၁၂-နှစ်အရွယ် ဒုက္ခသည်ဘင်္ဂါလီမိန်းကလေးအား ဘင်္ဂလားဒက်ရှ် စစ်သားများက အဓမ္မပြုကျင့်သည်ဟု စွပ်စွဲမှု စစ်ဖက်အထူးကော်မတီဖွဲ့စည်း။ ကော်မတီတွေ့ရှိချက် ရာဇဝတ်ကြောင်းဖြင့် တရားစွဲဆိုမည်။

 ဘင်္ဂလားဒက်ရှ်နိုင်ငံ ကော့ခ်ဘဇားခရိုင် နယာပရာဒုက္ခသည်စခန်း၌ ခိုလှုံနေသော အသက် ၁၂-နှစ်အရွယ် ဒုက္ခသည်ဘင်္ဂါလီ ( မူရင်း ရိုဟင်ဂျာဟုဖော်ပြ ) မိန်းကလေးကို ဘင်္ဂလားဒက်ရှ်စစ်သားများက အဓမ္မပြု ကျင့်သည်ဟု စွပ်စွဲမှုအား စစ်ဆေးရန် အထူးစုံစမ်းစစ်ဆေးရေးကော်မတီတစ်ရပ်အား ဘင်္ဂလားဒက်ရှ်တပ်မတော်စစ်ဋ္ဌာနချုပ်က ဖွဲ့စည်းလိုက်သည်ဟု ဘင်္ဂလားအခြေစိုက် Dhaka Tribune က ယမန်နေ့ရေးသားသည်။ 

စွပ်စွဲခံရသည့်အတွက် အလွန်လေးနက်အရေးကြီးသည့်ကိစ္စအဖြစ် စစ်ဌာနချုပ်က လက်ခံကြောင်း၊ တပ်ဖွဲ့ဝင်များအနေဖြင့် စွပ်စွဲချက်မှန်ကန်ခဲ့လျှင် စံနမူနာပြအဖြစ် ထိုက်ထိုက်တန်တန်အရေးယူမည်ဖြစ်ကြောင်း ဘင်္ဂလားဒက်ရှ်တပ်မတော် လူထုဆက်ဆံရေးဋ္ဌာနက သတင်းထုတ်ပြန်သည်။ 

လေးနက်အရေးကြီးသည့် ကိစ္စဖြစ်ကြောင်းနှင့် ထွက်ပေါ်လာမည့်ရလာဒ်ကို စိတ်ဝင်စားစွာ စောင့်ကြည့်လျှက်ရှိကြောင်း ဒုက္ခသည်စခန်းအာဏာပိုင်များက ပြောဆိုသည်။ 

ဘင်္ဂလားဒက်ရှ်အစိုးရ၏ ဒုက္ခသည်များအကူအညီပေးရေးနှင့် နေရပ်ပြန်ရေးဆိုင်ရာ မဟာမင်းကြီး ( RRRC ) မာဘတ်အလမ်တာလုခ်ဒါကမူ စုံစမ်းစစ်ဆေးရေးကော်မတီ၏ တွေ့ရှိချက်အတိုင်း ၎င်းအမှု့ကို ( အရပ်ဖက် ) ရာဇဝတ်ကြောင်းကျူးလွန်မှု အဖြစ် တရားစွဲလိမ့်မည်ဖြစ်ကြောင်း ရှင်းပြသည်။ 

စက်တင်ဘာ ၂၉-ရက်နေ့တွင် ဆယ်ကျော်သက် ဒုက္ခသည်ဘင်္ဂါလီမိန်းကလေးအား ဘင်္ဂလားဒက်ရှ်တပ်မတော် ကင်းလှည့်အဖွဲ့ စစ်သား ၃-ဦးက ၎င်းတို့တဲအတွင်း အတင်းအဓမ္မခေါ်ယူ၍ အလိုမတူပဲ သားမယားပြုကျင့်ကြောင်း စွပ်စွဲချက်ထွက်ပေါ်ခဲ့သည်။ 

အခင်းဖြစ်ပွားပြီးနောက် ၎င်းမိန်းကလေးကို ဒုက္ခသည်စခန်းဆေးခန်းတွင် ကနဦးပြုစုပေးပြီး ကော့ခ်ဘဇား ဆဒါဆေးရုံကြီးသို့ လွှဲပြောင်းပေးခဲ့သည်ဟု အမည်မဖော်လိုသူ ဒုက္ခသည်ဘင်္ဂါလီခေါင်းဆောင်တစ်ဦးက ပြောဆိုသည်။ 

မိန်းကလေး၏ လုံခြုံရေးအတွက် စိုးရိမ်လျှက်ရှိကြောင်း မိဘဆွေမျိုးများက ပြောဆိုကြပြီး ဆေးဝါးစောင့်ရှောက်မှု ပိုမိုလိုအပ်လျှက်ရှိကြောင်း သတင်း၌ ဆက်လက်ဖော်ပြသည်။ 

( အခင်းဖြစ်ပွားခြင်းနှင့် နောက်ခံဖြစ်ရပ်အသေးစိတ်ကို Channel News Asia က အောက်တိုဘာ ၄၊ ၂၀၁၉ တွင် ရေးသားခဲ့ရာ ၎င်းနေ့တွင် ကျွန်တော်ဘာသာပြန်ဆို၍ အွန်လိုင်း၌ လွှင့်တင်ခဲ့ပြီးဖြစ်ပါသည်။ 

ကျွန်တော်သိသလောက် မြန်မာ့တပ်မတော်၏ ရာထူး-အဆင့်နှင့် ဖွဲ့စည်းပုံ၊ ရုံးလုပ်ငန်းစဉ်စသည်တို့မှာ ဘင်္ဂလားဒက်ရှ်နည်းတူ ဗြိတိသျှဓနသဟာယနိုင်ငံအတိုင်း ကူးယူလိုက်နာပါသည်။ တပ်မတော်သားတစ်ဦး/တစ်ဖွဲ့က ရာဇဝတ်မှုကျူးလွန်လျှင် စစ်ခုံရုံးဖြင့် စစ်စည်းကမ်းအရစစ်ဆေးအပြစ်ပေးပြီး အရပ်ဖက်တရားရေးသို့ လွှဲပြောင်းပေးသည်။ အရပ်ဖက်တရားရုံးက ထပ်မံ အပြစ်ပေးနိုင်သဖြင့် ပြစ်ဒါဏ် ၂-ကြိမ်ကျခံရသည့်သဘောဖြစ်သည်။    ။ သတင်းဘာသာပြန်သူ ) 

((( အောက်တိုဘာ – ၀၆၊ ၂၀၁၉. Dhaka Tribune, October 5th, 2019,” Army HQ forms probe committee over Rohingya girl’s rape.” ကို #HtayOung, #OungMarine ဆီလျှော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.dhakatribune.com/bangladesh/dhaka/2019/10/05/army-hq-forms-probe-committee-over-rohingya-girl-s-rape?fbclid=IwAR2qGaWFB9bmtlW6aLmXjxLp27gGbeXeqVw4xky7C_8C98H_6W8HbDSbUPc

0

Leave a Reply

Your email address will not be published.