၀န်ကြီး ဦးရွှေသိန်းသည် ဘင်္ဂလားဒက်ရှ်၏ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခြင်းခံရသူ ပထမဆုံး အစိုးရအဖွဲ့ဝင်ဖြစ်လာ။

ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားလျှက်ရှိသော ဘင်္ဂလားဒက်ရှ်နိုင်ငံတွင် ဘီရ်ဗဟာဒူး ဦးရွှေသိန်း၌ Covid-19 ရောဂါပိုးကူးစက်လျှက်ရှိကြောင်း အတည်တွေ့ရှိရသဖြင့် ဘင်္ဂလားဒက်ရှ်၏ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခြင်းခံရသူ ပထမဆုံး အစိုးရအဖွဲ့ဝင်ဖြစ်လာသည်ဟု ဘင်္ဂလားအခြေစိုက် bdnews24 က ယနေ့ရေးသားသည်။

စစ်တကောင်းတောင်တန်း သို့မဟုတ် စစ်တကောင်းရေးရာဝန်ကြီးဖြစ်သူ ဦးရွှေသိန်းသည် ကော့ခ်ဘဇားဆေးဘက်ဆိုင်ရာကောလိပ်၏ စနေနေ့ စစ်ဆေးတွေ့ရှိခဲ့သော ဘန်ဒရာဗန်ဒေသ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်လျှက်ရှိသူ ၉-ဦးအနက် ၁-ဦးအပါအဝင်ဖြစ်ကြောင်း၊

ပိုမိုထိရောက်သော ဆေးဝါးကုသမှုခံယူရန်အတွက် ဝန်ကြီးအား တနင်္ဂနွေနေ့ ( ယနေ့ ) တွင် ဒါကာမြို့ရှိ စစ်ဘက်ဆိုင်ရာ ပူးတွဲဆေးရုံသို့ ပို့ဆောင်မည်ဟု မျှော်လင့်ရကြောင်း ဘန်ဒရာဗန် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ အောင်ရွှေဖြူျမရ က ပြောဆိုသည်။

စစ်တကောင်းခရိုင် ကျန်းမာရေးညွှန်ကြားရေးမှူးဖြစ်သူ မူစတာဖါခါလစ်က ပြောဆိုရာတွင် ဝန်ကြီးဦးရွှေသိန်း၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခြင်းခံရကြောင်း တွေ့ရှိသည့်သတင်းမှာ မှန်ကန်ကြောင်း အတည်ပြုသည်။

ဦးရွှေသိန်းသည် ၁၉၉၁-ခုနှစ်တွင် အဝါမီလိခ်ပါတီမှ ပါလီမန်အမတ်အဖြစ် ပထမဆုံးအကြိမ် ရွေးကောက်တင်မြှောက်ခြင်းခံရသည်။ ၁၉၉၇ ခုနှစ်တွင် စစ်တကောင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲ သဘောတူညီချက်၌ လက်မှတ်ရေးထိုးခြင်းမတိုင်မီ ကော်မတီဝင်တစ်ဦးလည်း ဖြစ်သည်။ ရမ်ဂါမတီ စစ်တကောင်းတောင်တန်းဒေသ ဖွံ့ဖြိုးရေးဘုတ်အဖွဲ့ ချယ်ယာမင်အဖြစ် သက်တမ်း ၂-ကြိမ် တာဝန်ထမ်းဆောင်ခဲ့သည်။

ဦးရွှေသိန်းသည် အဝါမီလိခ်ပါတီ ဗဟိုကော်မတီ၏ စည်းရုံးရေး အတွင်းရေးမှူးအဖြစ် ဆော်သြခဲ့သည်။ ဘန်ဒရာဗန်ဒေသအတွက် ၆-ကြိမ်တိုင်တိုင် ကိုယ်စားပြုဆောင်ရွက်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် စစ်တကောင်းရေးရာ ဝန်ကြီးဖြစ်လာခဲ့သည်။

၂၀၁၉ ခုနှစ်တွင် အဝါမီလိခ်ပါတီက ရွေးကောက်ပွဲ ထပ်မံအနိုင်ရရှိ၍ အစိုးရအဖွဲ့ ပြန်လည်ဖွဲ့စည်းသည့်အခါ ဝန်ကြီးချုပ် ရှိတ်ဟာစီနာက ဦးရွှေသိန်းအား အစိုးရအဖွဲ့ဝင်တွင် ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။

((( bdnews24., 07 Jun 2020, “ Bir Bahadur Ushwe Sing is first Bangladesh minister to catch COVID-19.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

# ဝန်ကြီးဦးရွှေသိန်းဘင်္ဂလားဒက်ရှ်၏ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခြင်းခံရသူပထမဆုံးအစိုးရအဖွဲ့ဝင်

https://bdnews24.com/bangladesh/2020/06/07/bir-bahadur-ushwe-sing-is-first-bangladesh-minister-to-catch-covid-19

0

Leave a Reply

Your email address will not be published.