ဝီဂါမွတ်စလင်တို့အပေါ် တရုတ်က ဂျီနိုဆိုက် ကျုးလွန်ကြောင်း တိုင်ကြားချက် ICC ဆွဲချရှေ့နေရုံးက လက်မခံ။ တရုတ်သည် ICC အဖွဲဝင်မဟုတ်-အဖွဲ့ဝင်ဖြစ်သော တာဂျစ်ကစ္စတန်နှင့် ကမ္ဘောဒီးယားက ဝီဂါများအား တရုတ်သို့ အတင်းအကြပ်ပြန်ပို့နေသည်ဆိုခြင်းမှာလည်း အရေးယူရမည့် အခြေခံများ မဟုတ်ဟု ဆို

တရုတ်က ၎င်း၏ ရှင်းကျန့်ပြည်နယ်ရှိ ဝီဂါမွတ်စလင်လူနည်းစုတို့အပေါ် ထိုးနှက်ခြင်းဖြင့် Genocide “ လူမျိုးသုဉ်းစေခြင်း “၊ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်လျှက်ရှိသဖြင့် စုံစမ်းစစ်ဆေးပေးပါရန် ပြည်ပြေးဝီဂါ တစ်စုတို့၏ လျှောက်ထားချက်ကို နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) ( ဆွဲချ ) တရားစွဲဥပဒေအရာရှိရုံးက ပယ်ချလိုက်ကြောင်း၊ တရုတ်နိုင်ငံသည် သည်ဟ်တ်ဂ်အခြေစိုက် နိုင်ငံတကာရာဇဝတ်တရားရုံး ထူထောင်ကြောင်း သဘောတူညီချက်တွင် လက်မှတ်ရေးထိုးထားသည့် နိုင်ငံမဟုတ်၍ ဖြစ်ကြောင်း တရားစွဲအရာရှိ #ဖက်တိုဘင်ဆူဒါက ပြောဆိုသည်ဟု Al Jazeera က ယနေ့ရေးသားသည်။

..

..

ဇူလိုင်လတွင် ICC သို့ ပြည်ပြေး #ဝီဂါတို့ တင်သွင်းသည့် တိုင်ကြားစာတွင် တရုတ်သည် ဝီဂါများနှင့် အခြားသောမွတ်စလင်လူနည်းစု တစ်သန်းကျော်ကို သဘောတရားရေးရာ ပြန်လည်သင်ကြားရေး စခန်းများတွင် ပိတ်လှောင်ထားကြောင်း၊ အမျိုးသမီးများကို အတင်းအကြပ် “ #သားကြောဖြတ် “ လျှက်ရှိ ကြောင်း စွဲစွပ်ချက်သက်သေ အထောက်အထား အမြောက်အများ ပါရှိသည်ဆို၏။

..
..

သို့သော်လည်း စွပ်စွဲချက်ပါပြုလုပ်မှုများသည် ICC သဘောတူညီချက်တွင် လက်မှတ်ရေးထိုးထားခြင်း မရှိသည့် တရုတ်နိုင်ငံ၏ ပိုင်နက်နယ်မြေအတွင်း၌ ဖြစ်ပွားခဲ့ကြောင်း တွေ့ရှိရသဖြင့် ICC အနေဖြင့် အရေးယူရန် မဖြစ်နိုင်ကြောင်း၊ ICC ၏ တရားစီရင်ပိုင်ခွင့်အတိုင်းအတာတွင် ယခုစွပ်စွဲချက်ပါ ရာဇဝတ်မှုအကြောင်းအရာအများစုအတွက် ကိုင်တွယ်နိုင်ဟန် မရှိကြောင်း၊ ထို့အပြင် တာဂျစ်ကစ္စတန်နှင့် ကမ္ဘောဒီးယားနိုင်ငံများမှ ဝီဂါတို့အား တရုတ်နိုင်ငံသို့ အတင်းအကြပ်ပြန်ပို့ခြင်းနှင့် ပတ်သက်၍ သီးခြားတောင်းဆိုမှုများမှာလည်း “ ယခုအချိန်တွင် အရေးယူဆောင်ရွက်ရမည့် အခြေခံများမဟုတ်ကြောင်း၊

..

..

တရုတ်မြေပေါ်တွင် ပြည်နှင်ဒဏ်ပေးခြင်း မရှိခဲ့ဟု ဖော်ပြလျှက် ICC အဖွဲ့ဝင်များဖြစ်သည့် တာဂျစ်နှင့်ကမ္ဘောဒီးယားနယ်မြေတွင် ဖြစ်ပွားခဲ့သည်ဆိုခြင်းကြောင့် အဆိုပါနေရာများတွင် ICC က အရေးယူဆောင်ရွက်နိုင်သည်ဟု ပြည်ပရောက် ဝီဂါတို့၏ စွပ်စွဲချက်များတွင် ဖော်ပြထားသည်ကို တွေ့ရှိရကြောင်း၊ ယခုအခါ အချက်အလက်အသစ်များ သို့မဟုတ် သက်သေအထောက်အထားများအရ တရားရုံးတော်က ပြန်လည်စဉ်းစားရန် ဝီဂါတို့၏ ရှေ့နေများက တောင်းဆိုခဲ့ကြောင်း ဖက်တိုဘင်ဆူဒါ၏ တရားစွဲအရာရှိရုံး သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

..

..

တရုတ်နိုင်ငံကမူ ဝီဂါမွတ်စလင်တို့နှင့် ပတ်သက်သည့် စွပ်စွဲချက်များမှာ အခြေအမြစ်မရှိဟု ပြောကြားခဲ့ပြီး ရှင်းကျန့်ဒေသအနောက်မြောက်ပိုင်းရှိ အဆောက်အုံများမှာ တင်းကြပ်သောအမြင်များကို ရှောင်ရှားရေး ထိန်းကျောင်းရန် အလုပ်အကိုင်လေ့ကျင့်ရေးစင်တာများသာ ဖြစ်ကြောင်း ချေပသည်။

..

..

သတင်းများနှင့် သက်သေထွက်ဆိုချက်များအရ ရှင်းကျန့်ပြည်နယ်ရှိ ကွဲပြားခြားနားသောအဆောက်အဦးများတွင် ဝီဂါလူမျိုးတစ်သန်းကျော်တို့မှာ ၎င်းတို့၏ ဆန္ဒသဘောအလျောက်မဟုတ်ပဲ ထိန်သိမ်းခြင်း ခံရဖွယ်ရှိသည်။ ဆန့်ကျင်ကန့်ကွက်လျှက်ရှိသည့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများနှင့် ရှင်းကျန့်စခန်းများတွင် ယခင်ထိန်းသိမ်းခြင်း ခံခဲ့ရဖူးသူများက ၎င်းအဆောက်အအုံတို့အား “ ချွေးတပ်စခန်းများ” အဖြစ်ရည်ညွှန်းကြသည်။

..

..

ICC ၏ တရားစွဲအရာရှိထံ တင်သွင်းလာသော ဦးတိုက်လျှောက်ထားချက်တိုင်းအပေါ် အမှုလက်ခံ- စဉ်းစားပေးရန် ဝတ္တရားမရှိချေ။ ထို့ပြင် ထိုတရားစွဲအရာရှိသည် မည်သည့်အမှုများကို တရားသူကြီးထံ ဦးတိုက်လျှောက်ထားမည်ဟူ၍ မိမိသဘောဖြင့် ဆုံးဖြတ်နိုင်သည်။ ကမ္ဘာတစ်လွှား အဆိုးရွားဆုံး ရာဇဝတ်မှုများအတွက် တရားမျှတမှုရှာဖွေရန် ICC ကို ၂၀၀၂ ခုနှစ်တွင် တည်ထောင်ခဲ့သည်

..

..

((( ကျွန်တော်သည် နှစ်နှစ်ကျော် ကာလအတွင်း မြန်မာနိုင်ငံနှင့် ပတ်သက် ICC, ICJ သတင်းများကို ဘာသာပြန်တင်ပြခဲ့သည်မှာ ပုဒ်ရေ အတော်များများ ရှိခဲ့ပြီဖြစ်သည်။ ICC သည် ကျွန်တော်တို့ဆီက ရာဇဝတ်တရားရုံး များနှင့် သဘောချင်းတူပြီး ICC ထူထောင်ကြောင်း ရောမသဘောတူညီချက်၌ လက်မှတ်ရေးထိုးသည့် နိုင်ငံများ အား စီရင်နိုင်သည်။

..

..

ICJ ကမု ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် ပတ်သက်ပြီး နိုင်ငံအချင်းချင်းအကြား အပြည်ပြည်ဆိုင်ရာ စာချုပ်-စာတန်းများဆိုင်ရာအငြင်းအခုန် ဖြစ်ပွားရာတွင် ကြားနာစစ်ဆေးသည်။ ဒဏ်ငွေပေးဆောင်စေရန် ဆုံးဖြတ်လေ့ရှိ၍ ကျွန်တော်တို့ဆီက “ #တရားမရုံး “ များနှင့် ခပ်ဆင်ဆင်ဖြစ်သည်။

..

..

ယခု #ICC,ICJ၌ #တရားစွဲဆိုမှုများသည် #မြန်မာနိုင်ငံတော်အား #တရားစွဲဆိုခြင်းသာဖြစ်ပြီး #တပ်မတော် #တစ်ခုတည်းသက်သက်_လုံးဝမဟုတ်ပါ၊ တပ်မတော်သာမက #နိုင်ငံအုပ်ချုပ်ရေးတွင် #တာဝန်ရှိသော #အစိုးရအဖွဲ့နှင့် #ခေါင်းဆောင်များအားကိုလည်း ဦးတပ် တရားစွဲခြင်းဖြစ်ပါသည်။ ထို့ကြောင့် ပြစ်မှုထင်ရှားသည်ဟု ICC က ဆုံးဖြတ်ခဲ့လျှင် အစိုးရနှင့် တပ်မတော်ခေါင်းဆောင်များ အရေးယူခံရဖွယ်ရှိသည်။

..

..

ထင်ရှားသည့် အထောက်အထားမှာ လွန်ခဲ့သည့် ICJ ကြားနာမှုတွင် ဂမ်ဘီယာရှေ့နေက တစ်ဖက်ခုံတန်းတွင် ထိုင်နေသာ ဒေါ်အောင်ဆန်းစုကြည်အား မေးကလေး ငေါ့ကာ ငေါ့ကာ #တာဝန်ှ်ရှိပြီး #တာဝန်ပျက်ကွက်သူအဖြစ် #စွပ်စွဲခြင်းပင်ဖြစ်ကြောင်း တွှေရှိနိုင်သည်။

..

..

မြန်မာသည် ICC အဖွဲ့ဝင် မဟုတ်ပါ။ သို့သော် ဒုက္ခသည်ဘင်္ဂါလီများ ( မူရင်း ရိုဟင်ဂျာဟုဖော်ပြ ) တို့ကို အဖွဲ့ဝင်ဖြစ်သော ဘင်္ဂလားဒေ့ရှ်နိုငံအတွင်းသို့ နယ်စပ်ဖြတ်ကျော်ကာ အလုံးအရင်းဖြင့် အတင်းအဓမ္မထွက်ပြေးစေခြင်းဖြင့် ဂျီနိုဆိုက် “ လူမျိုးသုဉ်းပြု “ ရာရောက်သဖြင့် ICC ၏ ဆုံးဖြတ်ပိုင်ခွင့်အတွင်း ကျရောက်သည်ဟု ဆွဲစပ်ကောက်ချက်ချကာ အမှု့ဖွင့်ခဲ့ခြင်းဖြစ်သည်။

..
..

ရှင်းကျန့်ပြည်နယ် ထိန်းသိမ်းရေးစခန်းများ၌ လူတစ်သန်းကျော် ထိန်းသိမ်းထားသည်ဟု စွပ်စွဲခြင်းခံရသော တရုတ်သည်လည်း မြန်မာနည်းတူ ICC အဖွဲ့ဝင်မဟုတ်ပါ။ သို့သော် ဝီဂါများအား ပြန်ပို့နေသည်ဆိုသော တာဂျစ်ကစ္စတန်နှင့် ကမ္ဘောဒီယားမှာ အဖွဲ့ဝင်များဖြစ်ကြ၍ မြန်မာ- ဘင်္ဂလားဒေ့ရှ်နှင့် အမှု့သဘာ၀ သဘောချင်းတူသည်။

..

..

သို့သော် တရုတ်မှာ အဖွဲ့ဝင်မဟုတ်၍ စုံစမ်းစစ်ဆေးခြင်း မပြုနိုင် ICC က ပျယ်ချသည့်အတွက် အလွန်အံ့ကြမိပါသည်။ ICC တင်ရန် UNSC တွင် တရုတ်မှာ ဗီတိုပိုင်ရှင်ဖြစ်နေ၍ လျှောချသလားထင်ရသည်။

..

..

ထို့ပြင် ကျွန်တော်တို့နိုင်ငံ၏ #၁၉၈၂-ခုနှစ်နိုင်ငံသားဥပဒေအား #နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ #ပြင်ဆင်ပယ်ဖျက်ရန် ပြောဆိုသံများ ကြားနေရပါသည်။ #ဥပဒေပြဋ္ဌာန်း၍ #တိုင်းရင်းသားသတ်မှတ်ရမည်ဟုလည်း ပြောဆိုနေကြပါသည်။

..

..

အမှန်စင်စင် ကမ္ဘာနိုင်ငံတိုင်းလိုလိုတွင် #သီးခြားအမျိုးသားရေး #စရိုက်လက္ခဏာများ ရှိကြပါသည်။ #တိုင်းရင်းသားဖြစ်သည်ဆိုခြင်းမှာ #အဆိုပါနိုင်ငံ၏သမိုင်းကြောင်း၊ပထဝီအနေအထား၊ယဉ်ကျေးမှုဓလေ့ထုံးစံများနှင့် လုံးဝသက်ဆိုင်သည်။

..

..

#နိုင်ငံတစ်နိုင်ငံအတိတ်သမိုင်းနှင့်ယဉ်ကျေးမှုကိုမည်သို့ပြင်ဆင်ရမည်ဟု ဆုံးဖြတ်အမိန့်ပေးနိုင်ရန် ICC, ICJ နှင့် နိုင်ငံတကာ အမြင့်ဆုံးအလုပ်အကောင်အထည်ဖော်ရာ #ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ပင်အခွင့်အာဏာလုံးဝမရှိပါ။ ။ သတင်းဘာသာပြန်သူ

..

#ဝီဂါတို့အပေါ်တရုတ်ကဂျီနိုဆိုက်ကြောင်းလျှောက်ထားချက်ICCပယ်ချ

((( Al Jazeera., 15 Dec 2020,” ICC prosecutor rejects Uighur genocide complaint against China.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသပြန်ဆိုသည်။ )))

..

https://www.aljazeera.com/news/2020/12/15/icc-rejects-uighur-genocide-complaint-against-china

https://www.france24.com/en/live-news/20201214-icc-rejects-uighur-genocide-complaint-against-china

Leave a Reply

Your email address will not be published.