၀န်ကြီးချုပ် ရှိတ်ဟာစီနာက စွမ်းအင်စက်ရုံ ၇ – ခု ကို မကြာမီဖွင့်လှစ်ပေးပြီး မြို့နယ် ၂၃ မြို့နယ်ရှိ လျှပ်စစ်သုံးစံနစ်ပြောင်း အထူးစီမံကိန်းများနှင့် တိုက်ရိုက်ဗွီဒီယိုကွန်ဖရင့်ပြုလုပ်မည်။

ဘင်္ဂလားဒက်ရှ်နိုင်ငံဝန်ကြီးချုပ် ရှိတ်ဟာစီနာသည် များမကြာမီ လျှပ်စစ်စွမ်းအင်စက်ရုံ ၇ – ခု ကို ဖွင့်လှစ်ပေးမည်ဖြစ်ပြီး မြို့နယ် ၂၃ မြို့နယ်ရှိ လျှပ်စစ်ဓါတ်အားသုံးစံနစ်ပြောင်း အထူးစီမံကိန်းများနှင့် တိုက်ရိုက်ဗွီဒီယိုကွန်ဖရင့်ပြုလုပ်မည်ဟု ဘင်္ဂလားအခြေစိုက် Dhaka Tribune က ယနေ့ရေးသားသည်။

နိုဝင်ဘာ ၁၃-ရက်နေ့ နံနက် ၁၀-နာရီတွင် ဖွင့်လှစ်ပေးမည့် စက်ရုံများတွင် ၈ မီဂါဝပ်ဆိုလာစွမ်းအင်စက်ရုံ အပါအဝင် ၅၄၊ ၁၀၀၊ ၁၀၅၊ ၁၁၀ ၊ ၁၁၃ ၊ ၃၀၀ မီဂါဝပ်တို့ အသီးသီးထုတ်လုပ်ပေးမည့် စက်ရုံများပါဝင်သည်။

ဝန်ကြီးချုပ်ရုံးခန်းမှ ရှိတ်ဟာစီနာနှင့် တိုက်ရိုက် ဗွီဒီယိုကွန်ဖရင့်ပြုလုပ်မည့် မြို့နယ် ၂၃-မြို့နယ်ရှိ လျှပ်စစ်ဓါတ်အားသုံးစံနစ်ပြောင်းစံနစ် အထူးစီမံကိန်းများမှာ ရာနှုန်းပြည့်တည်ဆောက်ပြီးစီးပြီဖြစ်ကြောင်း ဘင်္ဂလားဒက်ရှ် စွမ်းအင်ဖွံ့ဖြိုးရေး ဘုတ်အဖွဲ့ ( BPDB ) က ပြောဆိုသည်။

ဘင်္ဂလားဒက်ရှ်နိုင်ငံ၌ ၂၀၂၁-ခုနှစ်အမီ လျှပ်စစ်စွမ်းအင် ၂၄,၀၀၀ မီဂါဝပ် ထုတ်လုပ်နိုင်ရေးအတွက် ဆိုလာ၊ ရေနံ၊ သဘာဝဓါတ်ငွေ့၊ ရေအား၊ ကျောက်မီးသွေးနှင့် ညူကလီယာတို့မှ စွမ်းအင်ထုတ်ယူမည်ဖြစ်သည်။ နိုင်ငံ၏ ပထမဆုံး “ ရွတ်ပူး “ ညူကလီယာစွမ်းအင်သုံး ဓါတ်အားပေးစက်ရုံကို ၂၀၂၀ တွင် ဖွင့်လှစ်မည်ဖြစ်ပြီး မီဂါဝပ် ၂,၄၀၀ ဖြည့်ဆည်းပေးနိုင်သည်။

ယခု ရှေ့ပြေးစက်ရုံ ၇-ရုံကို ဖွင့်လှစ်မည်ဖြစ်ပြီး၊ ရာနှုန်းပြည့်တည်ဆောက်ပြီးစီးသည့် စက်ရုံ ၂၃-ရုံရှိနေသည်။

ဘင်္ဂလားဒက်ရှ်သည် အမေရိကန်ဒေါ်လာ ၁.၃ ဘီလျှံကုန်ကျမည့် ကျောက်မီးသွေးလောင်စာသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံများတည်ဆောက်ရန်အတွက် ချိုင်းနားဟွာဒီယန်ဟောင်ကောင်ကုမ္ပဏီ CHDHK နှင့် စာချုပ် ချုပ်ဆိုထားပြီး တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိကြောင်း powerengineeringint.com တွင် တွေ့ရှိရသည်။

(( လျှပ်စစ်ဓါတ်အား ထုတ်ယူရာတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များဖြစ်သော ဒီရေ၊ လေအားလျှပ်စစ်တို့သည် ကုန်ကျစရိတ်၊ နေရာ၊ ထုထည်ပမာဏနှင့် နည်းပညာအခက်အခဲရှိသည်။ ဆိုလာဆဲလ်များမှ ထုတ်ယူခြင်းသည် အလားတူဖြစ်သော်လည်း နည်းပညာဖွံ့ဖြိုးလျှက်ရှိပါသည်။ သို့သော် နေ့ဖက်တွင် အခက်အခဲမရှိသော်လည်း ညဖက်တွင်ပါ အသုံးပြုလိုလျှင် ဘက်ထရီများလိုအပ်ပြီး ထုတ်ယူရရှိမည့် ပမာဏနည်းပါးသည်။

အထက်ပါနည်းလမ်းတို့သည် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု့နည်းသော်လည်း လျှပ်စစ်ဓါတ်အား များများစားစား ထုတ်ယူနိုင်ခြင်း မရှိချေ။

ကျောက်မီးသွေးနှင့် ရေအားမှ ထုတ်ယူလျှင် စရိတ်သက်သာသော်လည်း သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကြီးမားသည်။ မျက်မှောက်ခေတ်နည်းပညာသည် သဘာဝပတ်ဝန်းကျင် မထိခိုက်ပဲ လျှပ်စစ်ဓါတ်အား ထုတ်ယူနိုင်ခြင်းမရှိသေးပါ။

သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှု့ကြောင့် မြန်မာနိုင်ငံတွင် ရေကြီး-ရေလျှံ-နှင့် ပုံမှန်မဟုတ်သော ရာသီဥတု ဖြစ်ပေါ်လျှက်ရှိရာ အလွန်စိတ်ဝင်စားဖွယ်ကောင်းသော မေးခွန်းများမှာ …

ကျောက်မီးသွေးသုံး စက်ရုံများ လုံးဝရပ်တန့်မည်။ နောက်ထပ်လည်း ခွင့်မပြုတော့ပါ

– ထိုအခါ ရေကြီး ရေလျှံနှင့် ပုံမှန်မဟုတ်သော ရာသီဥတုဖြစ်စဉ် ရပ်တန့်သွားနိုင်ခြင်း ရှိ-မရှိ။

– မြန်မာနိုင်ငံ ရာသီဥတု ပိုကောင်းလာနိုင် – မလာနိုင်

– အလွန်ဈေးကြီးပြီး စွန့်စားရသည့် ညူကလီယာဓါတ်အားပေးစက်ရုံကို အများသဘောတူနိုင်ခြင်း ရှိ-မရှိ

– ဂျာမနီကဲ့သို့ ချမ်းသာသော စက်မှု့ဖွံ့ဖြိုးပြီးနိုင်ငံကြီးများအပါအဝင် ဥရောပနိုင်ငံများ၏ လျှပ်စစ်ထုတ်ယူရာတွင် မှီခိုနေရသည့် အခြေခံမျိုးကို ကျွန်တော်တို့ဆီတွင် အများလက်ခံနိုင်ခြင်း ရှိ- မရှိ

ဟူ၍ ဖြစ်ပါသည်။

အားနာနာနှင့် ပြောရလျှင် ဘူမသိ- ကိုးမသိ ကျွန်တော်တို့ခမျာ မွေးစားသားများ နှပ်ကြောင်းပေးသည့် ဇာတ်ညွှန်းအတိုင်း ကပြ အသုံးတော်ခံနေမိပါပြီ။ ။ သတင်းဘာသာပြန်သူ ))

((( Dhaka Tribune., Nov. 9 2019, “ PM to open 7 power plants on Nov 13.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#ဘင်္ဂလားဒက်ရှ်စွမ်းအင်စက်ရုံများ

https://www.dhakatribune.com/bangladesh/2019/11/09/pm-to-open-7-power-plants-on-nov-13

https://www.powerengineeringint.com/2018/05/09/2bn-coal-fired-power-plant-set-for-bangladesh/

http://www.nwpgcl.org.bd/

https://tbsnews.net/bangladesh/coal-plants-will-be-catastrophe-bangladesh-says-new-study

https://en.prothomalo.com/bangladesh/news/145801/Ruppur-nuclear-power-plant-s-construction-set-to

https://www.thedailystar.net/law-our-rights/rights-advocacy/future-nuclear-energy-bangladesh-1405837

http://energynewsbd.com/details.php?id=1256

https://tbsnews.net/bangladesh/coal-plants-will-be-catastrophe-bangladesh-says-new-study

0

Leave a Reply

Your email address will not be published.