၁၂-အရွယ် ဒုက္ခသည်ဘင်္ဂါလီမိန်းကလေးအား ဘင်္ဂလားဒက်ရှ်စစ်သားများက အဓမ္မပြုကျင့်ကြောင်း စွပ်စွဲခံရ။ တားဆီးကန့်သတ်မှုအမျိုးမျိုးဖြင့် ဒုက္ခသည်များ ဘဝနေရေး အခက်တွေ့

မိမိတို့စစ်သားများက ဒုက္ခသည်စခန်းတွင် ခိုလှုံနေထိုင်သော အသက် ၁၂-နှစ်အရွယ် ဒုက္ခသည် ဘင်္ဂါလီမိန်းကလေး ( မူရင်း ရိုဟင်ဂျာဟုဖော်ပြ ) ကို အဓမ္မပြုကျင့်ကြောင်း စွပ်စွဲသဖြင့် စုံစမ်းစစ်ဆေးရန် အမိန့်ပေးထားကြောင်း ဘင်္ဂလားစစ်ဖက်က အောက်တိုဘာ ၃-ရက်နေ့တွင် ပြောဆိုသည်ဟု Channel News Asia က ယမန်နေ့ရေးသားသည်။ 


မြန်မာနိုင်ငံအတွင်း စစ်ဆင်တိုက်ခိုက်မှုကြောင့် ထွက်ပြေးခဲ့ရသော ဒုက္ခသည်ဘင်္ဂါလီတို့သည် ဘင်္ဂလားဒက်ရှ်နိုင်ငံစခန်းများတွင် ခိုလှုံလျှက်ရှိသည်။ ၂-နှစ်ကျော် လူတစ်သန်းခန့် စုပြုံနေထိုင်ခဲ့ရသူတို့အနေဖြင့် ဒုက္ခကြီးစွာ တိုးပွားရင်ဆိုင်နေရစဉ် ယခုစုံစမ်းစစ်ဆေးမှု ထွက်ပေါ်လာခြင်းဖြစ်သည်။ 


တနင်္ဂနွေနေ့ညနေပိုင်းတွင် နယ်စပ်အနီးရှိ နယာပါရာ ဒုက္ခသည်စခန်းအတွင်းသို့ အစောင့်စစ်သား ၃-ဦးဝင်ရောက်လာပြီးနောက် ညီမဖြစ်သူအား လိင်စော်ကားမှုပြုလုပ်ကြောင်း၊ ၎င်းတို့အနက်တစ်ဦးက မိန်းကလေးအား ပါးစပ်ပိတ်ကာ အဓမ္မပြုကျင့်ကြောင်း အကိုဖြစ်သူ မိုဟာမက်အိုစမာက AFP အား ပြောဆိုသည်။ 


ထိုအတွက် ခုံရုံးဖွဲ့ထားပြီး စုံစမ်းစစ်ဆေးလျှက်ရှိရာ အဓမ္မပြုကျင့်ကြောင်း ထင်ရှားပါက စံနမူပြအဖြစ် ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း ဘင်္ဂလားဒက်ရှ် တပ်မတော်ပြောရေးဆိုခွင့်ရှိသူက ဖြေဆိုသည်။ 


ကျူးလွန်ခံရသူ မိန်းကလေးအား ဆေးစစ်ချက်ရယူခဲ့ကြောင်း ကော့ခ်ဘဇားဗဟိုဆေးရုံကြီး၏ တာဝန်ခံဆရာဝန်က ပြောဆိုသော်လည်း တရားရုံးတွင် စွဲတင်ထားသောမှုခင်းဖြစ်၍ ဆေးစစ်အဖြေကို ပြောရန်ငြင်းဆိုသည်။ 


အဓမ္မပြုကျင့်ခံရသည့်သတင်းကို မိမိတို့သတိထားစောင့်ကြည့်နေပြီး ဆေးဝါးနှင့် ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ ဆောင်ရွက်ခွင့်ရှိသော အကူအညီများ လိုအပ်သလိုကူညီပေးအပ်မည်ဟု ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်ကြီးရုံး ( UNHCR ) က ကြေညာချက်ထုတ်ပြန်သည်။

  
ယခုရက်သတ္တပတ်များအတွင်း မိုဘိုင်းအင်တာနက်လိုင်းတားဆီးခြင်း၊ SIM Cards နှင့် မိုဘိုင်းဖုန်းများ သိမ်းယူခြင်း၊ တရားမဝင် နိုင်ငံသားကတ်ပြား ရယူကိုင်ဆောင်ခြင်းအတွက် လူရာချီတရားစွဲဆိုခြင်းစသည်ဖြင့် ဒုက္ခသည်ဘင်္ဂါလီတို့အပေါ် ဘင်္ဂလားဒက်ရှ်အစိုးရ၏ တားဆီးပိတ်ပင်အမျိုးမျိး ပြဋ္ဌာန်းမှုကြောင့် ဒုက္ခသည်တို့ ဘဝနေရေးတွင် အခက်အခဲများဖြစ်ပေါ်လျှက်ရှိရာ ကုလသမဂ္ဂကျွမ်းကျင်သူများက အလွန်အမင်းစိုးရိမ်ပူပန်ကြောင်း ပြောဆိုသည်။

  

မိန်းလမ်းမကြီးပေါ်တွင် စစ်ဆေးရေးဂိတ်များ ချထားပြီး ဘင်္ဂလားဒက်ရှ်နိုင်ငံအတွင်း အခြားနေရာသို့ သွားရောက်လိုသူ ဒုက္ခသည်ဘင်္ဂါလီများအား တားဆီး မောင်းထုတ်လျှက်ရှိသည်။ 

အာရှဒေသအတွင်းနိုင်ငံများတွင် အခြားဒုက္ခသည်ဘင်္ဂါလီများမှာလည်း ရာနှင့်ချီ၍ ထိန်းသိမ်းခံရခြင်း စခန်းသို့ ပို့ဆောင်ခြင်းများ ပြုလုပ်ခံနေရသည်။ 
ဒေသခံနိုင်ငံရေးသမားအသတ်ခံရမှု၊ မူးယစ်ဆေး မှောင်ခိုကုန်မှုတို့တွင် ဒုက္ခသည်ဘင်္ဂါလီများ ပါဝင်ပတ်သက်ကြောင်း အပြစ်တင်လျှက်ရှိကြပြီး၊ လုံခြုံရေးအခြေအနေလိုအပ်ချက်ကြောင့် အင်တာနက်သုံးစွဲမှုတားဆီးရခြင်းဖြစ်ကြောင်း ဘင်္ဂလားဒက်ရှ်အာဏာပိုင်များက ပြောဆိုသည်။


လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း အာဏာရအဝါမီလိခ်ပါတီ၏ ဒေသခံနိုင်ငံရေးသမား အသတ်ခံရမှု၌ ဒုက္ခသည်ဘင်္ဂါလီတစ်ဒါဇင်ကျော်အား စွပ်စွဲထားပြီး၊ အချို့မှာ လုံခြုံရေးတပ်များ၏ သေနတ်နှင့် ပစ်သတ်ဖမ်းဆီးခံခဲ့ရသည်။ 

  
ကြာသပတေးနေ့၌လည်း နယ်မြေအတွင်း သင်္ဘောလွန်းကျင်းတစ်ခုတွင် တရားမဝင်အလုပ်လုပ်မှုဖြင့် ဒုက္ခသည်ဘင်္ဂါလီ ၄၅ ဦးကို ရှာဖွေဖမ်းဆီးခဲ့ကြောင်း အာဏာပိုင်များက ပြောဆိုသည်။ 

  
အာဏာပိုင်များ၏ လုပ်ရပ်မှာ ဒုက္ခသည်ဘင်္ဂါလီတို့အား ထောင်ဒါဏ် ၅-နှစ် အပြစ်ပေးနိုင်သော ပုဒ်မဖြင့် ပထမဆုံးအကြိမ် ရှာဖွေဖမ်းဆီးခြင်းဖြစ်ကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူများက ပြောဆိုသည်။ 


((( Channel New Asia., 3 Oct 2019, “Bangladesh troops accused of raping Rohingya girl.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 

( အောက်တိုဘာ – ၀၄၊ ၂၀၁၉ ) (( သြဂုတ်လ ၂၂-ရက်နေ့ ဒုတိယအကြိမ် နေရပ်ပြန်ရေးအစီစဉ် ပျက်ပြားသွားသည့် အခိုက်အတန့်တွင် ဒုက္ခသည်စခန်းများအတွင်း အကြမ်းဖက်ဆက်နွယ်မှု၊ NGO များ၊ ကုလအကူအညီပေးရေးအေဂျင်စီနှင့် ဘင်္ဂလားဒက်အစိုးရတို့အကြား ထူးခြားချက်များစွာဖြစ်ပေါ်ခဲ့သည်။ 


လက်လှမ်းမီသမျှ ဖြစ်စဉ်အသေးစိတ်ကို “ ကော့ခ်ဘဇား ဒုက္ခသည်အရေး အရှုတ်အထွေး” အဖြစ် ယခုလထုတ် “ အကုန်သိ မဂ္ဂဇင်း ” တွင်ရေးသားဖော်ပြထားပြီးဖြစ်ပါသည်။ ။ သတင်းဘာသာပြန်သူ )) 

https://www.channelnewsasia.com/news/asia/bangladesh-troops-accused-rape-rohingya-girl-11967816?cid=FBcna 

0

Leave a Reply

Your email address will not be published.