၂၀၀၄-ခုနှစ် ပြင်သစ်ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များအား ဗုံးကြဲသတ်ဖြတ်ခဲ့သည်ဟု အိုင်ဗရီကိုစ့် လေသူရဲဟောင်းများကို ပါရီတရားရုံးက ထောင်တစ်သက် အပြစ်ပေး၊ ၂၀၁၉-ခုနှစ် ပြင်သစ်ဗုံးခွဲခံရပြီးနောက် အာဖရိကအနောက်ပိုင်း၌ ပြင်သစ်စစ်သားများ သေဆုံးခဲ့ရမှုကို ပြန်လည် အစဖော်


လွန်ခဲ့သည့် ဆယ်စုနှစ်နီးပါးက ပြင်သစ်ငြိမ်းချမ်းရေးတပ်သား ၉-ဦးနှင့် အမေရိကန် အကူအညီပေးရေးဝန်ထမ်းများအား ဗုံးကြဲချသတ်ဖြတ်ခဲ့သူ ၃-ဦးကို ပါရီတရားရုံးတော်က ထောင်ဒဏ်တစ်သက်တစ်ကျွန်း ကျခံစေရန် စီရင်ချက် ချမှတ်လိုက်ကြောင်း၊ ပြစ်ဒဏ်ချမှတ်ခြင်းခံရသူတို့မှာ လေသူရဲများဖြစ်ကြသည့် အိုင်ဗရီကို့စ် အမျိုးသား ၂-ဦးနှင့် ဥရောပအရှေ့ပိုင်း ဘီလာရပ်စ်လူမျိုး ကြေးစားစစ်သား ၁-ဦးတို့ဖြစ်သည်ဟု Russia Today (Apr.15,2021) က ရေးသားသည်။

…  
၂၀၀၄-ခုနှစ် တွင် ပြင်သစ်သည် အာဖရိကတိုက်အနောက်ပိုင်းရှိ အိုင်ဗရီကို့စ်နိုင်ငံ၏ လေတပ်အပေါ် စစ်ရေးဖြင့် ရုတ်တရက် ထိုးစစ်ဆင်ရာမှ ပြင်သစ်နှင့် ၎င်း၏ကိုလိုနီဟောင်း အိုင်ဗရီကို့စ်နိုင်ငံအကြား ရက်ပေါင်းများစွာ တိုက်ပွဲများဖြစ်ပွားခဲ့သည်။ ယခုအပြစ်ပေးခံရသူတို့သည် နိုဝင်ဘာ ၆-ရက်နေ့ #ဗွာကေးမြို့အနီး၌ ဗုံးကြဲတိုက်ခိုက်မှုတွင် ပါဝင်ခဲ့သူများဖြစ်ကြောင်း သိရှိရသည်။

…  
တိုက်ခိုက်မှုဖြစ်ပွားပြီး မကြာမီ ၎င်းတို့ ၃-ဦးကို လက်ရဖမ်းဆီးရမိခဲ့သော်လည်း ထွက်ပြေးလွတ်မြောက်သွားခြင်းကြောင့် မျက်ကွယ်၌ အမှုစစ်ဆေးခြင်းခံရသည်။ ဖမ်းဆီးရမိသော #ဘီလားရပ်စ်ကြေးစားစစ်သား_ယူရီ_ဆူရှန်ကီအား အခြားအနောက်အာဖရိကနိုင်ငံတစ်ခုဖြစ်သည့် တိုဂိုအစိုးရ အာဏပိုင်များက ယာယီထိန်းသိမ်းထားစဉ် ဗုံးခွဲအပြီး ၁၀-ရက်အကြာ၌ ၎င်းတို့ထံ လွဲပြောင်းပေးရန် ပြင်သစ်က တောင်းခံခဲ့သည်။ သို့သော် မည်သည့်အတွက်ကြောင့်ဟု မသိရပဲ ပြင်သစ်စုံစမ်းစစ်ဆေးသူတို့က ၎င်းအား ပြန်လွှတ်ပေးခဲ့သည်။ ကြေးစားစစ်သားအား လွှတ်ပေးခြင်းဖြင့် ထိုစဉ်က အိုင်ဗရီကို့စ်နိုင်ငံတွင် ကျန်နေဆဲဖြစ်သော ပြင်သစ် နိုင်ငံ သားများ ကယ်တင်ရန်နှင့် အကာအကွယ်ပေးရာ ရောက်ရှိနိုင်သည်ဟု အာဏာပိုင်များ၏ အကြံပြုခြင်းကြောင့် ဖြစ်သည် ဆို၏။

…    
၂၀၁၉-ခုနှစ် ပြင်သစ်နိုင်ငံတွင် ဗုံးဖောက်ခွဲမှု ဖြစ်ပွားသည့်အခါ အခင်းဖြစ်ရပ်ကို ကိုင်တွယ်ရသည့် အစိုးရအဖွဲ့ဝင် အကြီးတန်းအရာရှိ ၃-ဦးတို့က ၂၀၀၄-ခုနှစ် ဗွာကေးဗုံးကြဲတိုက်ခိုက်မှုအား တရားစွဲဆိုရန် ပျက်ကွက်ခဲ့ခြင်းကို ပြန်လည် အစဖော်ခဲ့ပြီး သံသယရှိသူများအား ဖမ်းဆီး၍ ကြားနာစစ်ဆေးရန် အားထုတ်ခဲ့သည်။ သို့သော် အမှုဖြစ်ပွားခဲ့စဉ် ပိုမိုအရေးပါသော သက်သေများဖြစ်သည့် ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးနှင့် နိုင်ငံခြားရေးဝန်ကြီးတို့က အဆင့်ဆင့် ဘော်လီဘောပုတ်ကာ နောက်ဆုံးတွင် ထိုအမှုအား တရားစွဲတင်ရန် သက်ဆိုင်ရာ တရားရုံးတော်က ငြင်းဆန်ခဲ့သည်။

…    
ဗုံးကြဲမှဖြစ်ပွားချိန်တွင် #အိုင်ဗရီကို့စ်သမ္မတဖြစ်သူ_လော့ရင့်_ဘက်ဘိုက ငြိမ်းချမ်းမှုထိန်းသိမ်းရေး တပ်ဖွဲ့ဝင်များအား တိုက်ခိုက်ရန် အမိန့်ပေးခဲ့သည်ဟု ပြင်သစ်အာဏာပိုင်များက ပြောဆိုသော်လည်း စွပ်စွဲချက်ကို ဘက်ဘိုက ငြင်းဆိုခဲ့သည်။ ဘက်ဘိုသည် ၂၀၁၁-ခုနှစ်တွင် အာဏာလက်လွတ်ဖြစ်ခဲ့ရပြီးနောက် #လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများဖြင့် #သည်ဟိဂ်မြို့_နိုင်ငံတကာ_ရာဇဝတ်တရားရုံး_ICC သို့ ပို့ဆောင် တရားစွဲဆိုခြင်း ခံရသည်။ သို့သော် နောက်ပိုင်းတွင် ဘက်ဘိုအား အမှုမှ ခြွင်းချက်ဖြင့် လွတ်ပေးလိုက်ရပြီး အိုင်ဗရီကို့စ်သို့ ပြန်သွားခွင့်ပြုခဲ့သည်။

…  
သမ္မတဟောင်း ဘက်ဘိုနှင့်အတူ ၎င်း၏ #အလုပ်အကိုင်နှင့်လူငယ့်ရေးရာဝန်ကြီးဟောင်းဖြစ်သူ_ချားလ်ဘဲလ်ဘီ တို့သည် ၂၀၁၀ နှင့် ၂၀၁၁ ခုနှစ် အိုင်ဗရီကို့စ်နိုင်ငံ ရွေးကောက်ပွဲအပြီး လူပေါင်း ၃၀၀၀ ခန့်သေဆုံးခဲ့ရသော အကြမ်းဖက်မှုများနှင့် ပတ်သက်၍ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုဖြင့် တရားစွဲဆိုခံရခြင်း ဖြစ်ပြီး မိခင်တိုင်း ပြည်သို့ မပြန်နိုင်ရန် တားဆီးမိန့် ထုတ်ပြန်ခံခဲ့ရသည်။ ဤသို့ဖြင့် ဘက်ဘိုသည် ICC တွင် စွဲဆိုခြင်းခံရသည့် ပထမဆုံးနိုင်ငံခေါင်းဆောင်ဖြစ်ခဲ့ရသည်။ သို့သော်  အကြမ်းဖက်မှုနှင့် ပတ်သက်၍ ဘက်ဘိုတို့တွင် စွဲချက်တင်ရန် မလုံလောက်ကြောင်း တွေ့ရှိသည်ဟု တရားသူကြီး ၅-ဦးစလုံးကတညီတညွတ်တည်း ဆုံးဖြတ်ခဲ့သည်။

…  
ICC ဆွဲချဥပဒေအရာရှိတို့အနေဖြင့် ဘက်ဘိုတို့ကို အိမ်နီးချင်း တိုင်းပြည်တစ်ခုခုက ၎င်းတို့၏ ပတ်စ်ပို့များအား သိမ်းဆည်းစေပြီး လူကိုထိန်းသိမ်းထားစဉ်အတွင်း ရက်စက်ကြမ်းကြုတ်ခြင်း မရှိကြောင်း စီရင်ချက်အမိန့်ကို အယူခံဝင်ရန် အားထုတ်ခဲ့သော်လည်း ICC က အမှုမှ ကွင်းလုံးကျွတ် လွှတ်ပေးလိုက်သည်။

…  
(( အိုင်ဗရီကို့စ် အဖြစ် နိုင်ငံတကာ မီဒီယာများက ဖော်ညွှန်းသော အာဖရိက အနောက်ဘက်ကမ်းခြေနိုင်ငံ၏ တရားဝင်အမည်မှာ #Kingdom_of_Côte_d’Ivoire #ကို့ဒီဗွား_ဘုရင့်နိုင်ငံတော်ဖြစ်သည်။ အခြားသော အာဖရိကနိုင်ငံများနည်းတူ ဥရောပသားတို့၏ ကိုလိုနီလက်အောက်ခံအဖြစ် မကျရောက်မီကတည်းက ဘုရင့်နိုင်ငံတော်အဖြစ်တည်ရှိခဲ့ဖူးသည်။၂၀၀၉ခုနှစ်တွင် လူဦးရေ သန်း-၂၀ ကျော်မျှသာရှိ၍ အစ္စလာမ်ဘာသာဝင် ၄၃% ၊ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ ၃၄% မျှ နေထိုင်ပြီး ဈေးကွက်စီးပွားရေးစံနစ် လယ်ယာစိုက်ပျိုးရေးနိုင်ငံဖြစ်သည်။

…  
ပြည်တွင်း မငြိမ်သက်မှုများကို အကြောင်းပြုကာ ၁၈၄၄-ခုနှစ်တွင် ပြင်သစ် #ထိန်းသိမ်းစောင့်ရှောက်ခံနိုင်ငံ (protectorate) ဖြစ်ခဲ့ရပြီး ၁၈၉၃ တွင် လုံးလုံးလျားလျား ပြင်သစ်ကိုလိုနီ ဖြစ်သွားခဲ့သည်။ ၁၉၆၀-ခုနှစ် ရောက်မှသာ လွတ်လပ်ရေးရခဲ့သော်လည်း ၁၉၈၀တွင် စီးပွားပျက်ကပ်ကြုံခဲ့ရသည်။ ၁၉၉၉ နှင့် ၂၀၀၁ တွင် အာဏာသိမ်းမှု (၂)ကြိမ်အပြင် ပြည်တွင်းစစ်လည်း ဖြစ်ပွားခဲ့သေးသည်။

၂၀၀၄ -ခုနှစ် နိုဝင်ဘာလ စောစောပိုင်းတွင် လက်နက်ချရန် သူပုန်များက ငြင်းဆန်ခြင်းကြောင့် ငြိမ်းချမ်းရေးသဘောတူညီချက်မှာ လုံး၀ ပြိုကွဲသွားသည်။ ဘက်ဘိုသည် တောင်ပိုင်း ခရစ်ယာန်များ၏ ထောက်ခံမှု ရရှိသူဖြစ်သည်။ #အမျိုးသားညီညွတ်ရေးအစိုးရ Government of national unity ၏ သမ္မတအဖြစ် ဘက်ဘိုသည် မြောက်ပိုင်းမွတ်စလင်အများစု သူပုန်များအား လေကြောင်းမှ ထိုးစစ်ဆင်ရန် အမိန့်ပေးခဲ့ပြီး ကုလငြိမ်းချမ်းရေးတပ်များ ထွက်ခွာသွားရန် တောင်းဆိုခဲ့သည်။ ပြင်သစ်စစ်သား ၉-ဦးသေဆုံးရသော ဗွာကေးမြို့ တိုက်ခိုက်မှု များမှာ မှားယွင်းမှုတစ်ခုဖြစ်ကြောင်း ဘက်ဘိုအစိုးရက ဖြေရှင်းသော်လည်း တမင်ရည်ရွယ်ခြင်းဖြစ်ကြောင်း ပြင်သစ်က စွပ်စွဲခဲ့သည်။ 

ဆိုဗီယက်လုပ် Su-25 ဂျက်တိုက် လေယာဉ် ၂-စီးနှင့် တိုက်ခိုက်ရေးရဟတ်ယာဉ် ၅-စီးသာ ပိုင်ဆိုင်သော အိုင်ဗရီကို့စ်လေတပ်ကို ပြင်သစ်တို့က လုံး၀ ဖျက်ဆီးလိုက်ပြီး #မြို့တော်အက်ဗိုက်ဂျန် တွင် ပြင်သစ်တို့အပေါ် အကြမ်းဖက် လက်တုံ့ပြန် အဓိကရုဏ်းများ ဖြစ်ပွားခဲ့သည်။

…  
(((Russia Today., 15 Apr, 2021,” 3 sentenced to life in prison in absentia by Paris court over 2004 bombing that killed 9 French peacekeepers.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#ပြင်သစ်က_အိုင်ဗရီကို့စ်လေသူရဲများအား_ထောင်ဒဏ်တစ်သက်အပြစ်ပေး

https://www.rt.com/news/521161-france-ivory-coast-peacekeepers-bombing/
https://www.rt.com/news/450346-icc-conditional-release-laurent-gbagbo/
https://www.rt.com/news/372901-ivory-coast-revolt-soldiers/
https://medafricatimes.com/23094-bouake-bombing-trial-three-defendants-sentenced-to-life-imprisonment.html
https://www.npr.org/2019/01/15/685509479/international-criminal-court-drops-war-crimes-charges-against-ex-ivory-coast-lea 

+1

Leave a Reply

Your email address will not be published.