
ဘင်္ဂလားဒက်ရှ်နိုင်ငံတွင် ဒုက္ခသည်ဘင်္ဂါလီ( မူရင်းရိုဟင်ဂျာဟုဖော်ပြ ) များ ပြန့်နှံ့ချဲ့ထွင်မလာအောင် ၎င်းခိုလှုံရာတဲအိမ်များတည်ရှိသည့် စခန်းပတ်လည်၌ သံဆူးကြိုး ကာရံရန်စီစဉ်လျှက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီး အာဆဒူဂျာမမ်က ပြောဆိုသည်ဟု Russia Today ယနေ့ရေးသားသည်။
ဝန်ကြီးချုပ် ရှိတ်ဟာစီနာ၏ ညွှန်ကြားချက်အရ ယခုကဲ့သို့ စည်းရိုးကာရန်
စီစဉ်ခြင်းဖြစ်ကြောင်း၊ လွန်ခဲ့သည့် ၂-နှစ်ကမူ ဝန်ကြီးချုပ်အနေဖြင့်
အိမ်နီးချင်းမြန်မာနိုင်ငံတွင် စစ်ဖက်ဖြိုခွင်းမှုကြောင့် ထွက်ပြေးလာသည့်
သိန်းနှင့်ချီသော ဒုက္ခသည်ဘင်္ဂါလီများအတွက် နယ်ခြားတံခါးများ ဖွင့်ထားပေးရန်
အမိန့်ပေးခဲ့ဖူးသည်။ သို့သော် သံဆူးကြိုး ကာမည့် အစီအစဉ် စတင်သည့်အခါ
နယ်ခြားအနီးတည်ရှိသော ဒုက္ခသည်စခန်း ၃၀ ကျော်အားလုံး ကာရံခြင်းဟုတ်-မဟုတ်
ရှင်းလင်းစွာ မသိရပေ။
လွန်ခဲ့သည့်နှစ်တွင် ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင်က
မြန်မာစစ်ဖက်ထိပ်တန်းခေါင်းဆောင်များ အနေဖြင့် ရက်စက်ကြမ်းကြုတ်ရာရောက်သော
ဂျီနိုဆိုက်ခြင်း၊ စစ်ရာဇဝတ်မှုကျူးလွန်ခြင်း၊ လူသားမျိုးနွယ် အပေါ်
ရာဇဝတ်မှုကျူးလွန်ရာ၌ တာဝန်ရှိကြောင်း မှတ်ချက်ပြုခဲ့သည်။
မြန်မာအစိုးရက စွပ်စွဲချက်များ မှန်ကန်ခြင်းမရှိကြောင်း ပယ်ချထားသည်။

( စက်တင်ဘာ – ၂၇၊ ၂၀၁၉ ) ((( Russia Today., 26 Sep, 2019,” Bangladesh plans to install barbed-wire fences around Rohingya refugee camps – minister.” ကို #HtayOung, #OungMarine ဆီလျှော်အောင် ကောက်နှုတ် ဘာသာပြန်ဆိုသည်။ ))
https://www.rt.com/newsline/469689-bangladesh-fences-rohingya-camps/