၀န်ကြီး ဦးရွှေသိန်းအား ဘင်္ဂလားဒက်ရှ်လေတပ်မတော် အထူးရဟတ်ယာဉ်ဖြင့် ဒါကာ စစ်ဘက်ဆိုင်ရာဆေးရုံသို့ ပို့ဆောင်ရန် စီစဉ်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကူးစက်လျှက်ရှိကြောင်း အတည်ပြုခြင်း ခံရသူ ဝန်ကြီးဦးရွှေသိန်းအား ပိုမိုကောင်းမွန် ထိရောက်စွာ ဆေးဝါးကုသပေးနိုင်ရန်အတွက် ဘင်္ဂလားဒက်ရှ်လေတပ်မတော် အထူးရဟတ်ယာဉ်ဖြင့် ဒါကာမြို့သို့ ပို့ဆောင်ရန် စီစဉ်လျှက်ရှိကြောင်း ဘင်္ဂလားအခြေစိုက် bdnews24 က ယနေ့ရေးသားသည်။

ဘင်္ဂလားဒက်ရှ်တပ်မတော် ပြည်တွင်းလူထုဆက်ဆံရေးဋ္ဌာန ( ISPR ) ၏ သတင်းထုတ်ပြန်ချက်အရ အစိုးရအဖွဲ့ စစ်တကောင်းတောင်တန်းရေးရာဝန်ကြီးဖြစ်သူ ဘီရ်ဗဟာဒူး ဦးရွှေသိန်း ( ၆၀-နှစ် ) သည် ဘန်ဒရာဗန်ဒေသ ကိုရိုနာဗိုင်းရပ်စ်ကူးစက်လျှက်ရှိကြောင်း စမ်းသပ်တွေ့ရှိသူ ၉-ဦးအနက် တစ်ဦးအပါအဝင်ဖြစ်ကြောင်း၊ လွန်ခဲ့သောရက်အနည်းငယ်မှစ၍ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာခံစားရပြီး စစ်ဆေးစမ်းသပ်ရာမှ ဆီးချိုနှင့် Covid-19 ရောဂါပိုး ကူးစက်လျှက်ရှိသည်ကို တွေ့ရှိရကြောင်း ယခင် bdnews24 သတင်း၌ ဖော်ပြသည်။

#ကိုရိုနာဗိုင်းရပ်စ်ဘင်္ဂလားဒက်ရှ်စစ်တကောင်းတောင်တန်းရးရာဝန်ကြီးဦးရွှေသိန်း


((( bdnews24., 07 Jun 2020, “ COVID-19: Minister Bir Bahadur Ushwe Sing to be flown to Dhaka.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://bdnews24.com/bangladesh/2020/06/07/covid-19-minister-bir-bahadur-ushwe-sing-to-be-flown-to-dhaka

0

Leave a Reply

Your email address will not be published.