နိုင်ငံရေးအကျိုးဆက်ဖြစ်ပေါ်လာမည်ကို သမ္မတဒေါ်နယ်ထရမ့်က တာဝန်မဲ့စွာလုပ်ဆောင်ခဲ့မှုအပေါ် ဖွဲ့စည်း ပုံဥပဒေအရ ရှေ့ဆက်ဆောင်ရွက်မည်ဖြစ်ပြီး လွှတ်တော်နှစ်ရပ်၌ ဒီမိုကရက်တစ်တို့ လွှမ်းမိုးနိုင်မှုကို ဆုံးရှုံးသည်တိုင် စိုးရိမ်ပူပန်မှု မရှိကြောင်း အောက်လွှတ်တော်ဥက္ကဋ္ဌ ဒီမိုကရက်တစ် နန်စီပလိုဆီက နိုင်ငံရေးသမားနှင့် သတင်းမီဒီယာတို့အား ပြောကြားသည်ဟု USA Today က ယနေ့ရေးသားသည်။
နိုင်ငံရေးအကျိုးဆက်ဖြစ်ပေါ်လာမည်ကို သမ္မတဒေါ်နယ်ထရမ့်က တာဝန်မဲ့စွာလုပ်ဆောင်ခဲ့မှုအပေါ် ဖွဲ့စည်း ပုံဥပဒေအရ ရှေ့ဆက်ဆောင်ရွက်မည်ဖြစ်ပြီး လွှတ်တော်နှစ်ရပ်၌ ဒီမိုကရက်တစ်တို့ လွှမ်းမိုးနိုင်မှုကို ဆုံးရှုံးသည်တိုင် စိုးရိမ်ပူပန်မှု မရှိကြောင်း အောက်လွှတ်တော်ဥက္ကဋ္ဌ ဒီမိုကရက်တစ် နန်စီပလိုဆီက နိုင်ငံရေးသမားနှင့် သတင်းမီဒီယာတို့အား ပြောကြားသည်ဟု USA Today က ယနေ့ရေးသားသည်။
လွန်ခဲ့သည့် ဇူလိုင် ၂၅-ရက်နေ့တွင် ယူကရိန်းသမ္မတ ဗိုလိုဒီမြာဇီလန်းစကီးနှင့်
ဒေါ်နယ်ထရမ့်တို့ တယ်လီဖုန်းဆက်သွယ်စဉ် အကြောင်းအရာများ၊ ရူးဒေါ့ဂျူလီယာနီနှင့်
ပတ်သက်၍ ပြောဆိုခဲ့သည့် အချက်အလက်များအတွက် အောက်လွှတ်တော်၌ လာရောက် သတင်းပေးရန်
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအား ဆင့်ခေါ်စာပေးပို့ခဲ့သည်။ သို့သော် ထရမ့်၏
အစိုးရအဖွဲ့က တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်းမရှိသည့်အတွက် အောက်လွှတ်တော်
ဒီမိုကရက်တစ်တို့က တရားရုံး၌ စွဲဆိုထားသည်ဆို၏။
ဇီလန်းစကီးနှင့် တယ်လီဖုန်းဆက်သွယ်ခဲ့စဉ် ယူကရိန်းအား ပေးအပ်ရန်ရှိသည့်
အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကို ဆိုင်းငံ့ထားရန် အိမ်ဖြူတော်က
ဆုံးဖြတ်ပြီးဖြစ်ကြောင်းပါရှိသည်။ ထိုသတင်းကို မီဒီယာတို့က အနံ့ရသွားပြီး ဖွကြရာမှ
အောက်လွှတ်တော်ဒီမိုကရက်တစ်တို့က နိုင်ငံရေးစွပ်စွဲပြစ်တင်ပွဲ
စတင်ခဲ့ခြင်းဖြစ်သည်။
ယူကရိန်းတွင် စီးပွား ရေးလုပ်ငန်းလုပ်ကိုင်သည့် သားဖြစ်သူအား အကျင့်ပျက်ခြ
စားမှုဖြင့် တရားစွဲဆိုသော ထိပ်တန်းဥပဒေအကျိုးဆောင်အရာရှိတို့ကို
ရာထူးမှဖယ်ရှားရန် ဒုတိယသမ္မတဟောင်း ဂျိုးဘိုင်ဒင်က ဖိအားပေးခဲ့သည်ဆို၏။
သမ္မတဒေါ်နယ်ထရမ့်၏ ကိုယ်ရေးရှေ့နေဖြစ်သူ ရူးဒေါ့ဂျူလီယာနီ ( ၇၆-နှစ် ) သည်
ဂျိုးဘိုင်ဒင်ပါဝင်ပတ်သက်မှုကို စုံစမ်းစစ်ဆေးရန် ယူကရိန်းအာဏာပိုင်များအား
လပေါင်းများစွာကြာအောင် ချဉ်းကပ်ခဲ့သည်။ သမ္မတထရမ့်ကိုယ်တိုင်ကလည်း
ယူကရိန်းအနေဖြင့် ရူးဒေါ့ဂျူလီယာနီနှင့် ပူးပေါင်းဆောင်ရွက်ရန် သမ္မတ၏သြဇာအရှိန်အဝါ
သုံးခဲ့ကြောင်း မီဒီယာများက စွပ်စွဲဖော်ပြကြသည်။
ယူကရိန်းဆိုင်ရာ အမေရိကန်အထူးသံတမန် ကတ်ဘိုလ်ကာနှင့်
ဥရောပသမဂ္ဂဆိုင်ရာအမေရိကန်သံအမတ် ဂေါ်ဒွန်ဆောင်းလန်ဒ်တို့မှာ ရူးဒေါ့ဂျူလီယာနီနှင့်
ယူကရိန်းသမ္မတဇီလန်စကီးတို့တွေ့ဆုံနိုင်အောင် ကြားဝင်တိုက်တွန်းခဲ့ကြောင်း
သိရှိရသည်။
ရူးဒေါ့ဂျူလီယာနီနှင့် ယူကရိန်းသမ္မတ၏အကြံပေးပုဂ္ဂိုလ်တို့ တွေ့ဆုံရန် စီစဉ်ခဲ့ခြင်းမှာ
မှန်ကန်ကြောင်း နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပေယိုက ဝန်ခံသည်။ နှစ်နိုင်ငံ
ဆက်ဆံရေးခိုင်မြဲစေရန်နှင့် ယူကရိန်း၏ အကျင့်ပျက်ခြစားမှု အဆုံးသတ်ရေးတွင်
အမေရိကန်နိုင်ငံခြားရေးဌာနက ရူးဒေါ့ဂျူလီယာနီအား စေလွှတ်ခြင်းဖြစ်ကြောင်း
ချေပပြောဆိုသည်။
ဂျိုးဘိုင်ဒင် ( ဂျိုးဇက်ရော်ဘင်နက်ဘိုင်ဒင်ဂျူနီယာ Joseph Robinette Biden Jr. )
( ၇၆ -နှစ် ) သည် ၂၀၀၉-ခုနှစ်မှ ၂၀၁၇-ခုနှစ်အထိ အမေရိကန်ပြည်ထောင်စု၏ ၄၇
ကြိမ်မြောက် ဒုတိယသမ္မတတာဝန်ထမ်း ဆောင်ခဲ့ သည်။ လက်ရှိအထက်လွှတ်တော်ဥက္ကဋ္ဌ
ဒီမိုကရက်တစ်ပါတီဝင်တစ်ဦးဖြစ်သူ ဘိုင်ဒင်သည် ၂၀၂၀ ခုနှစ်
အမေရိကန်ရွေးကောက်ပွဲတွင် သမ္မတရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
အမေရိကန်တွင် သမ္မတနစ်ဆင်လက်ထက် ၁၉၇၂ – ၁၉၇၄ ခုနှစ်၌ ဝါးတားဂိတ်အရပ်ရှိ
ဒီမိုကရက်တစ်ပါတီ နေရှင်နယ်ကော်မတီရုံးချုပ်အား ရီပတ်ဘလစ်ကတင်ဘက်တော်သား
၅-ဦးတို့က ဝင်ရောက်ဖောက်ထွင်းမှုများ ဖြစ်ပွားခဲ့ဖူးသည်။
အမေရိကန်နိုင်ငံရေးသမိုင်းတွင် ဟိုးလေးတကြော်ဖြစ်ရသော ဝါးတားဂိတ်အရှုတ်တော်ပုံတွင်
သမ္မတနစ်ဆင်ကိုယ်တိုင် တာဝန်မကင်းကြောင်း ပေါ်ပေါက်သဖြင့် ရာထူးမှ
နှုတ်ထွက်လိုက်ရသည်။
ယခု ယူကရိန်းအရှုတ်အထွေးတွင် ဒေါ်နယ်ထရမ့်သည် ပြိုင်ဖက်နိုင်ငံရေးပါတီအား ထိုးနှက်ရန် ပြည်ပနိုင်ငံ တစ်နိုင်အား အမေရိကန်သမ္မတ၏ အခွင့်အာဏာသုံးစွဲရာရောက်သဖြင့် ဝါးတားဂိတ်နှင့် အလားတူနိုင်ငံရေး မသမာမှု့အဖြစ် ဒီမိုကရက်တစ်တို့က တရားစွဲဆိုရန် ပြင်ဆင်ခြင်းဖြစ်သည်။
(( စက်တင်ဘာ – ၂၉၊ ၂၀၁၉ )) ( USA Today., Sep 28, 2019, “‘It doesn’t matter’: Pelosi not concerned if Democrats lose majority over impeachment.” #HtayOung, #OungMarine ကို ဆီလျှော်အောင် ကောက်နှုတ်ကိုးကားသည်။ဖြည့်စွက်ချက်များမှာ ဖော်ပြပါ Links များအတိုင်းဖြစ်သည်။ ))
https://www.usatoday.com/story/news/politics/2019/09/28/nancy-pelosi-says-partisan-concerns-not-part-impeachment-process/3810385002/
https://www.rt.com/news/469620-trump-zelensky-presser-call/
https://www.rt.com/news/469618-trump-zelensky-transcript-explained-investigation/
https://www.rt.com/news/469608-zelensky-trump-biden-impeachment/
https://www.rt.com/newsline/469759-ukrainian-investigators-biden-son/
https://abcnews.go.com/Politics/pelosi-heartbroken-prayerful-dems-move-forward-impeachment-inquiry/story?id=65931464
https://abcnews.go.com/Politics/democrats-issue-subpoena-pompeos-ukraine-documents/story?id=65912440
https://www.vox.com/policy-and-politics/2019/9/28/20888585/rudy-giuliani-cancels-paid-appearance-pro-russia-conference-ukraine-impeachment-inquiry