့်မြင့် လက်နက်များ တပ်ဆင်ထားသော မြန်နှုန်းမြင့် ကြားဖြတ်ရေယာဉ်ငယ် ၄-စီးကို ထပ်မံတိုးမြှင့်ခဲ့ကြောင်း ဘင်္ဂလားအခြေစိုက် Dhaka Tribune က ယနေ့ရေးသားသည်။

ရေယာဉ်ငယ်များ အင်အားဖြည့်တင်းသည့် သတင်းမှန်ကန်ကြောင်း ၊ ဘင်္ဂလားဒက်ရှ်နယ်ခြားစောင့်တပ်အား အင်အားဖြည့်တင်းရန် ဝန်ကြီးချုပ် ရှိတ်ဟာစီနာ၏ ဆန္ဒနှင့် တိုက်ရိုက်လမ်းညွှန်ချက်အရ ဖြစ်ကြောင်း BGB ပြည်သူ့ဆက်ဆံရေးအရာရှိ၏ ဗုဒ္ဓဟူးနေ့ သတင်းထုတ်ပြန်ချက်၌ အတည်ပြုခဲ့ကြောင်း သိရှိရသည်။

ပေ ၄၀ ရှည်၍ မြင်းကောင်ရေ ၆၅၀ ရှိ အင်ဂျင် ၃-လုံးတပ်ဆင်ထားသော  ရေယာဉ်များသည် ပိုလီမာအားဖြည့် စံနစ်ဖြင့် တည်ဆောက်ထားသည့်  Silvercraft 40 model များဖြစ်ကြောင်း၊ တပ်ဖွဲ့ဝင် ၃၃-ဦးကို တင်ဆောင်၍ ၁-နာရီလျှင် ရေမိုင် ၅၅ မိုင်နှုန်းဖြင့် ခုတ်မောင်းနိုင်ကြောင်း၊  ဆိုးရွားသော ရာသီဥတု၌ပင် သွားလာ ခုတ်မောင်း နိုင်ပြီး၊ အော်တိုမက်တစ်စက်သေနတ်များ တပ်ဆင်ထားကြောင်း၊

 ရာသီဥတုဆိုးရွားသည့်နေရာများတွင်လည်း သွားလာနိုင်ပြီး အလိုအလျောက်စက်သေနတ်များ၊ အဆင့်မြင့် နည်းပညာဂြိုဟ်တုလမ်းညွှန်စနစ်ပါ ရေဒါ ၊ စတုတ္ထမျိုးဆက် GPS၊ ခေတ်သစ် ဆိုနာစံနစ်နှင့် အခြားသော ခေတ်မီ အဆင့်မြင့်စက်ကိရိယာများတပ်ဆင်ထားကြောင်း၍ မိုင် ၃၀ အကွာမှ ရန်သူ့သင်္ဘော၏တည်နေရာကို ကြိုတင်ထောက်လှမ်းနိုင်ကြောင်း၊ လူနာ ၂-ဦး လဲလျောင်း လိုက်ပါလျှက် သယ်ဆောင်ပေးနိုင်ကြောင်း သတင်း ထုတ်ပြန်ချက်၌ ပါရှိသည်ဆို၏။

ဘင်္ဂလားဒက်ရှ်နယ်ခြားစောင့်တပ်အနေဖြင့် မိုင်ပေါင်း ၂၆၀၀ နီးပါးရှိ နိုင်ငံ့နယ်ခြားတစ်လျှောက် တိုက်ရိုက်ထိန်း ချုပ် ကင်းလှည့်နေရသည်။ အိန္ဒိယနှင့် မိုင် ၁၀၀ ခန့်၊ မြန်မာနှင့် မိုင် ၄၀ ခန့်  ရေကြောင်းနယ်ခြား ထိစပ်လျှက် ရှိသည်။

ထို့အပြင် ၂၀၁၉- ခုနှစ်မှစ၍ စိန့်မာတင်ကျွန်း လုံခြုံရေးနှင့်ပတ်သက်၍ ဝန်ကြီးချုပ်၏ ညွှန်ကြားမှု အောက်သို့ BGB အား ထည့်သွင်းခဲ့သည်။

ဘင်္ဂလားဒက်ရှ်နှင့် မြန်မာနယ်စပ် အစိတ်အပိုင်းအချို့သည် နာတ်မြစ်ပေါ်တွင် တည်ရှိ၍ ယာဘ စိတ်ကြွရူးသွပ် ဆေးဝါး မှောင်ခိုလမ်းကြောင်းဖြစ်လျှက်ရှိသည်။ လူကုန်ကူးခြင်း၊ တရားမဝင်ရောင်းဝယ်ခြင်း၊ ယာဘအပါအဝင် မူးယစ်ဆေး ဝါး ကုန်ကူးမှုစသည်တို့၌ နည်းလမ်း သစ်သုံး အသွင်ပြောင်းရာဇဝတ်မှုများကို ကိုင်တွယ်ရန်တိုးပွား လာခြင်းနှင့်  ဒုက္ခသည်ဘင်္ဂါလီ ( မူရင်း ရိုဟင်ဂျာ ဟုဖော်ပြ ) များ၏ လက်ရှိအခြေအနေအရ နတ်မြစ်တစ် လျှောက် နယ်ခြားအား ထိရောက်စွာထိန်းချုပ်ရန် အဓိက စိန်ခေါ်နေသည်။

အခြားတစ်ဖက်တွင်လည်း ဘင်္ဂလားဒက်ရှ် အနောက်တောင်ပိုင်းရှိ အိန္ဒိယနှင့် နှစ်နိုင်ငံနယ်ခြားမှာ  နက်ရှိုင်း သော သစ်တောများ ဖုံးလွှမ်းလျှက်ရှိသော ရေဝေကုန်းတန်းဧရိယာမှာလည်း အလားတူ စိန်ခေါ်မှု ဖြစ်နေသည်။   

သို့ဖြစ်၍ လက်နက်တပ်ဆင်ထားသော မြန်နှုန်းမြင့် ကြားဖြတ်ရေယာဉ်ငယ်များသည် ဘင်္ဂလားဒက်ရှ်နယ်ခြား စောင့်တပ်၏ စွမ်းရည်ကို များစွာမြှင့်တင်ပေးနိုင်လိမ့်မည်ဖြစ်သည်။

စိန့်မာတင်ကျွန်း၏ လုံခြုံရေးနှင့်ပတ်သက်၍လည်း  ယခု အဆင့်မြင့်နည်းပညာသုံး ကိရိယာများ တပ်ဆင် ထားသည့် ရေယာဉ်များငယ်များသည် ဘင်္ဂလားဒက်ရှ် နယ်စပ်ဒေသများ၌ BGB ၏ ကင်းလှည့်လှုပ်ရှားမှုများကို ပိုမို ထက်မြက်စေပြီး၊ နယ်စပ်ဒေသ ရေလမ်းကြောင်းများလုံခြုံရေးအတွက် ထိရောက်သောအခန်းကဏ္ဍမှ ပါ၀ င်လိမ့်မည်ဖြစ်ကြောင်း သတင်း၌ ဖော်ပြသည်။

(( Silver Craft ဆိုသည်မှာ Gulf Craft များဖြစ်မည်ဟု ယူဆရပြီး ဇိမ်ခံအပျော်စီးရွက်လှေများ ထုတ်လုပ်သည့် ယူအေအီးနိုင်ငံ ပုဂ္ဂလိကုမ္ပဏီမှ ထုတ်လုပ်ခြင်း ဖြစ်ပုံရသည်။ တိုက်ပွဲဝင်စွမ်းရည်နှင့်ပတ်သက်၍ လက်လှမ်း မီသမျှ မတွေ့ရပါသဖြင့် သိရှိသူများ ဖြည့်စွက်ဆွေးနွေးပါရန် မျှော်လင့်ပါသည်။   ။ သတင်းဘာသာပြန်သူ ))

https://www.dhakatribune.com/bangladesh/2020/06/03/bgb-introduces-new-high-speed-interceptor-vessels-equipped-with-weapons

https://en.prothomalo.com/bangladesh/bgb-gets-four-high-speed-interceptor-vessels

((( Dhaka Tribune., June 3, 2020, “ BGB introduces high-speed interceptor vessels. By: Arifur Rahman Rabbi ” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ် ဘာသာပြန် ဆိုသည်။ ))) #ဘင်္ဂလားဒက်ရှ်နယ်ခြားစောင့်တပ်နှင့်ခေတ်မီအဆင့်မြင့်နည်းပညာသုံးမြန်နှုန်းမြင့်ကြားဖြတ်ရေယာဉ်ငယ် #စိန့်မာတင်ကျွန်း

0

Leave a Reply

Your email address will not be published.